ရီးယဲမက်ဒရစ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ ချစ်သူဟောင်း ရုရှားစူပါမော်ဒယ်လ် အိုင်ရီနာရှက်ခ်သည် နယူးယောက်မြို့၊ မန်ဟက်တန်ရပ်၊ နာမည်ကျော် ဂရင်းဝစ်ကျေးရွာ၏ အနောက်ဘက် ချားလ်စ်လမ်း၊ အမှတ် ၁၅၀ ရှိ ကွန်ဒိုခန်းကို တစ်လလျှင် ဒေါ်လာ နှစ်သောင်းဖြင့် ငှားရမ်းမည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းကွန်ဒိုခန်းတွင် အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါဝင်ပြီး စတုရန်းပေ ၁၉၈၇ အကျယ်အ၀န်းရှိသည်။
အိုင်ရီနာရှက်ခ်သည် အဆိုပါကွန်ဒိုခန်းကို ယခုနှစ်အစောပိုင်းက ကန်ဒေါ်လာ ၆ ဒသမ ၀၈ သန်းဖြင့် ၀ယ်ယူထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါကွန်ဒိုတွင် ကမ္ဘာကျော်ရော့ခ်အဆိုတော် ဘွန်ဂျိုဗီလည်း နေထိုင်သည်ဟု ဆိုသည်။
ယင်း ကွန်ဒိုအဆောက်အအုံတွင် ကားရပ်နားရာ ဂိုဒေါင်၊ အားကစားလေ့ကျင့်ခန်းမ၊ ၇၅ ပေ ရှည်လျားသည့် ရေကူးကန်၊ ကလေးကစားကွင်း၊ စတုရန်းပေ ၃၃၀၀၀ ကျယ်ဝန်းသော ပန်းခြံတို့ ပါဝင်သည်။
အိုင်ရီနာရှက်ခ်သည် ၂၀၁၀ မှ ၂၀၁၅ ခုနှစ်အထိ ချစ်ကြိုက်ခဲ့သော စီရော်နယ်ဒိုနှင့် လမ်းခွဲပြီးနောက်ပိုင်း ယခုအခါ သရုပ်ဆောင် ဘရက်ဒ်လေကူးပါးနှင့် ချစ်ကြိုက်လျက်ရှိသည်။
အဆိုပါကွန်ဒိုခန်းတွင် အိုင်ရီနာရှက်ခ်နေထိုင်ဖူးခြင်း မရှိသေးချေ။
အိုင်ရီနာရှက်ခ်၏ နာမည်အပြည့်အစုံမှာ အိုင်ရီနာ ဗာလာရက်ဗ်နာ ရှက်ခ်လီစလာမိုဗာဖြစ်ပြီး ၁၉၈၆ ခုနှစ် ဇန်န၀ါရီလ ၆ ရက်တွင် မွေးဖွားသည်။
အရပ်အမြင့်မှာ ၅ ပေ ၁၀ လက်မဖြစ်ပြီး မျက်လုံးမှာ အစိမ်းရောင်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)