ငွေသော့ဖြင့် အိမ်တံခါးများဖွင့်နိုင်ရန် ကူညီပါ

ငွေသော့ဖြင့် အိမ်တံခါးများဖွင့်နိုင်ရန် ကူညီပါ - Property News in Myanmar from iMyanmarHouse.com
26 Aug 2016 11:02 am တွင် တင်ခဲ့သည်
1536 ကြိမ် ကြည့်ရှု့ပြီး
မကြာမီက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB)သည် အိမ်ရာဘဏ္ဍာငွေကြေးစနစ် (Housing Financing Mechanism) အတွင်း ပြည်သူများ ပူးပေါင်းပါဝင်လာရေးအတွက် ခြေလှမ်းသစ်တစ်လှမ်းကို ရဲရဲဝံ့ဝံ့လှမ်းထွက်လာခဲ့ကြောင်း တွေ့ရှိရ၏။ ဘဏ်တွင် စုဆောင်းငွေစာရင်း ဖွင့်လှစ်စုဆောင်းသူများအား အိမ်ရာဝယ်ယူရေး ချေးငွေများကို ဦးစားပေးထုတ်ပေးမည်ဟူသော ကြေညာချက်ပင်ဖြစ်၏။ ဤကြေညာချက်သည် မြားတစ်စင်းနှင့် ငှက်နှစ်ကောင်ကို ပစ်ခွင်းသည်နှင့် တူ၏။ ပထမငှက်မှာ CHDB ဘဏ်တွင် စုဆောင်းငွေများ (Saving Deposit) တိုးပွားရရှိစေခြင်းဖြစ်ပြီး ဒုတိယငှက်မှာ ပြည်သူတို့က အိမ်ရာအတွက်ကြိုတင်ငွေ စုဆောင်းမှုကို အခြေခံ၍ အိမ်ရာဝယ်ယူပိုင်ဆိုင်နိုင်သော အခွင့်အလမ်းများ တိုးပွားရရှိနိုင်ခြင်း ဖြစ်ပေသည်။

ပြည်ထောင်စုအစိုးရက ဆောက်လုပ်ရောင်းချမည့် ဝင်ငွေနည်းအိမ်ရာစီမံကိန်းများ၊ တန်ဖိုးမျှတအိမ်ရာစီမံခန်းများတွင် ဝယ်ယူလိုသူများအနက် CHDB ဘဏ်တွင် ငွေစုဆောင်းသူများကို ဦးစားပေးရောင်းချမည်ဟူသော ကြေညာချက်တစ်ရပ်ကို
လည်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အတိအလင်းထုတ်ပြန်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း တွေ့ရှိရ၏။ သို့မှသာ ထုတ်လုပ်ရောင်းချသူနှင့် ချေးငွေအစီအစဉ်တို့သည် တစ်သီးတခြားမဟုတ်၊ တစ်သားတည်းဖြစ်ကြောင်း ပြည်သူတို့၏ ယုံကြည်မှုကို ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးမှုသမိုင်းကို ကြည့်လျှင် ‘ရှေ့ရောက် နောက်ကျန် တို့နိုင်ငံ’ဟု ဆိုရမည် ဖြစ်သည်။ ၁၉၅၃ ခုနှစ်မှစ၍ အိမ်ရာဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ရန်အတွက် နိုင်ငံတော်ပြည်သူ့အိုးအိမ် ပြန်လည်ထူထောင်ရေး မြို့ရွာစည်ပင်ရေးအဖွဲ့ကို စတင်တည်ထောင်ခဲ့၏။ နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီး ၂၀ ခန့်၌ အိမ်ရာစခန်း (Estates) ပေါင်း ၃၀ ခန့် ထူထောင်၍ အငှားအိမ်ခန်းပေါင်း ၇,၀၀၀ ခန့်ကို နိဒါန်းပျိုး တည်ဆောက်နိုင်ခဲ့၏။ စင်ကာပူနိုင်ငံ၏ အိမ်ရာဖွံ့ဖြိုးရေးအဖွဲ့သည် ၁၉၆၅ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး မြန်မာနိုင်ငံထက် ၁၂ နှစ်တိတိ နောက်ကျခဲ့၏။ ထိုင်းနိုင်ငံ၏ လက်ရှိအမျိုးသားအိမ်ရာ အာဏာပိုင်အဖွဲ့ (National Housing Authority)သည် ၁၉၇၃ ခုနှစ်မှ စတင်ဖွဲ့စည်းဖြစ်ပေါ်လာရာ နှစ် ၂၀ ခန့် နောက်ကျ၏။

သို့သော် ဝင်ငွေနည်းပြည်သူတို့အတွက် အိမ်ရာဖြည့်ဆည်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဖော်ပြပါ နှစ်နိုင်ငံစလုံးသည်
မြန်မာနိုင်ငံ၏ရှေ့တွင် များစွာခရီး ရောက်လျက်ရှိကြောင်း တွေ့ရှိနိုင်၏။ မြန်မာနိုင်ငံသည် ‘မကောင်း အမြင် အဟောင်းအသွင်နှင့် တကောင်းဘုရင်’ခေတ်က အိမ်အိုများကို ယနေ့တိုင် ထွေးပိုက်ထားရ၏။ ကျူးကျော်အိမ်ရာများကို ၁၀ နှစ် တစ်ကြိမ်၊ နှစ် ၂၀ တစ်ကြိမ် အချိန်အလွန်ကြာမှ ‘စုပုံရှင်း’စနစ်ဖြင့် မြို့သစ်တည်၍ ဖြေရှင်းပေးနေရ၏။ ‘မြို့ဟောင်းလည်းအို မြို့သစ်ညိုပြီ ကျူးကို အမြန်ရှင်းပါလော့’ဟု တောင်းဆိုနေရသော နိုင်ငံဖြစ်လာ၏။

ထိုကဲ့သို့အိမ်ရာဖွံ့ဖြိုးရေးကဏ္ဍတွင် ရှေ့ရောက်ပြီးမှ နောက်ကျန်ခဲ့ရသည်မှာ အဓိကအားဖြင့် လူ့စွမ်းအားချို့တဲ့မှုကြောင့် မဟုတ်သလို ငွေကြေးဆင်းရဲမှု သက်သက်ကြောင့်လည်း မဟုတ်ပေ။ အဓိက အကြောင်းတရားမှာ မြန်မာနိုင်ငံသည် တာထွက်စ အချိန်ကာလကပင် ရင်းနှီးမြှုပ်နှံရန် အစိုးရဘတ်ဂျက် သက်သက်ကိုသာ အားပြုခဲ့၏။ ဖော်ပြပါနိုင်ငံများမှာ အစိုးရဘတ်ဂျက်သက်သက်ကို အားမကိုး။ အိမ်ရာဖွံ့ဖြိုးရေးဆိုင်ရာ ဘဏ္ဍာငွေကြေးစနစ်တစ်ရပ်ကို တစ်ပါတည်းထူထောင်ဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပေသည်။ စင်ကာပူတွင် HDB နှင့်အတူ Central Provident Fund ထူထောင်၍ CPF ဘဏ်သည်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အိမ်ရာဖွံ့ဖြိုးရေးအာ ဏာပိုင်အဖွဲ့အတွက် အစိုးရ၏ ဘန်ကောက်ဘဏ် (Govt: Bank of Bangkok)သည်လည်းကောင်း၊ အိမ်ရာဖွံ့ဖြိုးရေးအတွက် ဘဏ္ဍာရေးအင်အားများကိုနည်းမျိုးစုံဖြင့် ဖြည့်ဆည်းပေးနိုင်
ခဲ့ကြကြောင်း တွေ့ရှိရပေသည်။

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး အိမ်ရာဖွံ့ဖြိုးရေးလုပ် ငန်းများ စတင်ဆောင်ရွက်သောအခါ ကိုရီးယားစစ်ပွဲအတွင်း တောင်ကိုရီးယားသို့ ဆန်တင်ပို့ ရောင်းချရာမှ ရရှိသောငွေများကို အခြေတည်သည့် ပြည်တော်သာ စီမံကိန်း၏ ဘောင်အတွင်းမှ အိမ်ရာများ အမြောက်အမြား ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်၏။ သီးခြားငွေကြေးစနစ်ထူထောင်ခဲ့ခြင်း လုံးဝမရှိခဲ့ပေ။ ကိုရီးယားစစ်ပွဲပြီး၍ ဆန်တင်ပို့မှုမှ ဝင်ငွေများ ထိုးပြီးကျဆင်းမှုနှင့်အတူ ပြည်တော်သာစီမံကိန်း ဆုံးခန်းတိုင်ရာ၌အိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းပါ မျောပါသွားလေတော့၏။ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရလက်ထက် မြို့သစ်သုံးမြို့ကို ဘတ်ဂျက်ငွေအောသုံး၍ တည်ဆောက်ပြီးသည့် နောက်ပိုင်းတွင် ထိန်းသိမ်းမှု၊ မြှင့်တင်မှုများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန် ဘတ်ဂျက်ရန်ပုံငွေ အလုံအလောက်မရရှိတော့သဖြင့် အဆိုပါမြို့များမှာလည်း အရွယ်မတိုင်မီ အိုမင်းသွားခဲ့လေ၏။

မဆလခေတ် ၁၉၆၅ ခုနှစ်မှစ၍ တည်ထောင်သော သုဝဏ္ဏမြို့သည်လည်း ဘတ်ဂျက်ကိုသာ ပုံအောပြီး တည်ဆောက်ခဲ့ခြင်းဖြစ်၏။ နောင်သောအခါ ငွေမလိုက်နိုင်၍သုဝဏ္ဏမှာ ရွှေရောင်ခြောက်ခန်းပြီး ကျောက်သင်ပုန်းရောင်လွှမ်းခဲ့၏။ တစ်ဖန် ၁၉၉၀ ပြည့်နှစ်မှစ၍ တပ်မတော်အစိုးရလက်ထက် မြို့သစ်များ တည်ဆောက်ရာတွင် အစိုးရမှာ မွဲနေ၏။ ပြည်သူထံမှ ကောက်ခံရရှိသည့် မြေစည်ပင်စရိတ်များကို ပြန်သုံးပြီး မြေသားလမ်းဖြင့် ဇာတ်လမ်းစခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုစဉ်ကာလ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသည် ‘လှည့်ပတ်ရန်ပုံငွေစနစ်’ တစ်ရပ်ကို တွန်းတွန်းတိုက်တိုက်ဖြင့် ထူထောင်ခွင့်တောင်းခံပြီး ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်သာလျှင် မြို့သစ်ခုနစ်မြို့သည် ရုပ်လုံးသဲကွဲစွာ ပေါ်ပေါက်လာခြင်းဖြစ်၏။ ဘတ်ဂျက်ငွေလုံလောက်စွာမရရှိဘဲ အခြားသောအိမ်ရာစီမံကိန်းများမှ အမြတ်ငွေကို ဖြတ်သွယ်ထောက်ပံ့မှု (Cross Subsidization) နည်းဖြင့် သုံးစွဲပြီး တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်လာခဲ့ခြင်းဖြစ်ကြောင်းလည်း တွေ့ရှိရပေသည်။

၂၀၁၁ ခုနှစ် ဒီမိုကရေစီအစိုးရခေတ်သို့ ကူးပြောင်းရောက်ရှိပြီးနောက် ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၌ အိမ်ရာဖွံ့ဖြိုးရေး အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ပထမဆုံးအကြိမ် ကျင်းပခဲ့၏။ စာရေးသူလည်း စာတမ်းတစ်စောင် ဖတ်ကြားခဲ့ပြီး မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးအတွက် ဘဏ်စနစ်တစ်ရပ် ထူထောင်ရန် တက်ရောက်သူများအားလုံး ဝိုင်းဝန်းဆွေးနွေးခဲ့ကြ၏။ ယင်းဆွေးနွေးပွဲရလဒ် (Out Come)ကို မြစ်ဖျားခံ၍ ၂၀၁၃ ခုနှစ်တွင် ‘ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်’ (CHDB)ဟူ၍စတင်ဖွဲ့စည်းဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံသည် ၁၉၅၃ ခုနှစ်မှစ၍ နှစ်ပေါင်း ၆၀ တိတိ ကြာမြင့်လေသောအခါမှ စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကဲ့သို့ အိမ်ရာဘဏ် ငွေကြေးစနစ်တစ်ရပ် စတင်ထူထောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သမိုင်းကြောင်းကို သုံးသပ်တင်ပြရခြင်း ဖြစ်ပါသည်။

မည်သို့ဆိုစေ CHDB ဘဏ်သည် မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးအတွက် အဓိကအားထားရမည့် ဘဏ္ဍာရေးအဖွဲ့အစည်း (Main Financial Institution)တစ်ရပ်အဖြစ် ပေါ်ထွန်းလာပြီဖြစ်၏။ ရှားရှားပါးပါး အိမ်ရာဖွံ့ဖြိုးရေးဟူသော ဝေါဟာရပါရှိသည့် တစ်ခုတည်းသော ဘဏ်လည်း ဖြစ်ပေသည်။ အခြားသောဘဏ်များသည် အိမ်ရာချေးငွေ ထုတ်ပေးခြင်းအမှုကို ဆောင်ရွက်ကြသော်လည်း ဝင်ငွေနည်းပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါ။ ရုပ်ရှင်ရုံကြီး ၁၀၀ အတွက် ချေးငွေထုတ်ပေးရန် ဝန်မလေးသော်လည်း ဝင်ငွေနည်း ပြည်သူတို့အတွက် အိမ်ခန်း ၁၀၀ မျှကိုပင် ချေးငွေထုတ်ပေးနိုင်သည်ဟု မကြားမိသေးပါ။ ထို့ကြောင့် မြန်မာနိုင်ငံ၌ အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းကို ထဲထဲဝင်ဝင် ဆောင် ရွက်ပေးလျက်ရှိသည့် CHDB ဘဏ်တွင် ငွေစုဆောင်းခြင်းဖြင့် ပုံမှန်အတိုးငွေရရှိရုံမျှမက တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာများ ဝယ်ယူရန် ချေးငွေလမ်းကြောင်းကိုလည်း အသုံးပြုနိုင်ခွင့်ရရှိမည် ဖြစ်ပေသည်။ အရေးကြီးသည်မှာ ပထမအရစ်ပေးသွင်းရမည့် Down Payment နည်းပြီး အရစ်ကျပေးသွင်းမှု ကာလရှည်လျားရန်နှင့် အတိုးနှုန်းသက်သာရန် ဖြစ်၏။

လက်ရှိ CHDB ၏ ဘဏ်အနေအထားကို ဆွေးနွေးသုံးသပ်လို၏။ Semi-Govt: ဘဏ်ဖြစ်သည့် အားလျော်စွာ အစိုးရ၏ မတည်ငွေရင်း (Paid up Capital) နှင့် ပုဂ္ဂလိက မတည်ငွေရင်းနှစ်ရပ်ပေါ်တွင် ရပ်တည်နေရသောဘဏ် ဖြစ်၏။

အစိုးရ၏ မတည် ရင်းနှီးငွေမှာ ငွေသားပါဝင်မှု ၁၇ ရာခိုင်နှုန်းခန့်သာရှိပြီး ပုံသေပိုင်ပစ္စည်းနှင့်ပေါင်းလျှင် ရာခိုင်နှုန်းအားဖြင့် ၂၄ ရာခိုင်နှုန်းမျှသာရှိ သေးကြောင်း သိရှိရ၍ အချိုးအစားအားဖြင့် အလွန်နည်းသေးသည်ဟု ထင်မြင်ယူဆ၏။ ဆောင်းပါးအစ၌ ဖော်ပြခဲ့သည့်အတိုင်း CHDB ဘဏ်သည် စုဆောင်းငွေ စာရင်းသီးခြားဖွင့်လှစ်စုဆောင်းသော ပြည်သူတို့အား အိမ်ပိုင်ဆိုင်ရန် အရစ်ကျငွေသွင်းစနစ်ဖြင့် ဦးစားပေးငွေချေးမည်ဟူသော သတင်းကို စတင်ကြားသည့်နေ့မှ ရက်သတ္တနှစ်ပတ် ခန့်အတွင်း ပြည်သူ ၂,၀၀၀ ခန့်ကစုဆောင်း ငွေစာရင်း ဖွင့်လှစ်ကြရာ စုစုပေါင်း ကျပ်ငွေသန်း ၇၀၀ ခန့်အထိရှိကြောင်း သိရှိရပါသည်။ ပြည်သူတို့က အိမ်ရာတံခါးများ ဖွင့်လှစ်ရန်အတွက် ငွေသော့များ ဦးစားပေးရရှိနိုင်ရန် ဘဏ်သို့ မျှော်လင့်ကြီးစွာဖြင့် စုဆောင်းအပ်နှံခြင်း ဖြစ်ပေသည်။

ယခုအခါ ပြည်ထောင်စုအစိုးရသည် ဘဏ်တွင် မတည်ရင်းနှီး ငွေကိုထပ်မံတိုးမြှင့်ထည့်သွင်း ပေးရန် အကောင်းဆုံးအချိန်သို့ ရောက်ရှိလာပြီဖြစ်၏။ အထက်ပါ ပြည်သူတို့၏ စုဆောင်းငွေတိုးပွား မှုသာမက အစိုးရ၏ မတည်ငွေ ရင်းများပါ တိုးမြှင့်ထည့်သွင်းပေးလျှင် တန်ဖိုးမျှတနှင့် တန်ဖိုးနည်းအိမ်ရာများအတွက် ချေးငွေအင် အားကြီးမားလာမည်ဖြစ်၏။ ပြည် ထောင်စုအစိုးရ၏ စီမံကိန်းများ အရ ၂ နှစ်အတွင်း တန်ဖိုးနည်းအိမ်ခန်း ၈,၀၀၀ ဆောက်လုပ်မည်ဟု သိရှိရ၏။ လက်ရှိ ပထမအသုတ် ၂,၂၀၀ ကို မကြာမီရောင်းချမည်ဟု သိရှိရ၏။ အိမ်ခန်းဝယ်ယူ သူတို့အတွက် နှစ်ရှည် ၁၅ နှစ်အထိ အရစ်ကျငွေပေးသွင်းမှုကာလကို တိုးမြှင့်သတ်မှတ်ပေးနိုင်လျှင် ဝင်ငွေနည်းသူတို့ များစွာလက်လှမ်းမီနိုင်မည် ဖြစ်၏။

အစိုးရ၏ ဘတ်ဂျက်လိုငွေ ပြမှုကြီးမားပြီး ငွေဖောင်းပွမှုမြင့် တက်နေစဉ် အိမ်ရာဘဏ်ငွေကြေးစနစ် အားကောင်းအောင် အစိုးရ၏ မတည်ရင်းနှီးမှုများ ထပ်မံပြု လုပ်သင့်ပါမည်လောဟု မေးမြန်းသင့်၏။ ၁၉၇၂ ခုနှစ် ကိုလံဘီယာ နိုင်ငံ၏ အတွေ့အကြုံအရ ‘တောင့်တင်းပြီး စနစ်ကျသော အိမ်ရာငွေကြေးစနစ်သည် အစိုးရ၏ ငွေကြေးကဏ္ဍကိုသာမက စီးပွားရေးဖွံ့ဖြိုးမှုများကိုပါ ဖြစ်ပေါ်စေကြောင်း’ (Well- structured housing finance systems can make toward both financial sector and over all economic development) ကမ္ဘာ့ဘဏ်က သုံးသပ်ဖော်ပြခဲ့၏။

ထို့အပြင် မကြာမီက အသေးစားနှင့် အလတ်စားချေးငွေများအတွက် ဂျပန်နိုင်ငံ ဂျိုက်ကာ (JICA) မှ SME two Step Loan အစီအစဉ်ဖြင့် မြန်မာကျပ်ငွေ ၃၀ ဘီလီ ယံတိတိ ချေးမည်ဟု သိရှိရ၏။ ထို ချေးငွေမှ ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် လုပ်ငန်းရှင်များကို ထပ်ဆင့်ထုတ်ချေးနိုင်မည်ဖြစ်ကြောင်း လည်း သိရှိရပေသည်။ မြန်မာနိုင်ငံ အိမ်ရာဖွံ့ဖြိုးရေးအတွက် တစ်ခုတည်းသော ဘဏ်ဖြစ်သည့် CHDB ဘဏ်အား အထက်ပါအ တိုင်း ပြည်ပမှ Two Step Loan များ ရရှိအောင်လည်း အထူးဦးစား ပေးဆောင်ရွက်ပေးသင့်ပါသည်။ လက်ရှိ ၁၂ ရာခိုင်နှုန်း အတိုးအစား SME ဘဏ်ကဲ့သို့ ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးကိုလည်း ပြည်သူတို့ ခံစားနိုင်မည်ဖြစ်၏။ ၁၅ နှစ် နှစ်ရှည်ချေးငွေလည်း ရရှိနိုင်ရန် အလားအလာပိုမိုကောင်းမွန်လာ မည်ဖြစ်၏။

၁၉၇၅ ခုနှစ် ချီလီစီးပွားရေးသည်လည်းကောင်း၊ ၁၉၈၅ ခုနှစ် မလေးရှားစီးပွားရေးသည်လည်းကောင်း၊ အိမ်ရာဖွံ့ဖြိုးရေးကို အာရုံစိုက်ခြင်းကြောင့် ပြန်လည် ဦးမော့လာခြင်းဖြစ်ပါသည်။
ထို့ကြောင့် အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ Danny Dorlings ဆိုသူက ‘အိမ်ရာသည် ကျွန်ုပ်တို့ခေတ် ကာလ၏ စီးပွားရေးပြဿနာများ ကို အဓိပ္ပာယ်ဖွင့်ဆိုပေးလျက်ရှိပေ ပြီ’ (Housing has become defining economic issues of our times)ဟု ဖွင့်ဆိုခဲ့ခြင်းဖြစ်၏။ ထို့အပြင်တစ်ဝ ကမ္ဘာ့ဘဏ်ကလည်း ‘အိမ်ရာကဏ္ဍသည် နိုင်ငံ၏ ကျယ်ပြန့်သော လူမှုရေးနှင့် စီးပွား ရးရည်မှန်းချက်များကို ဖြည့်ဆည်းပေး၏’ (Housing sector contributes towards broad social and economic objective) (1993) ဟူ၍လည်းကောင်း သုံးသပ်ဖော်ပြခဲ့ခြင်း ဖြစ်ပေသည်။

လက်ရှိ စီးပွားရေးနှင့် ဘဏ္ဍာရေးအခြေအနေကြောင့် အိမ်ရာအတွက် ရင်းနှီးမြှုပ်နှံမှုကို မလျှော့သင့်ပေ။ သဘာဝဘေးဒဏ်ကြောင့် အိမ်ရာမဲ့များလည်း တိုးပွားနေ၏။ အိမ်ရာမဲ့ပြည်သူတို့က အိမ်ရာဝယ်ယူနိုင်ရေးအတွက် CHDB ဘဏ်တွင် တတ်အားသမျှ ငွေစုနေကြ၏။ အစိုးရအနေဖြင့် တန်ဖိုးနည်းအိမ်ရာ ချေးငွေ သီးသန့်သုံးစွဲရန်အတွက် မတည် ရင်းနှီးငွေများ တိုးမြှင့်ထည့်သွင်း ပေးစေလို၏။ ပြည်ပမှ Two Step Loan များလည်း ရရှိအောင် ဆောင်ရွက်ပေးစေလိုပါသည်။ ဤသို့ဖြင့် ဝင်ငွေနည်းပြည်သူများအား ငွေသော့ဖြင့် အိမ်တံခါးများ ဖွင့်နိုင်အောင် အင်တိုက်အားတိုက် ကူညီကြပါဟု မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါသည်။

Credit: 7Day News

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...
အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...
အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လော့စ်အိန်ဂျလိတောမီးကြောင့် ပြာကျသွားသည့် နေအိမ်တစ်လုံးကို ဝယ်ယူရန် ကမ်းလှမ်းသူပေါင်း ၆၀ ဦး ကျော်ရှိခဲ့ပြီး ဒေါ်လာ ၁ သန်
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
ဘရက်ပစ်နဲ့ ရောဘတ်ပက်တင်ဆန်တို့ကို ဖြတ်ကျော်ပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့အချောဆုံး အမျိုးသားအဖြစ် ရွေးချယ်ခံရတဲ့ V (BTS) က ပရိသ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
Magical World Apartment
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service