အဆောက်အအုံတွေ ငလျင်ဒဏ် ခံနိုင်ရည်ရှိ မရှိ စစ်ဆေးဖို့ လိုအပ်တယ်

အဆောက်အအုံတွေ ငလျင်ဒဏ် ခံနိုင်ရည်ရှိ မရှိ စစ်ဆေးဖို့ လိုအပ်တယ် - Property News in Myanmar from iMyanmarHouse.com
26 Aug 2016 11:06 am တွင် တင်ခဲ့သည်
877 ကြိမ် ကြည့်ရှု့ပြီး
သြဂုတ်လ ၂၄ ရက်နေ့မှာ လှုပ်ခတ်သွားတဲ့ ပြင်းအားရစ်ခ်ျတာ စကေး ၆.၈ ရှိတဲ့ငလျင်ကြောင့် လူသေဆုံးမှုတွေရှိခဲ့တဲ့အပြင် ရှေးဟောင်းယဉ်ကျေးမှု နယ်မြေပုဂံက စေတီပုတိုးတွေ ၊ ရခိုင်က ရှေးဟောင်းဘုရားတွေ ပြိုကျပျက်စီးခဲ့ရပါတယ် ။

နောက်ဆက်တွဲ ငလျင်တွေဆက်ပြီး လှုပ်ခတ်လာနိုင်တာကြောင့် ဘာတွေ ကြိုတင်ပြင်ဆင်ထားသင့်တယ် ဆိုတာ မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူးဒေါက်တာမျိုးသန့်ကို ဆက်သွယ်မေးမြန်းထားပါတယ် ။

မေး ။ ။ အခုလှုပ်ခတ်သွားတဲ့ငလျင်နဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သေးလဲ ။

ဒေါက်တာမျိုးသန့် ။ ။ နောက်ဆက်တွဲငလျင်တွေ (aftershock) ကတော့ လာနိုင်တာပဲ ။ ရစ်ခ်ျတာစကေး ၆.၈ လောက်မလာနိုင်ပေမဲ့ ၅ ကျော်ကျော်လောက်တော့ လှုပ်နေမယ် ။ တစ်လကျော်ကျော်လောက်တော့ အနည်းဆုံးပေါ့ ။ အဆောက်အအုံအပျက်အဆီးတွေ ပတ်ဝန်းကျင်မှာ သွားလာတာတွေ ၊ အလုပ်လုပ်တာတွေ သတိပြုသင့်တယ် ။

ပျက်ဆီးဆုံးရှုံးမှုဆိုတော့ ပုဂံကတော့ စေတီပုထိုးတွေ များပါတယ် ။ ရခိုင်မှာဆိုရင်လည်း ရှေးဟောင်းပုထိုးတွေ များတယ် ။ သူ့ရဲ့သက်တမ်းကြီးလို့ ပျက်ဆီးတာလဲဖြစ်နိုင်ပါတယ် ။ သတိထားရမှာက အပျက်အဆီးတိုးလိုးတွဲလောင်းတွေ ရှိနေတယ်ဆိုရင် အမြန်ဆုံးဖယ်ရှားသင့်ပါတယ် ။ အဲသည်ပတ်ဝန်းကျင်ကို သွားမယ်ဆိုရင်သတိထားရမှာပေါ့ ။

မေး ။ ။ အခုလှုပ်သွားတဲ့ငလျင်က ဘယ်ပြတ်ရွှေ့ကျောနဲ့ဆက်စပ်နေတာလဲ ။

ဒေါက်တာမျိုးသန့် ။ ။ လောလောဆယ်တော့ ဖြစ်နိုင်ခြေရှိတာက ဘော်ပြတ်ရွှေ့ပေါ့ ။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းက ကဘော်ပြတ်ရွှေ့က ဖြစ်နိုင်သလို အိန္ဒိယနိုင်ငံက မြေထုချပ်နဲ့ မြန်မာနိုင်ငံမြေထုချပ် နဲ့ ထိစပ်နေတဲ့အနားက ပြတ်ရွှေ့ကျောက လှုပ်တယ်လို့ ကျွန်တော်ထင်ပါတယ် ။

မေး ။ ။ ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး ဘာတွေလုပ်ပေးနိုင်တာတွေ ရှိလဲ ။

ဒေါက်တာမျိုးသန့် ။ ။ ငလျင်ကတော့ မလှုပ်ဆင်မှာ ကြိုတင်ပြင်ဆင်ရတာက တစ်မျိုး ၊ လှုပ်နေစဉ်မှာ ပြင်ဆင်ရတာတစ်မျိုး ၊ လှုပ်ပြီးတဲ့အချိန်မှာ ပြင်ဆင်ရတာတစ်မျိုးပေါ့ ။ ပထမတစ်ခုက မလှုပ်ခင်က ပြင်ဆင်ရတာပေါ့ ။ နိုင်ငံတော်အစိုးရရော ၊ သက်ဆိုင်ရာဌာနတွေရော ၊ အင်န်ဂျီအို အသီးသီးတွေရော ၊ ငလျင်ကော်မတီ ၊ အင်ဂျင်နီယာအသင်း ဘူမိသိပ္ပံအစရှိသဖြင့် အဖွဲ့ပေါင်းစုံက ကြိုတင်ပြင်ထားတဲ့ဟာမျိုးပေါ့ ။

အဆောက်အအုံတွေ ခံနိုင်ရည်ရှိ မရှိ ဒါတွေကို ငလျင်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်တာမျိုး လုပ်သက့်တာပေါ့ ။
အခုနောက်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းမှာ လှုပ်သွားတာက လူနေထူထပ်တဲ့ မြို့တွေမဟုတ်လို့ပေါ့ ။
တကယ်လို့သာ စစ်ကိုင်းပြတ်ရွှေ့သာ လှုပ်ခဲ့မယ်ဆိုရင် အဓိကကျတဲ့ မြို့တွေဖြစ်တဲ့ ရန်ကုန် ၊ ပဲခူး ၊ မန္တလေး ၊ စစ်ကိုင်း ၊ နေပြည်တော် အစရှိသဖြင့် ဒီမြို့ကြီးတွေဟာ တကယ်ကို အန္တရာယ်ရှိနေပါတယ် ။ အဲဒီလိုမြို့တွေရဲ့ အဆောက်အအုံတွေ ငလျင်ဒဏ်ခံနိုင်ရည် ရှိ မရှိ ဆန်းစစ်ချက်တွေ လုပ်သင့်တယ် ။ ငလျင်ဒဏ်ခံနိုင်အောင် ပြုပြင်မွမ်းမံမှုတွေ လုပ်သင့်တယ်ပေါ့ ။ အားလုံးမလုပ်နိုင်ရင်တောင်မှပဲ လူအများဆုံးနေထိုင်တဲ့ အိမ်ရာလိုဟာမျိုးတွေ ၊ နောက်အများပြည်သူ အဆောက်အအုံတွေဖြစ်တဲ့ ကျောင်းတွေ ၊ ရုံးတွေ ၊ နောက်တစ်ခုက ဆေးရုံတွေ ပေါ့ ။ ဒါတွေကို ဆန်းစစ်ချက်တွေလုပ်ထားတယ် ။

မေး ။ ။ ငလျင်နဲ့ပတ်သက်ပြီး ကြိုတင်သတင်းထုတ်လို့ မရဘူး ဆိုပေမဲ့ ကြိုတင်ပြင်ဆင်မှု ၊ အသိပညာပေးမှု အားနည်းနေတာ ဘာကြောင့်ပါလဲ ။

ဒေါက်တာမျိုးသန့် ။ ။ ကျွန်တော်တို့ ငလျင်ကော်မတီတို့ ၊ တက္ကသိုလ်ဘူမိဌာနက ပညာရှင်တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံထဲက ငလျင်ဖြစ်နိုင်ခြေ long term ရှိတဲ့ နေရာတွေကို စုပေါင်းခန့်မှန်းဖို့တော့ရှိတယ် ။ နှစ် ၈၀ နောက်ပိုင်း ပြန်ပြီးလှုပ်နိုင်မယ့် ၊ နှစ်၁၀၀ နောက်ပိုင်း ပြန်ပြီးလှုပ်နိုင်မယ့် ပြတ်ရွှေ့တွေမှာ သုတေသနလုပ်ငန်းတွေမှာ မစီရင်ခံစာတွေလည်း ရှိတယ် ။

နောက်တစ်ခုက မြန်မာတစ်နိုင်ငံလုံးအတွက် ငလျင်အန္တရာယ်ပြ မြေပုံတွေ ရေးဆွဲထားတာရှိတယ် ။ ရန်ကုန် ၊ မန္တလေး ၊ စစ်ကိုင်း ၊ ပဲခူး ၊ တောင်ငူ ၊ နေပြည်တော်တို့အတွက် အန္တရာယ်ကျမြေပုံတွေရှိတယ် ။ ကျွန်တော်တို့ ငလျင်ကော်မတီ အနေနဲ့ကြော်ညာတယ် ။ ဒါတွေကို ငလျင်ကော်မတီမှာလာပြီးတော့ ယူနိုင်ပါတယ် ။
မြန်မာနိုင်ငံငလျင်ကော်မတီရဲ့ ဖေ့စ်ဘုတ်စ် စာမျက်နှာမှာလည်း တစ်နိုင်ငံလုံးရဲ့ မြေပုံအနေအထားတွေကို တင်ထားတာရှိတယ် ။

မေး ။ ။ နောက်ဆက်တွဲ ငလျင်တွေက ဘယ်လောက်ကြာမှာ ပြန်လာနိုင်ပါသလဲ ။

ဒေါက်တာမျိုးသန့် ။ ။နောက်ဆက်တွဲ ငလျင် aftershock ကတော့ ထုံးစံအတိုင်း ငလျင်လှုပ်အပြီး ဆက်လာတာပဲ ။ နှစ်ရက်သုံးရက်ပြောလို့မရဘူး ။ တစ်လခွဲ ၊ နှစ်လအတွင်းမှာ တောက်လျှောက် စိပ်စိပ်လှုပ်ပြီးမှာ အရင်အတိုင်းပြန်ဖြစ်သွားတာပေါ့ ။

မေး ။ ။ မြန်မာနိုင်ငံ ပထဝီအနေအထားအပေါ်မှာငလျင်နဲ့ ပတ်သတ်ပြီး ဆရာဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ ။

ဒေါက်တာမျိုးသန့် ။ ။ အခုနကပြောသလိုပါပဲ ။ ငလျင်ကတော့ short term ပေါ့ ။ ဘယ်နေရာ ၊ ဘယ်နေ့မှာ လှုပ်လိမ့်မယ်ဆိုပြီးတော့ မသိရဘူးပေါ့ ။ Long term အနေနဲ့ ဘယ်ပြတ်ရွှေ့တွေမှာ လှုပ်နိုင်တယ်ဆိုတဲ့ဟာတွေပေါ်မှုတည်ပြီးတော့ အမြဲတမ်း ကျွန်တော်တို့ကြေညာပေးမှာပါ ။

သဘာဝဘေးအန္တရာယ်ဆိုတာကတော့ တားဆီး (prevent) လုပ်လို့မရဘူး ။ အဲသည်တော့ ငလျင်လှုပ်ခဲ့လို့ရှိရင် effect ဖြစ်လာမယ့်ဟာကို လျော့ချဖို့ပဲရှိတယ် ။ အဆောက်အအုံတွေနဲ့ လူနေပတ်ဝန်းကျင်တွေကို ငလျင်ဒဏ်ခံနိုင်ရည်ရှိအောင် မြှင့်တင်ဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ် ။


Credit: Modern Journal
အဆောက်အအုံတွေ ငလျင်ဒဏ် ခံနိုင်ရည်ရှိ မရှိ စစ်ဆေးဖို့ လိုအပ်တယ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M
Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service