တစ်ခုသော တနင်္ဂနွေနံနက်ခင်းတွင် အိမ်ထောင်ရှင် အမျိုးသားတစ်ဦး နေအိမ်အတွင်း၌ အသတ်ခံရ၏။
ဇနီးဖြစ်သူက ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားရာ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး နေအိမ်အတွင်းနေထိုင်သူတို့ကို စစ်ဆေးမေးမြန်းလေသည်။
ထိုသို့ စစ်မေးရာတွင် အောက်ပါအတိုင်း အလီဘိုင်ပြကြ၏။
(မှတ်ချက်။ အလီဘိုင်ဟူသည်မှာ အခင်းဖြစ်ချိန်တွင် အခင်းဖြစ်နေရာ၌ မရှိကြောင်း ငြင်းချက်ထုတ်ခြင်း ဖြစ်သည်။)
ဇနီး။“အဲဒီအချိန်မှာ ကျမ အိပ်ပျော်နေပါတယ်”
လူယုံ။ “သူဌေးအသတ်ခံရတဲ့အချိန်လောက်မှာ ကျွန်တော်က အ၀တ်ဗီရိုရှင်းနေပါတယ်”
ဥယျာဉ်မှူး။ “ကျွန်တော်က ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ ခူးနေပါတယ်”
အိမ်ဖော်။ “အဲဒီအချိန်မှာ စာပို့သမားလာလို့ စာတွေလက်ခံပေးနေပါတယ်”
ထမင်းချက်။ “သူဌေးအတွက် နံနက်စာ ပြင်ပေးနေပါတယ်”
၎င်းတို့၏ အလီဘိုင်ပြမှုများကို နားထောင်ပြီးသည်နှင့် တပြိုင်နက် ရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးလိုက်လေသည်။
တရားခံမှာ မည်သူဖြစ်ပါသနည်း။
ရဲတပ်ဖွဲ့က မည်သို့သိသွားသနည်း။
အဖြေ....
ထိုနေ့မှာ တနင်္ဂနွေ ဖြစ်နေသောကြောင့် စာပို့သမား မလာခဲ့ပါ ၊ ထို့ကြောင့် လူသတ်တရားခံမှာ အိမ်ဖော် ဖြစ်ပါသည် ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)