ပြီးခဲ့သည့် ဩဂုတ်ကစ၍ ပြုလုပ်ပေးနေသည့် အိမ်ရာဝယ် ယူခွင့် ငွေစုစာအုပ် (Housing Saving)ကို လာရောက်ပြုလုပ် သူ နှစ်ထောင်ကျော်ရှိကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုး ရေးဘဏ်မှ ဒါရိုက်တာ ဦးဝင်း ဇော်က ပြောသည်။
အိမ်ရာစီမံကိန်းများကို အ ရစ်ကျ နှစ်ရှည်စနစ်ဖြင့် ဝယ်ယူ လိုသူများကို ရည်ရွယ်ကာ ငွေစု စာအုပ် ပြုလုပ်ပေးခြင်းဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရဝန် ထမ်းများ အများဆုံးလျှောက်ထား ကြသည်ဟု ဆိုသည်။
ငွေစုစာအုပ်ကို အခြား ဘဏ်စာအုပ်များကဲ့သို့ တတ်နိုင် သော ငွေပမာဏဖြင့် ငွေစာရင်း စတင်ဖွင့်လှစ်နိုင်ပြီး အိမ်ရာဝယ် ယူမည်ဆိုပါက ဘဏ်စာအုပ်တွင် အိမ်ဝယ်ယူမည့် ငွေပမာဏ၏ ၃၀ ရာခိုင်နှုန်းရှိရမည်ဖြစ်သည်။
‘‘ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ဘဏ်က ချေးပေးမယ်။ ရှစ်နှစ် တော့ အရစ်ကျငွေပြန်ဆပ်ရမှာ ပေါ့’’ ဟု ဦးဝင်းဇော်က ပြော သည်။ ဘဏ်ချေးငွေအတိုးနှုန်းမှာ အခြားဘဏ်များကဲ့သို့ ၁၂ ရာခိုင် နှုန်းသာဖြစ်ပြီး ပထမဆုံးစာအုပ် ပြုလုပ်သည့်လတွင် ဝန်ဆောင်ခ ၁ ရာခိုင်နှုန်းရယူထားကြောင်း သိရသည်။
ဆောက်လုပ်ရေး ဝန်ကြီး ဌာနက တစ်နိုင်ငံလုံးတွင် တန်ဖိုး နည်းအိမ်ရာတိုက်ခန်း တစ်သိန်း ရှစ်သောင်းကျော် တည်ဆောက် ရန် စီစဉ်ထားပြီး ရန်ကုန်မြို့၌ အခန်းရှစ်ထောင် စတင်တည် ဆောက်မည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထား သည်။ အဆိုပါ အိမ်ရာများတည် ဆောက်ပြီးစီးပါက ဘဏ်ချေးငွေ ဖြင့် အကောင့်ဖွင့်လှစ်ထားသူများ ကို ဦးစားပေးရောင်းချမည်ဟု ဆိုသည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်က လက်ရှိတွင် ထုတ်ချေးထားသော ငွေစုစုပေါင်းကျပ် ၁၃၀ ဘီလီယံကျော် ရှိ ကြောင်း သတင်းထုတ်ပြန်ထား သည်။
ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်ကို အစိုးရအပါအ ဝင် ဆောက်လုပ်ရေးလုပ်ငန်းရှင် များ၊ ပြင်ပစီးပွားရေးလုပ်ငန်းရှင် များ စုစည်း၍ ၂၀၁၄ တွင် စတင် တည်ထောင်ခြင်းဖြစ်သည်။
၂၀၁၃ ဇူလိုင်တွင် ဗဟိုဘဏ်၏ဘဏ်လိုင်စင်ရရှိပြီး မြန်မာနိုင်ငံ ၏ ပထမဆုံးအိမ်ရာတည်ဆောက် နိုင်ကာ အိမ်ဝယ်လိုသူများကို ငွေ ချေးခွင့်လိုင်စင်ရရှိထားသည်။
ယခုငွေစုစာအုပ်သည် အစိုး ရ အိမ်ရာများကိုသာ လတ်တ လောဝယ်ယူနိုင်သည့် စာအုပ်များ ဖြစ်ပြီး ပြင်ပတွင်လုပ်ငန်းရှင်များ ရောင်းချနေသည့် အိမ်ရာများကို မူဝယ်ယူခွင့်မပေးသောကြောင့် ၀ယ်ယူနိုင်ရန် လုပ်ဆောင်ပေး သင့်ကြောင်း မျိုးမြန်မာလိုင်စင်ရ ကန်ထရိုက်တာဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးမျိုးဝင်းက ဆို သည်။
‘‘အခုပြင်ပမှာ တိုက်ခန်းတွေ အရောင်းအေးနေချိန်မှာ ဘဏ်က နေ အခုလို ငွေထုတ်ချေးပြီး လုပ် ပေးရင် ၀ယ်ချင်သူအတွက်လည်း အဆင်ပြေတယ်။ ဆောက်လုပ် ရေး လုပ်ငန်းရှင်တွေအတွက် လည်း အခုလို ငွေမလည်ပတ်ချိန် မှာ အဆင်ပြန်ပြေလာနိုင်တယ်’’ ဟု ဦးမျိုးဝင်းက သုံးသပ်သည်။
Credit : 7Daydaily