မြေယာ ရင်နှီးမြုပ်နှံသူများအနေဖြင့် ယခင် ရင်နှီးမြုပ်နှံ သည့် နေရာများထက်မြို့သစ်ဧရိယာများ နှင့် မြေကွက်ကျယ်များဘက်သို့ ဈေးကွက် ရွေ့လျားလာသည်ကို တွေ့ရကြောင်း သိရသည်။
"အခု ရင်းနှီးမြုပ်နှံသူတွေက မြို့သစ် ဧရိယာတွေ ၊ မြေကွက်ကျယ် တွေကိုပိုစိတ်ဝင်စားလာတယ်။ နောက်ပိုင်း project ရှိတဲ့ နေရာတွေကိုလည်း စိတ်ဝင် တစား မြုပ်နှံ ကြ တယ်။ ဈေးနှုန်းအရလည်း ရောင်းလို့ ဝယ်လို့ ကောင်း တဲ့ ဈေးအနေအထားမျိုးတွေသွားနေတယ်။ အဓိ က ဖြစ်နေ တဲ့ နေရာတွေကတော့ လေးထောင့်ကန်ဘက်တွေမှာ ဖြစ် တယ်။" ဟု အောင်နိုင်သူ အိမ် ခြံ မြေ အကျိုးဆောင်မှ ဆိုသည်။
လက်ရှိ အိမ် ခြံ မြေ ဈေးကွက်သည် ရွှေ ဒေါ်လာ အစ ရှိ သည့် ရင်း နှီးမြုပ်နှံဖွယ်ရာများနှင့် နှိုင်းယှဉ်ပါက သိသာစွာ ကျဆင်းလျက်ရှိသည်။ "အဓိက က စီးပွားရေးပုံစံနဲပြောရရင် Demand and supply ကြောင့် အရောင်းအဝယ် မဖြစ်တာ ကြာတော့ စိတ်ဝင်စားမှု နည်းတယ်။ နောက်ပြီး ရွှေ ဒေါ်လာ ဒါတွေက ငွေဖော်ရလွယ်တယ်။ နောက်ပြီး ဈေးကွက်မဖြစ်ထွန်းတာကြာတော့ အိမ် ခြံ မြေ ကယုံကြည်မှု အားနည်းနေတဲ့ အချိန်မှာ ဈေးကွက်ရပ်သလိုဖြစ်သွားတာ။လုပ်သင့်တာကတော့ Long plan investment ဖြစ်တဲ့အတွက် စိတ်ရှည်ရ မှာပေါ့" ဟု အိမ် ခြံ မြေ ဝယ်ရောင်းတစ်ဦးမှ ပြောပြသည်။
အိမ် ခြံ မြေ ဈေးကွက် အေးစက်လာခဲ့သည်မှာ တစ်နှစ် ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အငှား မှာ ဈေးကွက်ဖြစ်ထွန်း လျက်ရှိသည်။ လက်ရှိတွင် စီမံကိန်းအသံကြားသည့် နေရာများတွင် ရင်နှီးမြုပ်နှံ ဝယ်ယူသူ များပြားနေကြောင်း စုံစမ်းသိရသည်။
မင်းဝဿ န် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com