မြေရှင်ထံ ပြန်လည် လွှဲပြောင်းပေးထားသော ပြည်သူပိုင်သိမ်း တိုက်ခန်းကို ၀ယ်မည်ဆိုလျှင်

မြေရှင်ထံ ပြန်လည် လွှဲပြောင်းပေးထားသော ပြည်သူပိုင်သိမ်း တိုက်ခန်းကို ၀ယ်မည်ဆိုလျှင် - Property News in Myanmar from iMyanmarHouse.com
9 Sep 2016 10:04 am တွင် တင်ခဲ့သည်
2268 ကြိမ် ကြည့်ရှု့ပြီး
'အိုးအိမ်ဦးစီးဌာနက နေထိုင်ခွင့်ပြုထားတဲ့ တိုက်ခန်းကို ဝယ်ရင် တရားဝင် ပိုင်ဆိုင်ခွင့် ရပါသလား'' ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေး လာပါသည်။

''အဲဒီလို တိုက်ခန်းမျိုး ရှိသေးလို့လား၊ အရင်ကတော့ အစိုးရက ပြည်သူပိုင်သိမ်းထားတဲ့ တိုက်ခန်းတွေလို့ ပြောဆိုကြတာဖြစ်တယ်။ မြေပိုင်ရှင်က အိုးအိမ်ဦးစီးဌာနပိုင် မြေလား''

''မြေပိုင်ရှင်က သီးခြားရှိတယ်။ ပုဂ္ဂလိကပိုင် မြေပဲ''

''အိုးအိမ်ဦးစီးဌာနက နေထိုင်ခွင့်ပြုထားတဲ့ တိုက်ခန်းဆိုရင်တော့ လွှဲပြောင်းရောင်းချပိုင်ခွင့် မရှိဘူး။ မဝယ်တာ အကောင်းဆုံးပဲ''

''မြေပိုင်ရှင်ကို ပြန်ပေးထားတဲ့ အခန်းလို့လည်း ပြောတယ်''

''ဟုတ်တယ်။ ပြည်သူပိုင် သိမ်းထားတယ်ဆိုတဲ့ အဆောက်အအုံတစ်ခုလုံးကို ဖြစ်စေ၊ တိုက်ခန်းကို ဖြစ်စေ၊ ပိုင်ရှင်ကို ပြန်လည်ပေးအပ်ထားတာတွေလည်း ရှိတယ်''

''အဲဒါမျိုးဆိုရင် မြေရှင်က ပြန်လည်ပိုင်ဆိုင်ခွင့် ရသွားပြီလား''

''ဥပဒေအရဆိုရင်တော့ မြေပိုင်ရှင်က အဆောက်အအုံ ဒါမှမဟုတ် တိုက်ခန်းကို ပြန်လည်ပိုင်ဆိုင်ခွင့် ရသွားတယ်လို့ ပြောရမယ်''

''ဒါဆိုရင် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်ရမှ ရောင်းချခွင့် ရှိတော့မယ့် သဘောပေါ့၊ ဒီလိုလား၊ မူလနေထိုင်တဲ့ သူက ဆင်းပေးရမှာလား''

''ပိုင်ရှင်ပြောင်းသွားရုံနဲ့ ဆင်းပေးစရာ မလိုပါဘူး။ ဒါပေမယ့် လွှဲပြောင်းရောင်းချခွင့်တော့ ခက်ခဲမှာ ဖြစ်တယ်''

''အပျောက်စနစ်နဲ့ လွှဲပြောင်းရောင်းချခွင့် မရှိဘူးလား''

''မြေပိုင်ရှင်နဲ့ သဘောတူညီချက် ရယူပြီး ရောင်းချရင်တော့ အဆင်ပြေမှာ ဖြစ်တယ်။ မြေပိုင်ရှင်ရဲ့ သဘောတူညီချက်မရှိဘဲ မိမိသဘောနဲ့ ရောင်းမယ်ဆိုရင်တော့ ကန့်ကွက်တာတွေ ပေါ်လာနိုင်တယ်''

''တိုက်ခန်းတွေကို အပျောက်ငွေပေးစနစ်နဲ့ ရောင်းချလွှဲပြောင်းရင် မြေရှင်ရဲ့ သဘောတူညီချက် ရယူဖို့ မလိုဘဲ လွတ်လပ်စွာ ရောင်းချခွင့်ရှိတယ်လို့ သိထားတော့ နည်းနည်းလွဲမနေဘူးလား''

''မြေပိုင်ရှင်ထံ အိမ်လခပေးနေတဲ့ တိုက်ခန်းပိုင်ရှင်တွေ အနေနဲ့ကတော့ မိမိတိုက်ခန်းကို လွတ်လပ်စွာ ရောင်းချပိုင်ခွင့် ရှိတယ်။ တိုက်ခန်းလွှဲပြောင်းဝယ်သူက မြေပိုင်ရှင်နဲ့ သဘောတူညီချက် စာချုပ်ချုပ်ဆိုပြီး အိမ်လခ ဆက်လက်ပေးသွင်းရမှာ ဖြစ်တယ်။ ဒီနေရာမှာ တိုက်ခန်းဝယ်သူအမည်ပေါက်ဖို့ တိုက်ခန်းကို လွှဲပြောင်းရောင်းချသူက အမည်ပြောင်းခအဖြစ် မြေရှင်ထံ နှစ်ဖက်သဘောတူ သတ်မှတ်ထားတဲ့ နှုန်းထားနဲ့ ငွေကြေး ပေးကြရတယ်။ ဒါပေမယ့် ပြည်သူပိုင် သိမ်းထားလို့ ပြန်အပ်တဲ့တိုက်ခန်းမျိုးကတော့ ဒီသဘောမဟုတ်ဘူး''

''တိုက်ခန်းအမျိုးအစား အတူတူပဲ၊ သူလည်း လွှဲပြောင်းရောင်းချခွင့် ရှိရမှာပေါ့''

''အိုးအိမ်ဦးစီးဌာနက ချပေးတဲ့ တိုက်ခန်းတွေဟာ အိမ်ငှားအဖြစ် သတ်မှတ်ချပေးထားတာ ဖြစ်တယ်။ တိုက်ခန်းပိုင်ရှင်အဖြစ် ချပေးထားတာ မဟုတ်ဘူး။ အိုးအိမ်ဦးစီးဌာန စည်းကမ်းချက်တွေ၊ သတ်မှတ်ချက်တွေကို လိုက်နာရတယ်။ သတ်မှတ်ထားတဲ့ ငှားရမ်းခ (အိမ်လခ) ကိုလည်း အိုးအိမ်ဦးစီးဌာနကို ပေးသွင်းရတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပါမယ်လို့ ဝန်ခံကတိ လက်မှတ်ထိုးပြီး နေထိုင်ခွင့်လက်မှတ် ထုတ်ပေးတာ ဖြစ်တယ်''

''မြေပိုင်ရှင်ကို ပြန်လည်လွှဲပြောင်းပေးပြီးမှတော့ အိုးအိမ်ဦးစီးဌာနက သတ်မှတ်ချက်တွေကို လိုက်နာဖို့ လိုသေးလို့လား''

''အေး၊ ဒီအချက်က ဥပဒေ ပြဿသာနာလို့ ဆိုရမှာပဲ''

''ဗဟုသုတအဖြစ် ရှင်းပြပါဦး သူငယ်ချင်း''

''အငှားချထားသူက အငှားချထားတဲ့ ပစ္စည်းကို တစ်ဦးတစ်ယောက်ထံ လွှဲပြောင်းပေးခဲ့ရင် လွှဲပြောင်းပေးတဲ့ ပစ္စည်းနဲ့ ပတ်သက်လို့ အငှားချထားတဲ့သူရဲ့ အခွင့်အရေးအားလုံးဟာလွှဲပြောင်းလက်ခံသူထံ
ရောက်ရှိသွားတယ်လို့ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေမှာ ပြဋ္ဌာန်းထားတယ်''

''ဒါဆိုရင် အိုးအိမ်ဦးစီးဌာနက မြေပိုင်ရှင်ကို လွှဲပြောင်းပေးလိုက်ပြီဆိုတော့ ဒီတိုက်ခန်းကို မြေပိုင်ရှင်ပိုင် ဖြစ်သွားပြီပေါ့''

''မှန်တာပေါ့။ ဒါကြောင့် အိုးအိမ်ဦးစီးဌာနက အိမ်ငှားအဖြစ် ထားရှိတဲ့သူဟာအိမ်ရှင်ပြောင်းသွားတဲ့အတွက် မြေပိုင်ရှင်ရဲ့ အိမ်ငှားအဖြစ်ဥပဒေသဘောအရ ရောက်ရှိသွားမှာဖြစ်တယ်''

''အိမ်လခကို မြေရှင်ကို ပေးရမှာပေါ့နော်''

''မှန်တာပေါ့။ အရင်က အိုးအိမ်ဦးစီးဌာနမှာ အိမ်လခ သွင်းနေရပေမယ့် အခုတော့ မြေရှင်ထံ ပေးရမှာဖြစ်တယ်။ ဒါတင် မကဘူး။ အိုးအိမ်ဦးစီးဌာနနဲ့ သဘောတူထားတဲ့ အချက်တွေကလည်း မြေရှင်နဲ့ သဘောတူထားတဲ့ စည်းကမ်းတွေအဖြစ်ဥပဒေသဘောအရ ရောက်ရှိသွား
တယ်''

''မြေရှင်နဲ့ သီးခြားထပ်မံပြီး ကတိစာချုပ် ချုပ်မယ်ဆိုရင် အိုးအိမ်ဦးစီးဌာနနဲ့ ချုပ်ဆိုထားတဲ့ စည်းကမ်းတွေ ပျက်ပြယ်သွားသလား''

''အေး- မြေရှင်နဲ့ ထပ်မံပြီး အိမ်ရှင်၊ အိမ်ငှားစာချုပ်အသစ် ချုပ်မယ်ဆိုရင်တော့ မူလစည်းကမ်းချက်တွေက ပျက်ပြယ်ပြီး မြေရှင်နဲ့ ချုပ်တဲ့ စာချုပ်ပါ စည်းကမ်းအတိုင်း လိုက်နာရမှာ ဖြစ်တယ်''

''အဲဒီ မြေရှင်နဲ့ ချုပ်တဲ့ စာချုပ်မှာ တိုက်ခန်းကို ရောင်းချခွင့် ပြုမယ်ဆိုရင်တော့ ရောင်းချ
လွှဲပြောင်းခွင့် ရသွားမှာပေါ့''

''မှန်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဗိုလ်မှူး ဇော်လင်းပါ နှစ်ဦးနဲ့ ဒေါ်စိန်တီ ၂ဝဝဝ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၈၉ စီရင်ထုံးမှာ၊ အိုးအိမ်ဦးစီးဌာနက ဗိုလ်မှူး ဇော်လင်းကို အချင်းဖြစ် တိုက်ခန်းမှာ အိမ်ငှားအဖြစ် ငှားချထားခဲ့တယ်။ နောက်ပိုင်းမှာ အချင်းဖြစ် တိုက်ခန်းကို မြေပိုင်ရှင် ဒေါ်စိန်တီအား ပြန်လည်
လွှဲပြောင်းပေးကြောင်း အိုးအိမ်ဦးစီးဌာနက စာထုတ်ခဲ့တယ်။ ဗိုလ်မှူး ဇော်လင်းထံလည်း အကြောင်းကြာစေ ပေးပို့ခဲ့ပြီး၊ အိမ်လခများကို ဒေါ်စိန်တီထံ လွှဲပြောင်းပေးသွင်းဖို့ ညွှန်ကြားခဲ့တယ်။ ဗိုလ်မှူး ဇော်လင်းကလည်း အိမ်လခတွေကို ဒေါ်စိန်တီထံ ဆက်ပေးသွင်းခဲ့တယ်။

အိုးအိမ်ဦးစီးဌာနနဲ့ ဗိုလ်မှူး ဇော်လင်းတို့ရဲ့ ကတိစာချုပ်မှာ အိမ်ရှင်၏ ခွင့်ပြုချက်မရဘဲ အိမ်ခန်းတစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ ထပ်ဆင့် ငှားရမ်းခြင်းမပြုရ လို့ သဘောတူညီချက် ပါရှိတယ်။

ဗိုလ်မှူး ဇော်လင်းက တိုက်ခန်းကို အခန်း ၃ ခန်း ကန့်ပြီး ထပ်ဆင့် အငှားချထားတယ်။ ဒေါ်စိန်တီက ပဋိညာဉ်ဖောက်ဖျက်တယ်ဆိုပြီး ဗိုလ်မှူး ဇော်လင်းအပေါ် အိမ်နှင်လိုမှုနဲ့ တရားစွဲဆိုတယ်။ တရားရုံးချုပ်က ဒေါ်စိန်တီနဲ့ ဗိုလ်မှူး ဇော်လင်းတို့ အိမ်ရှင်အိမ်ငှား သီးခြားစာချုပ် ချုပ်ဆိုထားခြင်း မရှိတဲ့အတွက် မူလငှားရမ်းထားတဲ့ အိုးအိမ်ဦးစီးဌာနရဲ့ သဘောတူညီချက်ဟာ မပျက်ပြယ်ဘဲ အိုးအိမ်ဦးစီးဌာနရဲ့ လုပ်ပိုင်ခွင့်အားလုံး ဒေါ်စိန်တီထံ ရောက်ရှိသွားပြီဖြစ်လို့ ဒေါ်စိန်တီစွဲဆိုတဲ့အတိုင်း အနိုင်ဒီကရီ ချပေးခဲ့တယ်''

''ဒါဆိုရင် အခုဝယ်မယ့် တိုက်ခန်းကို မြေရှင်က ရောင်းပိုင်ခွင့် ပေးထား၊မထား စုံစမ်းရမှာပေါ့''

''မှန်ပါတယ်။ မြေရှင်နဲ့ တိုက်ခန်းနေထိုင်သူတို့ သီးခြားစာချုပ် ချုပ်ဆိုထားခြင်း ရှိ၊မရှိ၊ ရှိမယ်ဆိုရင် ရောင်းပိုင်ခွင့်ပေးထားခြင်း ရှိ၊မရှိ စုံစမ်းပြီး ရောင်းပိုင်ခွင့်ရှိမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု အကြံပြု ဆွေးနွေးလိုက်ပါသည်။

Credit: ဈေးကွက်ဂျာနယ်

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
သြစတေးလျမှ ရုက္ခဗေဒဥယျာဉ်များတွင် ၄ ပေကျော်မြင့်မားသော လူသေကောင်ပန်းပွင့်များ ၁၅ နှစ်တာအတွင်း ပထမဆုံးအကြိမ် ပန်းပွင့်လာရ
Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service