နိုင်ငံတော် စီမံကိန်းလုပ်ငန်းများကို လုပ်ငန်းပြီးစီးပြီ ၂ နှစ်အတွင်းပျက်စီးမှု ရှိပါက တင်ဒါအောင်မြင်ပြီး လုပ်ငန်းဆောင်ရွက်ခွင့်ရရှိသူမှ ပြန်လည်ပြုပြုပေးရမယ်လို့
ဆောက်လုပ်ရေးဝန်ကြီးဌာနကပြည်ထောင်စု ၀န်ကြီး ဦးဝင်းခိုင်က ယမန်နေ့က
အမျိုးသားလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
မွန်ပြည်နယ်မဲဆန္ဒနယ်က ဦးအေးမင်းဟန်က အစိုးရအနေနဲ့
နိုင်ငံတော်ရဲ့စီမံကိန်းအဆောက်အအုံတွေကို
ဆောက်လုပ်ခွင့်ရရှိတဲ့ ကုမ္ပဏီတွေကို သတ်မှတ်စံချိန်စံညွှန်န်းနဲ့ မကိုက်ညီပါက
အရေးယူခြင်းအစီအစဉ်ရှိ/မရှိ မေးမြန်းရာမှာ ပြည်ထောင်စု
ဝန်ကြီးက ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်တည်ဆောက်လုပ်ငန်းစီမံကိန်းတွေကို ဆောင်
ရွက်ရာမှာလုပ်ငန်းလမ်းညွှန်သတ်မှတ်ချက်များအတိုင်း
ဆောင်ရွက်ဖို့မူဘောင်များ ချမှတ်ပေးထားပြီး သတ်မှတ်လုပ်ငန်းပြီးစီးရမယ့်
ရက်ထက် ကျော်လွန်ပါက လုပ်ငန်းအပေါ်မူတည်ကာ
ဒဏ်ကြေးများ ပေးဆောင်ရမှာ ဖြစ်ပါတယ်။
လုပ်ငန်းဆောင်ရွက်ခွင့်ရ ကုမ္ပဏီတွေအနေနဲ့ သတ်မှတ်
စံညွှန်စံညွှန်း မပြည့်မီတာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ
ဖြစ်ပေါ်လာပါက စာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်
အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ၀န်ကြီးက
ဆက်လက်ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ မီးပွိုင့်များကို Control Center က ထိန်းချုပ်ပြီး
ယာဉ်ကြောရှင်းလင်းရေး လုပ်ဆောင်မယ့် စနစ် အကောင်
အထည်ဖော်ရေးအတွက် လုပ်ကိုင်ခွင့်ရရှိထားတဲ့
ပြည်တွင်း-ပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုမှာ စာချုပ်ပါ
လုပ်ငန်းပြီးစီးရမယ့် သတ်မှတ်ရက်အတွင်း ပြီးစီးခြင်းမရှိတဲ့
အတွက် တစ်ရက်ကိုဒဏ်ကြေး တစ်သိန်း
ပေးဆောင်ရလျက်ရှိပါတယ်။
Credit: SFJ Strategy First