ပြည်တွင်းရွှေဈေးက သည်နေ့မှာ ကျပ် ၈၉၀၀၀၀ ကျော်မှာ ရှိနေပြီးအရောင်းအ၀ယ်ဈေးကွက်မှာက ဆိုင်သမားတွေ၊ပန်းတိမ်သမားတွေအတွက် အခက်အခဲဖြစ်စေတဲ့ အခြေအနေဖြစ်နေပါတယ်။
ရွှေဈေးကအခုလို ဈေးမြင့်တက်နေတာကြောင့် ဈေးကွက်ထဲမှာ ပန်းတိမ်သမားတွေအတွက် အလုပ်ပါးနေပြီး ဆိုင်တချို့ကတော့ ပိတ်ထားတာမျိုးတွေ ပါရှိတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ရွှေဈေးကွက် ကျွမ်းကျင် သူတစ်ဦးက ရွှေဈေးကဒေါ်လာဈေးလည်းတက်နေတာ ကြောင့်ပါ၊ရွှေဈေးကခုတိုင်းသွားနေရင် ၉၀၀၀၀၀ ကိုရောက်ဖို့ သေချာသလောက်ရှိတယ်၊ကမ္ဘာ့ရွှေဈေး ကတော့ ကျနေတာပါပဲ ၊ကမ္ဘာ့ဈေးပါပြန်လှုပ်လာရင် ပြည်တွင်းရွှေဈေးက တက်ဖို့သေချာနေပြီလို့ ပြောပါတယ်။
ဒီနေ့မှာ ပြည်တွင်းရွှေဈေးက ကျပ် ၈၉၃၀၀၀ ၀န်းကျင်မှာ ရှိပြီး ကမ္ဘာ့ရွှေဈေးက ၁၃၁၅ ဒေါ်လာရှိပါတယ်။ငွေဈေးကတော့ ကျပ် ၁၂၇၂ ရှိပါတယ်။
Credit: The Kumudra