(၁) ဒယ်လ်ပိုဇိုရဲတိုက်
အီတလီနိုင်ငံ၊ မီလန်မြို့မှ ကီလိုမီတာ ၆၀ အကွာတွင်တည်ရှိသည်။
ရဲတိုက်အတွင်း အိပ်ခန်း ၈ ခန်း၊ စားသောက်ဆိုင်တစ်ခုနှင့် ၀ိုင်ဘားတို့ ပါဝင်သည်။
ဈေးနှုန်း- ရဲတိုက်တစ်ခုလုံး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၄၁၀၀ (မြန်မာငွေ သိန်း ၅၀ နီးပါး) ဖြစ်သည်။
(၂) ၀ီလ်တန်ရဲတိုက်
အိုင်ယာလန်နိုင်ငံသည် ရှေးဟောင်းရဲတိုက်များဖြင့် နာမည်ကျော်သည့် နိုင်ငံတစ်ခုဖြစ်သည်။
ဝီလ်တန်ရဲတိုက်ကို ၁၉ ရာစုတွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အိုင်ယာလန်အရှေ့တောင်ပိုင်း၊ ဘိုရိုမြစ်ကမ်းဘေးတွင် တည်ရှိကာ အိပ်ခန်း ၇ ခန်း ပါဝင်သည်။
ဈေးနှုန်း- ရဲတိုက်တစ်ခုလုံး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၁၂၀၀ (မြန်မာငွေ ၁၄ သိန်းကျော်) ဖြစ်သည်။
(၃) တန်ခရီဒီ ရဲတိုက်
အီတလီနိုင်ငံတွင်တည်ရှိပြီး ယူနက်စကိုက အသိအမှတ်ပြုခြင်းခံထားရသော သမိုင်းအမွေအနှစ်တစ်ခုဖြစ်သည်။
ရေကူးကန်၊ တင်းနစ်ကွင်း၊ ရေကန်တို့ပါဝင်သည်။
ဈေးနှုန်း- ရဲတိုက်တစ်ခုလုံး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၄၁၀၀ (မြန်မာငွေ သိန်း ၅၀ နီးပါး) ဖြစ်သည်။
(၄) ကီလ်ကိုဂန် ရဲတိုက်
အိုင်ယာလန်နိုင်ငံတွင် တည်ရှိသည်။ ရဲတိုက်မျှော်စင်တွင် ဧည့်သည်များအတွက် အခန်း ၂ ခန်းပါဝင်ပြီး ရဲတိုက်၏ပိုင်နက်ဧရိယာမှာ ၉ ဧကခန့် ကျယ်ဝန်းရာ ငါးမျှားခြင်း၊ မြင်းစီးခြင်းတို့ ကောင်းစွာပြုလုပ်နိုင်သည်။
ဈေးနှုန်း- ရဲတိုက်တစ်ခုလုံး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၃၅၀ (မြန်မာငွေ ၄ ဒသမ ၂ သိန်းခန့်) ဖြစ်သည်။
(၅) တိုရီ ထရာစီတာ ရဲတိုက်
အီတလီနိုင်ငံတွင် တည်ရှိသည်။ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသောကြောင့် ပင်လယ်ကို စီးမိုးရှုမြင်နိုင်သည်။
ရဲတိုက်အတွင်း အိပ်ခန်း ၃ ခန်းပါဝင်သည်။
ဈေးနှုန်း- ရဲတိုက်တစ်ခုလုံး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၁၄၀၀ (မြန်မာငွေ ၁၇ သိန်းနီးပါး) ဖြစ်သည်။
(၆) ဘော်ဂျီယာ ရဲတိုက်
အီတလီနိုင်ငံ၊ ထရာစီမီနို ရေကန်ဘေးတွင် တည်ရှိသည်။
ရဲတိုက်၏ ဧရိယာပိုင်နက်မှာ ၉ ဟက်တာ ခန့် ကျယ်ဝန်းပြီး အိပ်ခန်း ၇ ခန်းပါဝင်သည်။
ရဲတိုက်အတွင်း ကြီးမားသော ရေကူးကန်တစ်ခုနှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။
လက်ရှိပိုင်ဆိုင်သူမှာ အီတလီ၏ နာမည်ကျော် နိုင်ငံရေးလောကမှ မိသားစုဖြစ်သော ဘော်ဂျီယာမိသားစုမှ ပိုင်ဆိုင်သည်။
ဈေးနှုန်း- ရဲတိုက်တစ်ခုလုံး ငှားရမ်းခမှာ တစ်ညလျှင် ကန်ဒေါ်လာ ၁၃၀၀ (မြန်မာငွေ ၁၅ သိန်းခွဲဝန်းကျင်) ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)