စက်ရုံ ၊ အလုပ်ရုံ အလုပ်သမားတွေအတွက် အိမ်ရာစီမံကိန်းတွေ ဖော်ဆောင်ရာမှာ အလုပ်သမားတွေရဲ့ ထည့်ဝင်ရမယ့် ငွေပမာဏကို ပေးဆောင်နိုင်ခြေ ရှိမရှိ စဉ်းစားသုံးသပ်ဖို့ လိုအပ်တယ်လိ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး ဒေါ်ဖြိုးစန္ဒာစိုးက ပြောပါတယ် ။
စက်ရုံ ၊ အလုပ်ရုံ အလုပ်သမားတွေအတွက် အိမ်ရာစီမံကိန်းတွေ ဖော်ဆောင်ဖို့ ၊ စက်မှုဇုန်နဲ့နီးတဲ့နေရာတွေမှာ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တောင်းဆိုထားတယ်လို့ သိရပါတယ် ။ အိမ်ရာတည်ဆောက်ဖို့ လိုအပ်တဲ့ မြေကို အစိုးရက ပေးရမှာဖြစ်တယ် ။
ဥပမာအလုပ်သမားက လှိုင်သာယာစက်မှုဇုန်မှာ အလုပ်လုပ်နေပြီး တခြားမြို့နယ်မှာရှိတဲ့ ဇုန်တွေမှာ လုပ်သားအိမ်ရာ တည်ဆောက်မယ်ဆိုရင် အလုပ်သမားတွေအတွက် အခက်အခဲရှိနိုင်တာကြောင့် စဉ်းစားပေးဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။
အလုပ်သမားတွေအတွက် အိမ်ရာစီမံကိန်းတွေ ဆောင်ရွက်ပြီးစီးတဲ့အခါမှာလည်း ရောင်းချမယ့်ပုံစံနဲ့ ငွေပေးချေရတဲ့ ပုံစံတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို အသေးစိတ်စဉ်းစားပေးဖို့လည်း လိုအပ်ပါတယ် ။
ဒါ့အပြင် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ပြီး ကုန်ကျတဲ့စရိတ်ထက် ရောင်းချမယ့် တန်ဖိုးက အလုပ်သမားတွေအတွက် တတ်နိုင်တဲ့ ပမာဏဖြစ်ဖို့လည်း လိုအပ်တယ်လို့ သိရပါတယ် ။
Credit: The Modern