အထပ်မြင့်စီမံကိန်းများတွင် ငွေကြေးရယူလက်မှတ်ထိုးကာ
စီမံကိန်းအား လာာရောက်ကြည့်ရှုကွပ်ကဲခြင်း မရှိသော လိုင်စင်ရအင်ဂျင်နီယာများကို ခေါ်ယူသတိပေးမှုပြု
လုပ်ပြီးနောက်ဆုံးအဆင့်အရေးယူးမည်ဖြစ်ကြောင်းမြန်မာ
နိုင်ငံအင်ဂျင်နီယာကောင်စီမှ သတင်းရှရိသည်။
ဒုဥက္ကဌ ဦးအောင်မြင့်ကပြောသည်။
" လက်မှတ်ထိုးငွေကြေးယူပြီး လုပ်ငန်းမကြီးကြပ်ဘဲ နေတဲ့ အင်ဂျင်နီယာတွေရှိနေတာကိုသပါတယ် ဒါတွေကို အရေးယူဖို့ရှိတယ် " ဟုအဆိုပါကောင်စီဥက္ကဌ ဦးအောင်မြင့်ကပြောသည်။
အဆောက်အဦး ဆောက်လုပ်ခွင့် အင်ဂျင်နီယာများတွင် အမျိုးအစားသုံးမျိုးရှိပြီး လိုင်စင်ရ အင်ဂျင်နီယာ(RE) ၊ အကြီးတန်း အင်ဂျင်နီယာ(RSE) နှင့် အသိ အမှတ်ပြု အင်ဂျင်နီယာ(PE) ဟူ၍ ခွဲခြားထားပြီး ၄င်းတို့ကို အဆင့်လိုက်စစ်ဆေးပြီး အရေးယူမှုများ ပြုလုပ်မည်ဟုဆိုသည်။
ယခူကဲ့သို့ အင်ဂျင်နီယာများဘက်မှ ဆောင်ရွက်နေမှုများ
ကိုရပ်တန့်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
မှလည်း ညွန်ကြားချက်များထုတ်ပြန်ခဲ့သည်။
အဆိုပါ အင်ဂျင်နီယာများသည် အဆောက်အအုံတည်ဆောက်ခွင့် လျှောက်ထားရာတွင် အင်ဂျင်နီယာနေရာမှ လက်မှတ်ထိုးခြင်း ၊စည်ပင်မှ တည်ဆောက်ခွင့်ကျသည့် ဆိုင်းဘုတ် အစိမ်းတွင်
လိုင်စင်ရ အင်ဂျင်နီယာဟူ၍ အမည်ခံပြီး စီမံကိန်းအားလာရောက်ကြီးကြပ်မှု မရှိပေ။
ြ့ပီးခဲ့သည့် ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
လိုင်စင်ရ အင်ဂျင်နီယာ ၄၀၀ကျော်အား လိုင်စင်ပိတ်သိမ်း သည်အထိအရေး ယူထားကြောင်း ထုတ်ပြန်ထားသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com