အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်တစ်ခုတွင် ဖြစ်သည်။
ငှက်လှောင်အိမ်တစ်ခုအတွင်းတွင်ကြက်တူရွေးတစ်ကောင်ရှိနေပြီးစာရွက်တစ်ခုလည်းချိတ်ဆွဲထားသည်ကို တွေ့ရသည်။
အဆိုပါစာရွက်တွင် ရေးသားထားသည်မှာ..
“ဒီကြက်တူရွေးက ကြားသမျှအသံကို ပြန်ပြောနိုင်သည့် ကြက်တူရွေးဖြစ်သည်” ဟု ရေးသားထား၏။
အိသန္တာအောင်က အဆိုပါကြက်တူရွေးကို ၀ယ်ယူသွားပြီး တစ်လနီးပါးခန့် ကြက်တူရွေးရှေ့တွင် စကားသွားပြောသော်လည်း ကြက်တူရွေးက တစ်ခွန်းမျှ ပြန်မပြောချေ။
သို့ဖြင့် အရောင်းဆိုင်သို့ ပြန်သွား၍ ပြောပြရာ ဆိုင်ရှင်က ကြက်တူရွေး၏ အရည်အချင်းနှင့်ပတ်သက်ပြီး လုံးဝလိမ်ညာခဲ့ခြင်း မရှိဟု ဆိုသည်။
အဘယ်ကြောင့်နည်း။
အဖြေကိုမနက်ဖြန်တွင်ဤပို(စ့်)၏အောက်တွင် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။
အဖြေမှာ........
ကြက်တူရွေးမှာ နားမကြားသောကြောင့်ဖြစ်ပါသည် ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)