မြန်မာနိုင်ငံသားများ ဘဏ် (MCB) သည် ရန်ကုန်စ တော့အိတ်ချိန်းစာရင်းဝင်ပြီး နောက် သြဂုတ် ၂၉ ရက်တွင် ရှယ်ယာဈေး ၈,၈၀၀ ကျပ်သို့ မြင့်တက်ခဲ့ပြီး အစုရှယ်ယာ ၂၆,၀၀၀ ကျော်အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်စတော့အိတ်ချိန်း တွင် FMI ကုမ္ပဏီ၏ အစုရှယ်ယာတစ်စုလျှင် ကျပ် ၂၀,၀၀၀၊ သီလ၀ါ အထူးစီးပွားဇုန်အများပိုင် ကုမ္ပဏီ၏ ရှယ်ယာတစ်စုလျှင် ၄၃,၀၀၀ ကျပ် ဈေးဖြင့် ဈေးအတက်အကျမရှိခဲ့ပေ။
‘‘လူတိုင်းဝယ်နိုင်တဲ့ဈေးဖြစ် တာရယ်၊ အစကနဦးဖြစ်နေလို့ လူတွေက စိတ်ဝင်စားပြီး ၀ယ်ကြ တာပါ’’ဟု ရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာအရောင်းအ ၀ယ်လုပ်နေသည့် အမျိုးသမီးတစ် ဦးက ပြောသည်။
မြန်မာနိုင်ငံသားများဘဏ် သည် ရန်ကုန်စတော့အိတ်ချိန်း တွင် သြဂုတ် ၂၆ ရက်က ရှယ်ယာ တစ်စုလျှင် ၆,၈၀၀ ကျပ်ဖြင့် ဈေး ဖွင့်၍ စတင်ရောင်းချခဲ့ကာ ယင်းဘဏ်တွင် အစုရှယ်ယာပေါင်း ၁၀ သန်းကျော်ရှိကြောင်း သိရသည်။
Credit: 7Daydaily