ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများတင်သွင်းရန်
နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများကိုပါကုန်သွယ်
ခွင့်ပြုထားသော်လည်း လုပ်ကိုင်လိုသည့် ကုမ္ပဏီ မှာအနည်းငယ်သာရှိသေးကြောင်းစီးပွားရေးနှင့်ကူး
သန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ သတင်း ရရှိသည်။
ပြီးခဲ့သည့်လမှစတင်ကာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို ပြည်တွင်းကုမ္ပဏီများ အပြင် ဖက်စပ်ကုမ္ပဏိများပါတင်သွင်းခွင့်ပြုလိုက်ပြီးဖြစ်သော်လည်း လာရောက် မှတ်ပုံတင်သည့် အရေအတွက်မှာဆယ်ဂဏန်းသာရှိသေးကြောင်း နိုင်ငံခြား မှ ကုန်ကြမ်းပစ္စည်းတင်သွင်းလိုသူ ဖက်စပ်ကုမ္ပဏီများမှ လက်ရှိ ဆောက်လုပ်ရေး လောကတွင် စီမံကိန်း အများစု ရပ်နားထားခြင်းကြောင့် ဈေးကွက် အခြေ အနေကို ဆက်လက် စောင့်ကြည့်နေခြင်းလည်းဖြစ်နိုင်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးကသုံးသပ်သည်.။
ပြည်ပ ဖက်စပ်ကုမ္ပဏီများအနေဖြင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ စည်းမျဉ်းများနှင့်ညီညွတ်ရမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီ များက ဆောက်လုပ်ရေးပစ္စည်းများကို ကုန်သွယ်မှု ပြုလုပ်ရာတွင်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့်ကုမ္ပဏီဖြစ်ရန်လိုကြောင်းသတ်မှတ်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com