ကမ္ဘာကျော်ဟဲဗီးမက်တယ်လ် တေးဂီတ၀ိုင်းကြီးဖြစ်သော Guns N’ Roses မှ ဂစ်တာသူရဲကောင်း ဆလက်ရှ်သည် အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော်များ နေထိုင်သည့် ဘီဗာလီဟေးလ်ရှိ နေအိမ်ကို ယခင် ၂၀၁၅ ခုနှစ်ကတည်းက အရောင်းဈေးကွက်တင်ထားခဲ့ပြီး ရောင်းမထွက်သောကြောင့် ဒေါ်လာ ငါးသိန်းဈေးလျှော့ကာ ယခုနှစ် မေလအတွင်းက အရောင်းဈေးကွက်တင်ခဲ့သော်လည်း ယခုတိုင် ရောင်းမထွက်သေးသောကြောင့် ဒေါ်လာတစ်သန်းထပ်မံဈေးချကာ ရောင်းချလျက်ရှိကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မေလအတွင်းက အရောင်းဈေးကွက်တင်ခဲ့ပုံကို iMyanmarHouse.com တွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက http://www.imyanmarhouse.com/news/read/477082 လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ယင်းနေအိမ်ကြီးကို မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ဇနီးဟောင်းဖြစ်သူ ပါလာနှင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ၀ယ်ယူစဉ်က ကန်ဒေါ်လာ ၇ ဒသမ ၃ သန်း ပေးခဲ့ရသည်။
ဆလက်ရှ်သည် အဆိုပါနေအိမ်ကို ၂၀၀၉ ခုနှစ်တွင် ကန်ဒေါ်လာ ၇ ဒသမ ၃ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
နေအိမ်မှာ ကျယ်ကျယ်ဝန်းဝန်းရှိပြီး စတုရန်းပေ ၁၁၀၀၀ ခန့် ကျယ်ဝန်းသည်။
မီးဖိုဆောင်တွင် မီးဖိုဆောင်ပစ္စည်းအစုံအလင် ထည့်သွင်းပေးထားပြီးထမင်းစားခန်းကိုလည်းလှပစွာမွမ်းမံပေးထားသည်။
နိုက်ကလပ်အသွင် ခန်းမတစ်ခုပါဝင်ပြီးအရက်ဘားနှင့် ဒီဂျေစက်တို့လည်းတပ်ဆင်ပေးထားသည်။
နေအိမ်ခြံဝန်းအတွင်း ၃၆ ပေအလျားရှိစကိတ်ကွင်း၊ အော်ဂဲနစ်ဟင်းသီးဟင်းရွက်ဥယျာဉ်နှင့် ရေကူးကန်တို့ ပါဝင်သည်။
ယခုနေအိမ်ကို ပြန်လည်ရောင်းချခြင်းမှာဇနီးဖြစ်သူပါလာဖာရာနှင့် ကွာရှင်းပြတ်စဲခဲ့ခြင်းကြောင့်ဖြစ်သည် ဟူသောကောလာဟလများလည်းရှိသည်။
မေလအတွင်းကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၀ ဒသမ ၄၉ သန်းဖြစ်ပြီး ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၉ ဒသမ ၄၉ သန်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)