မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သော ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၂၉၀၀ ကျော် ရှိ

မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သော ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၂၉၀၀ ကျော် ရှိ - Property News in Myanmar from iMyanmarHouse.com
31 Aug 2016 10:16 am တွင် တင်ခဲ့သည်
1435 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်း ၅၂ ခု ရှိပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ၂၉၁၈ သန်းရှိတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် မတိုင်မီက ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ဖြိုးမှု နည်းပါးခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ဟိုတယ်နဲ့ စီးပွားရေးအဆောက်အအုံစီမံကိန်း ၃၆ ခုသာ ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ကန်ဒေါ်လာ ၁၁၄၄ သန်းသာ ရှိခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် ခရီးသွားလုပ်ငန်းအရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများဖွံ့ဖြိုးလာခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်စီမံကိန်းများ တိုးတက်လာခဲ့ပြီး ၂၀၁၆ ဇူလိုင်လအထိစာရင်းများအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုပါဝင်တဲ့ ဟိုတယ်စီမံကိန်း ၅၂ ခုအထိ ရှိလာပြီ ဖြစ်ပါတယ်။

နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုများမှာ စင်ကာပူနိုင်ငံက ကန်ဒေါ်လာ ၁၆၂၄ သန်းနဲ့ ရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး
ဒုတိယအများဆုံးအဖြစ် ထိုင်းက ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၄၄၅ သန်း၊ တတိယ အများဆုံးအဖြစ် ဗီယက်နမ်က ကန်ဒေါ်လာ ၄၄၀ သန်း တို့ဖြစ်ပါတယ်။ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်၊ မလေးရှား၊ ယူကေ၊ လူဇင်ဘတ်နဲ့ ယူအေအီးနိုင်ငံများကလည်းဟိုတယ်လုပ်ငန်းမှာ လာရောက် ရင်းနှီးမြှုပ်နှံထားကြပါတယ်။

နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေနဲ့ မြန်မာနိုင်ငံသား ကော်မရှင်ကခွင့်ပြုမိန့်ထုတ်ပေးဆောင်ရွက်ထားတဲ့ ဟိုတယ် ၆၃ ခု ရှိပြီးရင်းနှီးမြှုပ်နှံမှု ကျပ်သန်းပေါင်း ၁,၄၃၉,၄၆၃ ထိ ရှိပါတယ်။

Credit: SFJ Strategy First Journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service