ခေါ်ဈေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံဖြင့် ကမ္ဘာ့ဈေးအကြီးဆုံးအိမ်သည် ကမ္ဘာ့အိမ်ခြံမြေဈေးကွက်သို့ ရောက်ရှိလာပြီဖြစ်သည်။
Villa Les Cedres သည် ပြင်သစ်နိုင်ငံတောင်ပိုင်း နိုက်စ်မြို့အနီးရှိ စိန့်ဂျင်းကပ်ဖားရတ်ဒေသဘီလျံနာရပ်ကွက်တွင် တည်ရှိသည်။ ၁၈၃၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီးမူလက ဘယ်ဂျီယံဘုရင် လီယိုပိုး II က ပိုင်ဆိုင်ခဲ့သည်။
လက်ရှိတွင် ဂရန်းမာနီယာမိသားစုဝင် ဆူဇန်မာနီယာလာပိုစတိုလီက ပိုင်ဆိုင်သည်။ ဂရန်းမာနီယာမိသားစုသည် ၁၉၂၀ ပြည့်လွန်နှစ်များကတည်းက ထိုဒေသတွင် နေထိုင်လာခဲ့ပြီး အရက်သေစာထုတ်လုပ်မှုဖြင့် ကျော်ကြားသည်။ သို့သော် ယခုအခါ သူတို့က ယင်းထက် ပိုသေး
သော အိမ်ကို ရှာဖွေနေကြသည်။
Villa Les Cedres တွင် အိပ်ခန်း ၁၀ ခန်း၊ အိုလံပစ်အဆင့် ကျယ်ဝန်းသော ရေကူးကန်၊ ၃၅ဧက ကျယ်သော မြက်ခင်းပြင်၊ မြင်းကောင်ရေ ၃၀ ဆံ့ မြင်းတင်းကုပ်၊ ရုက္ခဗေဒဥယျာဉ်တို့ရှိသည်။ ရုက္ခဗေဒဥယျာဉ်သည် ယင်းအိမ်ခြံ၏ တန်ဖိုးအကြီးဆုံးဖြစ်သည်ဟု Forbesကမ္ဘာကျော်မဂ္ဂဇင်းက ဖော်ပြထားသည်။ အချိန်ပြည့်ဥယျာဉ်မှူး ၁၅ ဦးက စောင့်ကြပ်သည့်ယင်းဥယျာဉ်သည် ဥရောပတွင် အလှဆုံးပုဂ္ဂလိကဥယျာဉ် ၁ ခုအဖြစ်လည်း ဖော်ပြခံထားရသည်။ ၎င်းတွင် ဂရင်းဟောက်စ် ၂၀ ခုပါဝင်သည့်အပြင် ရှားပါးအပူပိုင်းအပင်မျိုးစိတ်၁၅,၀၀၀ ခန့်လည်း ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)