ရန်ကုန် မြေပြင် လုပ်ငန်းများပင် မစတင်ရသေးဘဲ ပြီးခဲ့သည့် အစိုးရလက်ထပ်က တည်ဆောက်ရန် တင်ပြထားသည့် အထပ်မြင့် အဆောက်အအုံ ၁၃၀ကျော်ကို လည်း တည်ဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာေ၇း ကော်မတီ ထံမှသတင်း ရရှိသည်။
သူတို့က ဘာလုပ်ငန်းမှ မစရသေးဘူး တင်ထားရုံပဲ ရှိသေးတယ် သူတို့အနေနဲ့ ဆက်ဆောက်ချင်ရင် လိုအပ်တဲ့ အချက်အလက်တွေနဲ့ မူအားးဖြင့် ခွင့်ပြုချက်ရအောင် တင်ပြလို့ရပါပြီ ဆောက်လုပ်ခွင့်တွေကိုလည်း ပြန်ချပေးသွားမှာပါ " ဟု ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ အင်ဂျင်နီယာနှင့် အဆောက်အအူံဌာနမှ တာဝန်၇ှိသူတစ်ဦးကဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရန်ကုန်မြို့တော် အင်္ဂါ ရပ်နှင့်အညီ အဆောက်အအုံများ တည်ဆောက်မှု စိစစ်ရေးကော် မတီဖွဲ့စည်းပြီး ပါမစ်ကျပြီး အ ဆောက်အအုံများ၊ ပါမစ်မကျ သေးသည့် အထပ်မြင့်အဆောက် အအုံများစုပေါင်း၍ ၁၁၉ လုံးကို စုပေါင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ဆေးမှုများထဲမှ ၁၃ထပ်နှင့် အထက် ဆောက်လုပ်မည့် အဆောက်အအုံ ၁၃၀ကျော် မြေမြင်လုပ်ငန်းများ ပင်မစတင်ရသေးပေ။
ထို့ကြောင့် ဆောက်လုပ်ရန် မြေပြင်လုပ်ငန်းများပင် မစတင်ရသေးဘဲ ခွင့်ပြုချက်တင်ထားသည့် အဆောက်အအုံ ၁၃၀ ကိုလည်း ဆက်လက်စစ်ဆေးပြီး သတ်မှတ်ချက်နှင့် ကိုက်ညီပါက ခွင့်ပြုပေးမည်ဖြစ်သည်။
ထို့ကြောင့် မေလ ၂၀ ရက်မှ စ၍ သုံးလကျော်ရပ်နားထားရသောရန်ကုန်မြို့ရှိ အထပ်မြင့်အ ဆောက်အအုံစီမံကိန်းအများစုကို ပြန်လည်ခွင့်ပေးခြင်းဖြစ်သည်။
သို့သော် ထပ်မံ အသစ်တည်ဆောက်မည့် အဆောက်အ အုံများကို ခွင့်ပြုမိန့်တင်ပြခြင်း ရပ်ဆိုင်းထားကာ နောက်ပိုင်းတွင် ကျင့်သုံးမည့် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ် မူအသစ်ဖြင့် စိစစ်ခွင့်ပြုမည် ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com