လှိုင်သာယာမြို့နယ်ရှိ မြေ ၂၃ ဧကခန့်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက်ရှိ မြေ ၃၁ ဧကတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည်

လှိုင်သာယာမြို့နယ်ရှိ မြေ ၂၃ ဧကခန့်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက်ရှိ မြေ ၃၁ ဧကတွင် တန်ဖိုးသင့်၊ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်မည် - Property News in Myanmar from iMyanmarHouse.com
30 Aug 2016 10:45 am တွင် တင်ခဲ့သည်
2867 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် သန်လျင်-ကျောက်တန်းမြို့နယ်တို့ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲလျက်ရှိသော မြေနေရာများ၌ တန်ဖိုးသင့်၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ရန် သြဂုတ် ၂၉ ရက်တွင် အဆိုပြုတင်ဒါ ခေါ်ယူထားကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ကျန်စစ်မင်းအိမ်ရာ စီမံကိန်း အပိုင်း (၂) ရှိ မြေဧရိယာ ၂၃ ဧကခန့်တွင် တန်ဖိုးသင့်အိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်ပြီး သန်လျင်- ကျောက်တန်းမြို့နယ် သီလ၀ါအထူး စီးပွားရေးဇုန် အထောက်အကူပြု လူနေမြေကွက် ၅၈၈ ကွက်ရှိမြေဧရိယာ ၃၁ ဧကပေါ်တွင် တန်ဖိုးနည်းအိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ရမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံသားဆောက်လုပ်ရေး လုပ်ငန်းရှင် များအနေဖြင့် လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာများကို လာမည့်စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထားပြီး ပေးပို့ကြရန် ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အစိုးရသစ် ရက် ၁၀၀ ကာလအတွင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကနောင်တန်ဖိုးနည်း အိမ်ရာစီမံကိန်းနှင့် ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁) ရှိ တိုက်ခန်းများကို ကျပ်သိန်း ၁၂၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေလင်ပန်းအိမ်ရာ၊ ကျန်စစ်မင်းအိမ်ရာ၊ ရွှေပေါက်ကံ ၁၄ ရပ် ကွက်အိမ်ရာစသည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများမှ တိုက်ခန်းပေါင်း ၁၉၀၀၀ ကျော်၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ လှိုင်သာယာမြို့ နယ်ရှိ ထီးလှိုင်ရှင်အိမ်ရာအပါအ၀င် တန်ဖိုးသင့်အိမ်ရာ စီမံကိန်းများမှ တန်ဖိုးသင့် အိမ်ရာတိုက်ခန်းပေါင်း ၆၀၀၀ ခန့်၊ ဗိုလ်တ ထောင်မြို့နယ် ၅၁ လမ်းအိမ်ရာစီမံကိန်း၊ ဒဂုံမြို့နယ် လင့်လမ်းအိမ်ရာ စီမံကိန်း အပါ အ၀င် အကျိုးတူအိမ်ရာ စီမံကိန်းများမှ အဆင့်မြင့်တိုက်ခန်း ၆၀၀၀ ခန့် ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Credit: Eleven Media

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

CarsDB
Expo Singapore

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service