ရန်ကုန်မြို့၏ ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများတွင် ပုဂ္ဂလိကပိုင် လုပ်ငန်းများက အစိုးရပိုင်လုပ်ငန်းထက် ရာခိုင်နှုန်း ပိုမိုများပြားသွားပြီဟု ပို့ဆောင်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
ရန်ကုန်မြစ် တစ်လျှောက် ဆိပ်ကမ်းများ၏ ဆိပ်ခံတံတားပိုင် ဆိုင်မှုများ၊ ဆိပ်ကမ်းလုပ်ငန်းများ ကိုင်တွယ်ပြီး ကုန်စည်အတင်အ ချ ၀န်ဆောင်မှုပြုလုပ်နေသည့် လုပ်ငန်းအများစု၏ ၈၀ ရာခိုင်နှုန်းကို ပုဂ္ဂလိက ကုမ္ပဏီများက ဆောင်ရွက်နေခြင်းဖြစ်သည်။
ကျန်ရှိသည့် ၂၀ ရာခိုင်နှုန်း ကိုသာ အစိုးရကပိုင်ဆိုင်ပြီး ဆိပ် ကမ်းများ အဆင့်မြှင့်တင်ခြင်း အပိုင်းကို လက်ရှိတွင် ဦးစားပေး လုပ်ဆောင်နေပြီဖြစ်ကြောင်း ပို့ ဆောင်ရေးဝန်ကြီးဌာနမှ သိရ သည်။ရန်ကုန်တွင် ပုဂ္ဂလိကဆိပ် ကမ်းများဖြစ်သည့် မြန်မာ့စက်မှု ဆိပ်ကမ်း အေးရှားဝေါ၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုဖြစ် သည့် အမှတ်(၁)အလုံ အပြည် ပြည်ဆိုင်ရာ ဆိပ်ကမ်းတို့မှာ ကုန် စည်ဝန်ဆောင်မှုအား အကောင်း ဆုံးဖြစ်ပြီး လုပ်ငန်းလည်ပတ်မှု တွင်လည်း အစိုးရလုပ်ငန်းများ ထက် အားကောင်းနေကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိတစ်ဦးက သုံးသပ် သည်။
‘‘ဆိပ်ကမ်းတွေထဲမှာ အား ကိုးလို့ အရဆုံးကတော့ သီလ ၀ါပဲ။ ဒါပေမဲ့ ရန်ကုန်မြို့နဲ့ ဝေး တော့ သယ်ယူပို့ဆောင်စရိတ်က ပိုကုန်တယ်။ ရန်ကုန်မြို့က ဆိပ် ကမ်းအဟောင်းတွေကို ထပ်ပြီး အဆင့်မြှင့်လိုက်ရင် ပိုအဆင်ပြေ နိုင်တယ်’’ ဟု ကုန်သည်စက်မှု အသင်းချုပ် ဒုဥက္ကဋ္ဌဒေါက်တာ မောင်မောင်လေးက ပြောသည်။
ရန်ကုန်မြို့၏ ဆိပ်ကမ်းအ များစုမှ ကုန်စည်စီးဆင်းမှုမှာ နှစ် စဉ် တိုးတက်နေပြီး လေးနှစ်အ တွင်း သုံးဆကျော် တိုးတက်လာ ကာ နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောကြီးများလည်း ပိုမိုဆိုက် ကပ်လာသည်ဟု ပို့ဆောင်ရေးဝန် ကြီးဌာနက ဆိုထားသည်။
ရန်ကုန်မြို့၏ ဆိပ်ကမ်းများ ထဲတွင် အေးရှားဝေါဆိပ်ကမ်းမှာ ပင်လယ်ကူးသင်္ဘော ဆိုက်ကပ် မှု အများဆုံးဖြစ်ကြောင်း ပို့ ဆောင်ရေးဝန်ကြီးဌာနက ခန့်မှန်း ထားသည်။
ရန်ကုန်၏ ကမ်းနားလမ်း ဧရိယာတွင် ဆိပ်ကမ်းများဖွံ့ဖြိုး တိုးတက်စေရန် ပြီးခဲ့သည့်နှစ်က စတင်ပြီး စစ်တပ်ပိုင်စီးပွားရေး လုပ်ငန်းစုများနှင့် ထိပ်သီးကုမ္ပဏီ အချို့တို့က လုပ်ပိုင်ခွင့် အသီးသီး ကို အစိုးရထံမှ လွှဲပြောင်းရယူ ထားသည်။
ရန်ကုန်ဆိပ်ကမ်းသည် ထီး တန်းကမ်းနားမှ သန်လျက်စွန်းထိ ဆိပ်ခံတံတားပေါင်း ၂၃ စင်းရှိပြီး ကုန်သေတ္တာစခန်းသုံးခု၊ သီလ၀ါ ဆိပ်ကမ်းတွင် ဆိပ်ခံတံတား ကိုးစင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com