အမေရိကန်ပြည်ထောင်စုတွင် နေအိမ်တစ်လုံးပိုင်ဆိုင်ရန်အတွက် ငွေအပုံအပင်ရှိရန် မလိုအပ်ချေ။
အိမ်ခြံမြေ၀ယ်ယူမှုဆိုင်ရာ ငွေချေးကုမ္ပဏီဖြစ်သော HSH.com ၏ ထုတ်ပြန်ချက်တစ်ရပ်အရပစ်စ်ဘာ့ဂ်ျမှာ နေအိမ်ဝယ်ယူရန်အတွက် တန်ဖိုးအသက်သာဆုံးဖြစ်သည်ကိုတွေ့ရသည်။
HSH ၏ ထုတ်ပြန်ချက်တွင် အမေရိကန်ပြည်ထောင်စုတစ်ဝန်းရှိ မြို့ကြီး ၂၇ မြို့ကိုလေ့လာတင်ပြထားခြင်း ဖြစ်သည်။
HSH ၏ စမ်းစစ်ချက်တွက် မူရင်းတန်ဖိုး၊ အတိုးနှုန်း၊ အကောက်ခွန်နှင့် အာမခံကြေးများအပေါ် အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီးအလယ်အလတ်တန်းပေါက်ဈေးရှိနေအိမ်တစ်လုံးကို နှစ် ၃၀ ချေးငွေစနစ်ဖြင့် ၀ယ်ယူမှုကို တွက်ချက်ခြင်း ဖြစ်သည်။
ပစ်စ်ဘာ့ဂ်ျမြို့တွင် အလတ်အလတ်ဈေးနှုန်းရှိနေအိမ်တစ်လုံး ၀ယ်ယူမည့်သူအနေဖြင့် နေအိမ်အတွက် တစ်လလျှင် ကန်ဒေါ်လာ ၇၅၆ (မြန်မာငွေ ၉၄၉၆၆၅ ကျပ်- မှတ်ချက်။ စက်တင်ဘာ ၃၀ ရက်ငွေလဲနှုန်းအရ) ခန့် သုံးစွဲရမည်ဖြစ်သည်။
တစ်နည်းဆိုရလျှင် လူတစ်ဦးသည် နေအိမ်အတွက် လစာဝင်ငွေမှ ၂၈ ရာခိုင်နှုန်းသုံးစွဲမည်ဆိုပါကကန်ဒေါ်လာ ၇၅၆ ကိုနေအိမ်အတွက် သုံးစွဲသူ၏ တစ်နှစ်တာဝင်ငွေမှာ ကန်ဒေါ်လာ ၃၂၃၉၀ နှင့်အထက် ရှိရမည် ဖြစ်သည်။
HSH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရအမေရိကတွင် နေအိမ်ဝယ်ယူရန် ဈေးအသက်သာဆုံးမြို့ကြီး ၅ မြို့မှာ
(၁) ပစ်စ်ဘာ့ဂ်ျ- နေအိမ်အတွက် လစဉ်ပေးဆောင်ရမည့်ငွေ ၇၅၆ ဒေါ်လာ
(၂) ကလိဗ်လန်း- ၈၀၃ ဒေါ်လာ
(၃) စင်စင်နတီ- ၈၆၈ ဒေါ်လာ
(၄) စိန့်လူးဝစ်- ၈၉၀ ဒေါ်လာ
(၅) ဒက်ထရွိုက်- ၈၉၉ ဒေါ်လာတို့ဖြစ်ကြသည်။
ဆန်ဖရန်စစ္စကိုတွင် တစ်လလျှင် ကန်ဒေါ်လာ ၃၇၀၀ ကျော် သုံးစွဲရမည်ဖြစ်ပြီးဆန်ဒီယေဂိုတွင် တစ်လလျှင် ဒေါ်လာ ၂၅၀၀ ကျော် သုံးစွဲရမည်ဖြစ်ပြီးယင်းမှာအဆိုပါဒေသများတွင် အလယ်အလတ်ဈေးရှိနေအိမ်များ ဖြစ်ရာပစ်စ်ဘာ့ဂ်ျနှင့်နှိုင်းယှဉ်လျှင် များစွာကုန်ကျမည် ဖြစ်သည်။
(၁) ပစ်စ်ဘာ့ဂ်ျ
-လစဉ်ကုန်ကျမည့်ငွေ ၇၅၆ ဒေါ်လာ
-နေအိမ်တန်ဖိုး ၁၄၀၅၀၀ ဒေါ်လာ
-ရှိရမည့် နှစ်စဉ်ဝင်ငွေ- ၃၂၃၉၀ ဒေါ်လာ
(၂) ကလိဗ်လန်း
- လစဉ်ကုန်ကျမည့်ငွေ ၈၀၃ ဒေါ်လာ
-နေအိမ်တန်ဖိုး၁၃၈၁၀၀ဒေါ်လာ
-ရှိရမည့် နှစ်စဉ်ဝင်ငွေ- ၃၄၄၃၃ဒေါ်လာ
(၃) စင်စင်နတီ
- လစဉ်ကုန်ကျမည့်ငွေ ၈၆၇ ဒသမ ၅၁ဒေါ်လာ
-နေအိမ်တန်ဖိုး၁၆၀၆၀၀ဒေါ်လာ
-ရှိရမည့် နှစ်စဉ်ဝင်ငွေ- ၃၇၁၇၉ဒေါ်လာ
(၄) စိန့်လူးဝစ်
- လစဉ်ကုန်ကျမည့်ငွေ ၈၈၉ဒသမ၇၃ဒေါ်လာ
-နေအိမ်တန်ဖိုး၁၇၀၃၀၀ ဒေါ်လာ
-ရှိရမည့် နှစ်စဉ်ဝင်ငွေ- ၃၈၁၃၁ဒေါ်လာ
(၅) ဒက်ထရွိုက်
- လစဉ်ကုန်ကျမည့်ငွေ ၈၉၉ ဒသမ၃၁ဒေါ်လာ
-နေအိမ်တန်ဖိုး၁၆၄၂၀၀ဒေါ်လာ
-ရှိရမည့် နှစ်စဉ်ဝင်ငွေ- ၃၈၅၄၁ ဒေါ်လာ
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)