အမေရိက၏ သက်တမ်းအရင့်ဆုံး နာမည်ကျော်ဘီယာ ယင်းလင်ပိုင်ရှင်ဘီလျံနာပိုင် ဖလော်ရီဒါရှိ ကမ်းခြေနေအိမ်ကြီး လေလံပွဲတွင် ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းထွက်

အမေရိက၏ သက်တမ်းအရင့်ဆုံး နာမည်ကျော်ဘီယာ ယင်းလင်ပိုင်ရှင်ဘီလျံနာပိုင် ဖလော်ရီဒါရှိ ကမ်းခြေနေအိမ်ကြီး လေလံပွဲတွင် ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
8 Sep 2016 11:06 am တွင် တင်ခဲ့သည်
1380 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စုတွင် နာမည်ကျော်ဘီယာဖြစ်သော ယင်းလင်ဘီယာထုတ်လုပ်သူ ပိုင်ရှင် ဒစ်ခ် ယင်းလင်ပိုင် ဖလော်ရီဒါပြည်နယ်ရှိ ကမ်းခြေနေအိမ်ကြီးတစ်လုံးသည် PlatinumLuxuryAuctions လေလံအဖွဲ့မှ ပြုလုပ်သော
လေလံပွဲတွင် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် ရောင်းထွက်သွားကြောင်းနယူးယောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဘီယာအမည်မှာ တည်ထောင်သူ၏ မျိုးရိုးအမည်ကိုပေးထားခြင်းဖြစ်ပြီး ဂျာမာန်ဘာသာတွင် လုလင်ပျိုဟု အဓိပ္ပာယ်ရသည်။
ကုမ္ပဏီအမည်မှာ D. G. Yuengling & Son ဖြစ်ပြီး အမေရိကတွင် သက်တမ်းအရင့်ဆုံးဘီယာကုမ္ပဏီဖြစ်ပြီး ၁၈၂၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ဒစ်ခ်ယင်းလင်၏ အမည်ရင်းမှာ ရစ်ချတ်ယင်းလင်ဂျူနီယာဖြစ်ပြီး ယင်းလင်ဘီယာလုပ်ငန်း၏ ပဉ္စမမြောက်မျိုးဆက် ဖြစ်သည်။
ယင်းလင်ကုမ္ပဏီသည် နှစ်စဉ်ဘီယာစည်ပေါင်း ၂ ဒသမ ၈ သန်းထုတ်လုပ်ပြီး ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ အချက်အလက်များအရ ဒစ်ခ်ယင်းလင်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၈၇ ဘီလီယံ ဖြစ်သည်။

ဒစ်ခ်ယင်းလင်သည် ဇနီးဖြစ်သူနှင့်ကွာရှင်းထားပြီး လက်ရှိတွင် သမီး ၄ ဦးနှင့်အတူ ဘီယာစက်ရုံတည်ရှိရာ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ပေါ့စ်ဗီလီတွင် နေထိုင်လျက်ရှိကာ သမီး ၂ ဦးမှာ ယင်းလင်ကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်လျက်ရှိသည်။
လေလံတင်ရောင်းချခဲ့သည့်နေအိမ်ကြီးမှာ ဖလော်ရီဒါရှိ ကမ်းခြေတွင်တည်ရှိပြီး ဒစ်ခ်ယင်းလင်နေထိုင်ရန်အတွက် ဆောက်လုပ်ခဲ့ခြင်း
ဖြစ်သည်။

ယင်းနေအိမ်ကြီးကို လေလံတင်ရာတွင် ၀င်ရောက်လေလံဆွဲသူ ၉ ဦးရှိခဲ့ပြီး တိုက်ပွဲအလွန်ပြင်းထန်ခဲ့သည်ဟု မီယာမီအခြေစိုက် လေလံကုမ္ပဏီဖြစ်သော Platinum Luxury Auctions မှ ဥက္ကဌဖြစ်သူ ထရာယာ လက်စ်နော့ခ်က ပြောကြားသည်။
လေလံဆွဲ ၀ယ်ယူရရှိသွားသူမှာ နယူးယောက်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူ၏နေအိမ်သစ်အဖြစ်အသုံးပြုရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

အဆိုပါနေအိမ်ကြီးကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီး ကြမ်းခင်းဧရိယာ ၁၁၈၀၀ စတုရန်းပေ ရှိသည်။အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်း ပါဝင်သည်။
နေအိမ်ရှေ့ရှိ ရွက်လှေဆိုက်ကပ်ရာ ဆိပ်ခံတွင် ပေ ၁၄၀ ရှည်လျားသည့် ရွက်လှေတစ်စင်းနှင့် အငယ်စား၊ အလတ်စား ရွက်လှေများစွာ ဆိုက်ကပ်နိုင်သည်ဟု ဆိုသည်။
ယင်းနေအိမ်ကြီးကို အရောင်းဈေးကွက်သို့ တင်ပို့ထားခဲ့သည်မှာ ၄ နှစ်ရှိခဲ့ပြီဖြစ်ပြီး ယခင်ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၀ သန်း ဖြစ်သည်။
လေလံပွဲတွင် ပါဝင်လေလံဆွဲသူတို့သည် ကန်ဒေါ်လာ ၂၅၀၀၀၀ ကြိုတင်ပေးသွင်းခဲ့ရသည်ဟု ဆိုသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
အမေရိက၏ သက်တမ်းအရင့်ဆုံး နာမည်ကျော်ဘီယာ ယင်းလင်ပိုင်ရှင်ဘီလျံနာပိုင် ဖလော်ရီဒါရှိ ကမ်းခြေနေအိမ်ကြီး လေလံပွဲတွင် ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
အမေရိက၏ သက်တမ်းအရင့်ဆုံး နာမည်ကျော်ဘီယာ ယင်းလင်ပိုင်ရှင်ဘီလျံနာပိုင် ဖလော်ရီဒါရှိ ကမ်းခြေနေအိမ်ကြီး လေလံပွဲတွင် ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
အမေရိက၏ သက်တမ်းအရင့်ဆုံး နာမည်ကျော်ဘီယာ ယင်းလင်ပိုင်ရှင်ဘီလျံနာပိုင် ဖလော်ရီဒါရှိ ကမ်းခြေနေအိမ်ကြီး လေလံပွဲတွင် ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com
အမေရိက၏ သက်တမ်းအရင့်ဆုံး နာမည်ကျော်ဘီယာ ယင်းလင်ပိုင်ရှင်ဘီလျံနာပိုင် ဖလော်ရီဒါရှိ ကမ်းခြေနေအိမ်ကြီး လေလံပွဲတွင် ကန်ဒေါ်လာ ၆ သန်းကျော်ဖြင့် ရောင်းထွက် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ ၅ မိနစ်အတွင်း ရောက်ရှိခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

အမေရိကန်ပြည်တွင် အနုပညာရှင်တစ်ဦးက လူသူမနီး တောကြီးမျက်မည်းထဲတွင် စွန့်ပစ်ပစ္စည်းများဖြင့် ဆောက်လုပ်ခဲ့သည့် အဆောက်အအုံ ၃၀

ကန်ဒေါ်လာ ၈၁၀,၀၀၀,၀၀၀,၀၀၀ တန်ကြေးရှိ ကမ္ဘာ့အကြီးမားဆုံး ရွှေသိုက်ကြီး တရုတ်ပြည်တွင် ရှာဖွေတွေ့ရှိ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာမှ တိုက်ခန်းများ ဝယ်ယူရန် လျှောက်ထားလာသည့် လျှောက်လွှာများကို မဲနှိုက်ရွေးချယ်မည်ဖြစ်ကြောင်

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service