ရန်ကုန်မြို့မှ လိုင်စင် ကန်ထရိုက်တာများ စုပေါင်း၍ တရားဝင်အသင်းအဖြစ် မှတ်ပုံ တင်ရန် စီစဉ်လျက်ရှိရာ အသင်း ၀င် ၅၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် အသင်းအဖွဲ့ စည်းမျဉ်းရေးဆွဲနေပြီး အလုပ်အ မှုဆောင်၃၆ဦးရွေးချယ်နိုင်ရေး အောက်တိုဘာလဆန်း၌
ရွေးကောက်ပွဲကျင်းပရန် ရည်ရွယ်ထားကြောင်း ထွန်းဆောက်လုပ်ရေး လုပ်ငန်းမှကိုဆယ်လိုကပြောသည်။
ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၏ တရား ၀င်စာရင်းများအရ ရန်ကုန်တွင် လိုင်စင်ရကန်ထရိုက်တာ ၉၀၀ ကျော်ရှိသောကြောင့် အသင်း သားအဖြစ် ၀င်ရောက်ရန် ဦးရေ ၄၀၀ ကျော် ကျန်ရှိဦးမည်ဖြစ် သည်။ အလုပ်အမှုဆောင်ရွေး ကောက်ပွဲပြီးပါက အောက်တို ဘာလကုန်တွင် အသင်းအဖွဲ့မှတ်ပုံတင်ပြုလုပ်ရန် ရည်ရွယ်ထား သည်။
အသင်းဖွဲ့စည်းပြီးပါက ဆောက်လုပ်ရေးလောကအတွင်း ကြုံတွေ့နေသော အခက်အခဲများ ကို ပူးပေါင်းဖြေရှင်းခြင်း ပြုလုပ် နိုင်ရန် ယခုအသင်းကို ဖွဲ့စည်း ခြင်းဖြစ်ကြောင်း သိရသည်။
ပြင်ပတွင် ကန်ထရိုက်တာ အရေအတွက်များစွာ ဖြစ်ပေါ်နေ ရခြင်းမှာကန်ထရိုက်လိုင်စင် ကြေးများပြားလွန်းသောကြောင့် လိုင်စင်မရှိဘဲ လုပ်ဆောင်နေသူ များပြားနေပြီး နောက်ပိုင်းတွင် တိုက်ခန်းဈေးကွက် ကျဆင်းလာ၍ နည်းပါးလာကြောင်းအင်ဂျင်နီယာနှင့် အဆောက်အအုံဌာန တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
‘‘ခွင့်ပြုမိန့်မတင်ဘဲ ဆောက် တဲ့အလုံးအရေအတွက် လျော့ကျလာတာကို ကြည့်ရင် အဲဒီလိုလုပ် တဲ့သူတွေ အရေအတွက်လျော့ လာနိုင်တာက သိသာမြင်သာ တယ်’’ဟု တာဝန်ရှိသူကဆိုသည်။
၎င်းတို့ကို အရေးယူရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၌ ပြုစု
ထားသော စာရင်းဇယားများမရှိသော ကြောင့် အရေးယူမည့်အပိုင်းတွင် အခက်အခဲများရှိသည်ဟု ဆို သည်။
Credit: 7Daydaily