အိမ်ရာများနှစ်ရှည်အရောင်းစနစ်ဖြင့် ကျင့်သုံးမှုများရှိလာသောကြောင့် ပြည်တွင်းအိမ် ခြံ မြေ ဈေးကွက်တွင်လည်း အမှးအယွင်းများသော အရောင်းအဝယ်ပုံစံဖြစ်ခဲ့ပါက ပူဖောင်းပေါက်သည့် အန္တရယ်မျိုးကို ဆယ်စုနှစ်အတွင်း ခံစားရနိုင်ဖွယ်ရှိကြောင်း အိမ် ခြံ မြေ စောင့်ကြည့်လေ့လာသူများကပြောဆိုသည်။
"""ကျွန်တော်တို့ဆီမှာ အိမ် ခြံ မြေ နဲ့ပတ်သက်လို့ တစ်ခါတစ်လေ အရမ်းပါးတဲ့အခါကြရင် ပူဖောင်းပေါက်တယ် ဘာ ညာ ပြောလေ့ရှိပါတယ်။အမှန်က မဟုတ်ပါဘူး။ပူဖောင်းပေါက်တယ်ဆိုတာက အမေရိကန်တို့လို အနောက်နိုင်ငံတွေမှာမှ နှစ်ရှည်ချေးငွေ စနစ်တွေနဲ အိမ်ရာ အရောင်းစနစ်တွေမှာ ရံဖန်ရံခါ ပြသနာရှိမှ ဈေးကွက်ယိုင်လဲပြီး ပူဖောင်းပေါက်တယ်လို့ဆိုရတာပါ။ကျွန်တော်တို့ဆီမှာက အဲဒီလို အရောင်းအဝယ်စနစ်တွေ တွင်တွင်ကျယ်ကျယ်ရှိမလာသေးပါဘူး။""ဟု ရန်ကုန်အခြေစိုက်အိမ် ခြံ မြေ လေ့လာစောင့်ကြည့်သူကဆိုသည်။
သို့သော် ပြည်တွင်း အိမ်ခြံ မြေ ကဏ္ဍတွင် အိမ်ရာ အရောင်းစနစ်သသည် ယခင် နှစ်နှောင်းပိုင်းမှစတင်ကာ နှစ်ရှည် အရစ်ကျစနစ်သို့ပြောင်းလဲလာခဲသည်။""ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်အထိ အချိန်ပေးထားတဲ့ ဈေးကွက်တွေ အိမ်ရာအရောင်းတွေရှိပါတယ်။ဒါတွေဟာ ပြောရရင် ကောင်းတဲ့စနစ်တွေလို့ပြောရမှာပါ။နှစ်ရှည် ပုံစံနဲ့ရောင်းပေးတဲ့အခါ ဝယ်လိုသူတွေအတွက် အခက်အခဲနည်းတာပေါ့။ ရောင်းပေးတဲ့သူတွေအတွက်တော့ တခါတလေ အန္တရယ်ရှိတယ်။ဒါပေမယ့် ဒီစနစ် စ ရုံနဲ့ ဈေးကွက်ဟာ တစ်ဆစ်ချိုးပြောင်းတာ ပူဖောင်းပေါက်တာ မဖြစ်နိုင်ပါဘူး။ဒါပေမယ့် အမှားအယွင်များခဲ့ရင်တော့ ဆယ်စုနှစ်တစ်စုစာမှာ ပူဖောင်းပေါက်နိုင်ခြေရှိပါတယ်။""ဟု ရန်ကုန်အခြေစိုက် အကျိုးဆောင်တစ်ဦးမှ သုံးသပ်ပြောပြခဲ့သည်။
လတ်တလော အိမ် ခြံ မြေ ဈေးကွက်မှာ ပြန်လည် ဦးမော့လာနေကြောင်းကိုတွေ့ရှိရသည်။ဗဟန်း ၊ ရန်ကင်း ၊ တောင် ဥက္ကလာ ၊အစရှိသည့် မျြို့နယ်များနှင့် လေးထောင့်ကန်ုမို့သစ်ဘက်တွင် အရောင်းအဝယ်အတန်ငယ် ဦးမော့လာနေကြောင်းသိရသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com