ရန်ကုန်မြို့တွင်းဆောက်လုပ်အကောင်အထည်ဖော်လျက်ရှိတဲ့ ကွန်ဒိုတိုက်ခန်းတချို့ရဲ့ လက်တလောပြီးစီးမှုအခြေအနေကို ဖော်ပြပါတယ် ။
Royal Maylikha ကွန်ဒို
အဆိုပါအိမ်ရာစီမံကိန်းကတော့ လက်ရှိမှာ အလုံးစုံလူနေထိုင်ခွင့်ရရှိနေပြီဖြစ်ပြီး ငါးနှစ်အရစ်ကျစနစ်နဲ့ ဧရာဝတီဘဏ်နဲ့ ချိတ်ဆက်ရောင်းချပေးနေတာ ဖြစ်ပါတယ် ။ ရောင်းချမှုမှာ အခန်း ၁၄ ခန်းနဲ့ ပန့်ဟောက်စ်သာ ကျန်တော့တာဖြစ်ပြီး ကနဦးငွေ ၃၀ ရာခိုင်နှုန်းပေးသွင်းရုံနဲ့ အခန်းနေထိုင်ခွင့်တစ်ခါတည်း ရရှိမှာ ဖြစ်ပါတယ် ။
အခန်းတွေကတော့ စတုရန်းပေ ၁၈၀၀ ကနေ စတုရန်းပေ ၆၀၀၀ အထိ ကျယ်ဝန်းတဲ့အခန်းတွေပါဝင်ပြီး ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ ရေကူးကန် ၊ ပန်းခြံ ၊ အားကစားခန်းမ ၊ ကားပါကင် ၊ ဓါတ်လှေကားနှစ်စင်း၊ ၂၄ နာရီလုံခြုံရေးစနစ်နဲ့ generator (automatic system) တို့ပါဝင်ပါတယ် ။ လိပ်စာကတော့ 2A Dubern ပါရမီလမ်း ၊ မရမ်းကုန်းမြို့နယ် ၊ ရန်ကုန်မြို့မှာ ဆောက်လုပ်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ် ။
ဂျန်းရှင်းစီးတီးတာဝါ
အဆိုပါစီမံကိန်းကိုတော့ မြို့တော်စည်ပင်နဲ့ ရွှေတောင်ကုမ္ပဏီတို့က အကျိုးတူ ပူးပေါင်းဆောက်လုပ် အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ၇၅ ရာခိုင်နှုန်းကျော် ဆောက်လုပ်ပြီးစီးနေပြီဖြစ်ပြီး service residence ပါဝင်တဲ့ ဒုတိယ အဆင့်ကိုတော့ လာမယ့် ၂၀၁၉ ခုနှစ်အပြီး တည်ဆောက်သွားမှာ ဖြစ်ပါတယ် ။ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းမှာ ဆောက်လုပ်လျက်ရှိပြီး စတုရန်းမီတာ ၃၄,၀၀၀ ကျယ်ဝန်းပါတယ် ။
စီမံကိန်းကို ၂၀၁၃ ခုနှစ်ကစတင်တာ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ် ။ နိုင်ငံတကာအဆင့်မီ အိမ်ရာစီမံကိန်းတွေနဲ့ တခြားအဆင့်မီ လူနေထိုင်မှုနဲ့ သက်ဆိုင်တဲ့အဆောက်အအုံတွေ ပါဝင်မှာ ဖြစ်ပါတယ် ။
Credit: The Kumudra