မလေးရှား မြို့ပြသာယာရေးနှင့် အိုးအိမ်ဝန်ကြီးဌာနသည် နေအိမ်ဝယ်ယူမည့်သူတို့ကိုဘဏ္ဍာရေးဆိုင်ရာကူညီထောက်ပံ့မှုပေးနိုင်ရန် ရည်ရွယ်၍ ငွေချေးခွင့်လိုင်စင်များ developer တို့ကိုထုတ်ပေးလျက်ရှိကြောင်းမလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
၂၀၁၆ စက်တင်ဘာ ၈ ရက်တွင် ကျင်းပသော ၁၉ ကြိမ်မြောက်အမျိုးသားအိမ်ခြံမြေထိပ်သီးဆွေးနွေးပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ အိုးအိမ်ဝန်ကြီး နိုအိုမာကအဆိုပါအကြောင်းကိုထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ငင်းပေးချေရမည့် ငွေကြေးပမာဏကိုပေးချေရန် အခက်အခဲကြုံနေသည့် နေအိမ်ပထမဆုံးအကြိမ်ဝယ်ယူမည့်သူများကိုအကူအညီပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။
“ဒီအကြောင်းရပ်ကိုအသိအမှတ်ပြုတဲ့အနေနဲ့ ၀န်ကြီးဌာနကနေအရည်အချင်းပြည့်မီတဲ့ developer တွေကိုငွေချေးခွင့်လိုင်စင်တွေ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ တခြားဘဏ္ဍာရေးအင်စတီကျူးရှင်းတွေကနေချေးငွေရဖို့အခက်ကြုံနေတဲ့ ၀ယ်လက်တွေကို ထုတ်ချေးဖို့ အဓိကရည်ရွယ်ပါတယ်”ဟု အိုးအိမ်ဝန်ကြီးကပြောကြားသည်။
ယင်းလိုင်စင်ကို ၁၉၅၁ ခုနှစ်၊ ငွေချေးသူများအက်ဥပဒေနှင့် ၁၉၇၂ ငွေချေးသူများအက်ဥပဒေတို့အောက်တွင် ထုတ်ပေးခြင်းဖြစ်သည်ဟု ၀န်ကြီးကဆိုသည်။
လိုင်စင်ရသောdeveloperတို့အနေဖြင့် ၁၀၀ ရာခိုင်နှုန်းထုတ်ချေးခွင့်(သို့မဟုတ်) ရာခိုင်နှုန်းအချို့သာထုတ်ချေးခွင့် ခွင့်ပြုထားသည်။
ဥပမာအားဖြင့် ၀ယ်လက်တစ်ဦးသည် လက်ငင်းပေးချေရမည့်ငွေအတွက် ၁၀ ရာခိုင်နှုန်းသာပေးချေနိုင်ပြီးကျန် ၇၀ ရာခိုင်နှုန်းကိုဘဏ်တစ်ခုမှ ချေးယူမည်ဆိုပါက အဆိုပါဝယ်လက်သည် developer ထံတွင် ကျန် ၂၀ ရာခိုင်နှုန်းအတွက် ချေးငွေလျှောက်ထားနိုင်မည်ဖြစ်သည်ဟုဆိုသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)