စင်ကာပူ အိမ်ခြံမြေလုပ်ငန်းဖော်ဆောင်သူ ကုမ္ပဏီ Keppel Land ဟာမြန်မာနိုင်ငံက ရွှေတောင်လုပ်ငန်းစုနဲ့ လုပ်ငန်းသဘောတူညီမှုတစ်ရပ်ချုပ်ဆိုပြီး
ရန်ကုန်မှာရှိတဲ့ Junction Cityအကောင်အထည်ဖော်မှု ဒုတိယအဆင့်အနေနဲ့ အဆင့်မြင့် လူနေအိမ်ယာတွေနဲ့ ရုံးခန်းတွေကို တည်ဆောက်သွားတော့မှာဖြစ်တယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၄၈ ဒသမ ၆ သန်း (စင်ကာပူဒေါ်လာ၆၅ ဒသမ ၄ သန်း) ရှိပြီး အလုံးစုံအပြည့်အစုံပါရှိမယ့် လူနေတိုက်ခန်း
အိမ်ယာတွေနဲ့ ရုံးခန်းနေရာဖော်ဆောင်မှုလုပ်ငန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုရယူပြီး Keppel Land က လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ယင်းလူနေအိမ်ယာတွေမှာဆိုရင် အလုံးစုံ မွမ်းမံထားပေးမယ့်
တိုက်ခန်းတွေနဲ့ ရုံးခန်းနေရာတွေနဲ့ ထည့်သွင်းဖွဲ့စည်းသွားမှာဖြစ်ပါတယ်။
" မြန်မာနိုင်ငံရဲ့ ရှေ့ကာလတွေမှာ ဖြစ်ထွန်းရရှိလာမယ့် အလားအလာကောင်းတွေအပေါ် ကျွန်တော်တို့ ယုံကြည်မှုအပြည့်ရှိပါတယ်၊ နိုင်ငံဖွံ့ဖြိုး
တိုးတက်ဖို့ လုပ်ဆောင်တဲ့နေရာမှာ ကျွန်တော်တို့လည်း ပါဝင်လုပ်ဆောင်သွားမှာဖြစ်ပါတယ်" လို့ Keppel Land ရဲ့ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
ဥက္ကဌ Mr Ng Ooi Hooi က ပြောပါတယ်။
"ရန်ကုန်မြို့ဟာဆိုရင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊
နိုင်ငံပေါင်းစုံအခြေစိုက် ကုမ္ပဏီကြီးတွေကို ဆက်လက်ဆွဲဆောင်ဖိတ်ခေါ်နေလျက်
ရှိပါတယ်၊ ကျွန်တော်တို့ရဲ့ ဖော်ဆောင်မယ့် အိမ်ယာတိုက်ခန်းစီမံကိန်းဟာလည်း အရည်အသွေးပြည့် အိမ်ယာအဆောက်အအုံနဲ့ စီးပွားရေး
အဆောက်အအုံတွေအတိုင်း ဖြည့်ဆည်းပေးနိုင်
မှာဖြစ်ပါတယ်" လို့လည်း၎င်းက ဆိုပါတယ်။
Junction City ဟာဆိုရင် ရန်ကုန်မြို့ရဲ့ အချက်အချာနေရာမှာ တည်ရှိပြီး
တော့ ယင်းမှာ ရုံးခန်းတွေ၊ Pan Pacific ဟိုတယ်၊ လက်လီနဲ့ ဖျော်ဖြေရေးစင်တာတစ်ခု နဲ့ လူနေအိမ်ယာတွေ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ယင်း Junction City အကောင်အထည်ဖော်မှု ဒုတိယအဆင့်တည်ဆောက်မှုတွေကိုတော့ လာမယ့် ၂၀၁၈ မှာ စတင်နိုင်မယ်လို့မျှော်လင့်ရပါတယ်။
ယခုတစ်ကြိမ်ပူးပေါင်းမှုဟာ ကုမ္ပဏီနှစ်ခုအတွက် ဒုတိယအကြိမ်လည်းဖြစ်ပါတယ်။ ယခင် Junction City ပထမအဆင့်မှာလည်း အထပ်ပေါင်း
၂၃ ထပ်ရှိ Junction City tower ကိုလည်း ယင်းတို့ အကောင်အထည်ဖော်ထားခဲ့ပါသေးတယ်။
Credit: SFJ Strategy First Journal