ဈေးကွက်တည်ငြိမ်ရန် မူဝါဒများ ထပ်မံတင်းကျပ်မည့် မှန်းဆချက်သတင်းများထွက်ရှိနေသည့်
အကြားရှန်ဟိုင်းတွင် အိမ်သစ်ဝယ်လိုအားသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း မြင့်တက်ခဲ့
သည်။
အစိုးရမတည်သည့် အိမ်ရာများမှအပ ရှန်ဟိုင်းတွင် သြဂုတ်လ ၂၈ ရက်က ကုန်ဆုံးခဲ့သော
ပြီးခဲ့သည့် သီတင်းပတ်က ရောင်းချရသည့် အိမ်သစ်ဧရိယာသည် ၅၅၅,၇၀၀ စတုရန်းမီတာရှိခဲ့ပြီး
ယင်းမတိုင်မီသီတင်းပတ်ကထက် ၉၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ယင်းနှုန်းက ၅လတာအတွင်း
ထိုသီတင်းပတ်ကို အမြင့်ဆုံးဖြစ်ကြောင်း Shanghai Homelink အိမ်ခြံမြေအေဂျင်စီကုမ္ပဏီက
သြဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း အိမ်သစ်ပျမ်းမျှရောင်းဈေးသည် ၁ စတုရန်းမီတာလျှင် ၄၃,၅၇၁ယွမ်(၆,၅၁၁ အမေရိကန်ဒေါ်လာ) ရှိခဲ့သည်။ ယင်းမတိုင်မီ သီတင်းပတ်က ၁ စတုရန်းမီတာလျှင်
၄၁,၂၅၉ ယွမ်(၆,၁၈၀ အမေရိကန်ဒေါ်လာ) ပျမ်းမျှ ဈေးနှုန်းဖြင့် ရောင်းချခဲ့ရသည်ဖြစ်ရာ ၅ ဒသ
မ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
"အထူးသဖြင့်အဆင့်မြင့်အိမ်တွေကိုဝယ်လိုအားပိုကောင်းတာက အိမ်သစ်ပျမ်းမျှဈေးနှုန်းကို
မြင့်တက်စေခဲ့တာပါ" ဟုလည်း Shanghai Homelink
၏ သုတေသီ ခဲရှောင်ကျွမ်က ပြောကြား
ခဲ့သည်။
ရှန်ဟိုင်းအစိုးရသည် ပထမအကြိမ်အိမ်ဝယ်ယူသူများနှင့် ဒုတိယအကြိမ်ဝယ်ယူသူများ ပေးချေရ
မည့် ပထမအရစ်ကို ၂၀ ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ခြင်းအပါအ၀င် မူဝါဒများကို ထပ်မံတင်းကျပ်မည်ဟု မှန်းဆချက်များအား
မီဒီယာများတွင် ပြီးခဲ့သည့်သီတင်းပတ်က ဖော်ပြခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)