၂၀၁၆ ခုနှစ်အတွင်းအမေရိကတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ်အသက်မွေးရန် အကောင်းဆုံးနှင့် အဆိုးဆုံးမြို့များစစ်တမ်းတွင် နာမည်ကျော် မီယာမီမှာအဆိုးဆုံး ၂၀ စာရင်းတွင် ပါဝင်လျက်ရှိ

၂၀၁၆ ခုနှစ်အတွင်းအမေရိကတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ်အသက်မွေးရန် အကောင်းဆုံးနှင့် အဆိုးဆုံးမြို့များစစ်တမ်းတွင် နာမည်ကျော် မီယာမီမှာအဆိုးဆုံး ၂၀ စာရင်းတွင် ပါဝင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
9 Sep 2016 11:25 am တွင် တင်ခဲ့သည်
544 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန်ဒီစီအခြေစိုက် သုတေသနစစ်တမ်းအဖွဲ့က၂၀၁၆ ခုနှစ်အတွင်းအမေရိကတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ်အသက်မွေးရန် အကောင်းဆုံးနှင့် အဆိုးဆုံးမြို့များစာရင်းကိုသုတေသနပြု ထုတ်ပြန်လိုက်ရာနာမည်ကျော် အပန်းဖြေမြို့မီယာမီနှင့် ချီကာဂိုမြို့ကြီးများမှာအောက်ဆုံးတွင် ရပ်တည်ကာအိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်ရန် အဆိုးဆုံးမြို့ ၂၀ စာရင်းတွင် ပါဝင်လျက်ရှိနေသည်ကို တွေ့ရသည်။
အိမ်ခြံမြေဆိုလျှင် နေအိမ်ဝယ်ယူ၊ ငှားရမ်းနေထိုင်မည့်သူများသာလျှင် အလေးထားအာရုံစိုက်ကြသည်မဟုတ်ဘဲအိမ်ခြံမြေအကျိုးဆောင်တို့သည်လည်းလုပ်ငန်းအခြေစိုက်ရာနေရာကိုအလေးပြုရန်လိုအပ်ကြောင်းမီးမောင်းထိုးပြသလိုက်ခြင်းလည်း ဖြစ်သည်။

အဆိုပါစစ်တမ်းတွင် အမေရိကန်ပြည်ထောင်စုရှိလူဦးရေထူထပ်သည့် မြို့ကြီးပေါင်း ၁၅၀ ကို နှိုင်းယှဉ်ဖော်ပြထားသည်။
မြို့ကြီးများ၏ အိမ်ခြံမြေလုပ်ငန်းအခြေအနေကိုတွက်ချက်ရာတွင် အဓိကအားဖြင့် အချက် ၂ ခုအပေါ် အခြေခံထားရာ
(၁) အလုပ်အကိုင်အခွင့်အလမ်း၊ ယှဉ်ပြိုင်နိုင်စွမ်း
(၂) အိမ်ခြံမြေဈေးကွက် နွေးထွေး/အေးစက်မှု အခြေအနေတို့အပေါ် အခြေခံတွက်ချက်ခြင်းဖြစ်သည်။
အဆိုပါအဓိကနှစ်ချက်အပြင် အခြားအချက် ၁၃ ချက်ကိုလည်း နှိုင်းယှဉ်သုံးသပ်ခဲ့သည်ဟုဆိုသည်။

ယင်းစစ်တမ်းအရ၂၀၁၆ ခုနှစ်အတွင်းအမေရိကတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ်အသက်မွေးရန် အကောင်းဆုံးထိပ်တန်း ၃ မြို့မှာ
(၁) ဒင်ဗာ (ကော်လိုရာဒိုပြည်နယ်၏ မြို့တော်)
အဆင့် ၁၊ စုစုပေါင်းရမှတ်- ၅၇ ဒသမ ၇၀ မှတ်
(၂) အားဗိုင်း (ကယ်လီဖိုးနီးယားပြည်နယ်)
အဆင့် ၂၊ စုစုပေါင်းရမှတ်- ၅၅ ဒသမ ၃၈ မှတ်
(၃) ဆီယက်တဲလ် (၀ါရှင်တန်ပြည်နယ်၏ အကြီးမားဆုံးမြို့)
အဆင့် ၃၊ စုစုပေါင်းရမှတ်- ၅၄ ဒသမ ၂၄ မှတ်
အိမ်ခြံမြေအကျိုးဆောင်အဖြစ်အသက်မွေးရန် အဆိုးဝါးဆုံး ၃ မြို့မှာ
(၁) ဖေးယက်ဗေးလ် Fayetteville (မြောက်ကယ်ရိုလိုင်းနားပြည်နယ်)
အဆင့် ၁၄၈၊ စုစုပေါင်းရမှတ်- ၂၄ ဒသမ ၈၃ မှတ်
(၂) ကိုလံဘတ်စ် (ဂျော်ဂျီယာပြည်နယ်)
အဆင့် ၁၄၉၊ စုစုပေါင်းရမှတ်- ၂၃ ဒသမ ၆၄ မှတ်
(၃) ဒက်ထရွိုက် (မီချီဂန်ပြည်နယ်)
အဆင့် ၁၅၀၊ စုစုပေါင်းရမှတ်- ၂၁ ဒသမ ၆၇ မှတ် တို့ ဖြစ်ကြသည်။
အမေရိက၏ အိမ်ခြံမြေလောကတွင် နာမည်ကျော်လျက်ရှိသောလော့စ်အိန်ဂျလိနှင့် နယူးယောက်မြို့ကြီးများမှာအဆင့် ၅၀ ၀န်းကျင်တွင်သာ ရပ်တည်လျက်ရှိရာနယူးယောက်မှာရမှတ် ၄၂ ဒသမ ၇၇ မှတ်ဖြင့် အဆင့် ၄၉ နေရာတွင် ရပ်တည်နေပြီးလော့စ်အိန်ဂျလိမှာရမှတ် ၄၂ ဒသမ ၀၂ မှတ်ဖြင့် အဆင့် ၅၄ နေရာတွင်ရပ်တည်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
၂၀၁၆ ခုနှစ်အတွင်းအမေရိကတွင် အိမ်ခြံမြေအကျိုးဆောင်အဖြစ်အသက်မွေးရန် အကောင်းဆုံးနှင့် အဆိုးဆုံးမြို့များစစ်တမ်းတွင် နာမည်ကျော် မီယာမီမှာအဆိုးဆုံး ၂၀ စာရင်းတွင် ပါဝင်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

Magical World Apartment
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service