အထပ်လျှော့ခံရတဲ့ အထပ်မြင့်အဆောက်အအုံတွေကို သတ်မှတ်ချက်နဲ့အညီ ပြန်ပြုပြင်ပေးရင် မူလပေး ထားတဲ့ အထပ်မြင့်ပြန်လည်တည်ဆောက်ခွင့်ပြုမယ်လို့ သိရပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက “ပြန်စစ်ဆေးပြီးတော့ သူတို့ ဘက်က ပြင်ပေးစရာရှိတာ ပြင်ပေးကြတယ်လေ၊ ပြင်ပေးတာကိုက်ညီတယ်ဆို ရင်တော့လဲ ခွင့်ပြုပေးမယ်လို့ ထင်ပါတယ်၊ အကုန်လုံးလဲ ဟုတ်ချင်မှဟုတ်မှာပေါ့”လို့ ပြောပါတယ်။
အထပ်လျှော့ခံရတဲ့ အထပ်မြင့် စီမံကိန်း ၁၂ ခုက ဒုတိယအကြိမ် ထပ်မံစစ်ဆေးခံရတာဖြစ်ပါတယ်။ ပါမစ်ကြီးကျပြီး မြေပြင်မှာ တည်ဆောက်နေဆဲ အထပ်မြင့် စီမံကိန်း ၁၂ လုံးကို ပထမအကြိမ်စစ်ဆေးစဉ်မှာ အထပ်မြင့်လျှော့ချတာနဲ့ ဆောက်လုပ်ခွင့်အသစ် ပြန်တင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီက ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့ပါတယ်။
အထပ်လျှော့ခံရတဲ့ အထပ်မြင့်စီမံကိန်းတွေက ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီကို စီမံကိန်းများ ဆက်လက်တည်ဆောက်ခွင့်ပြုဖို့အသနားခံတင်ပြတာကြောင့် ဒုတိယအကြိမ် မြေပြင်မှာ ထပ်မံစစ်ဆေးပေးခဲ့ပါတယ်။
ဒုတိယအကြိမ်မြေပြင်ကွင်းဆင်း စစ်ဆေးတာတွေကို ရန်ကုန်တိုင်းဒေသကြီးက အထပ်မြင့်စီမံကိန်းတွေ စစ်ဆေးဖို့ ဖွဲ့စည်းပေးထားတဲ့ ရန်ကုန်မြို့တော်အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပေးတာဖြစ်ပါတယ်။
မူလပေးထားတဲ့ အထပ်မြင့်အတိုင်း ပြန်လည်တည်ဆောက်ဖို့ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန အဆောက်အအုံကနေ ဆောက်လုပ်ရေးကုမဏီတွေကို အ ကြောင်းကြားပေးမှာဖြစ်ပါတယ်။
ရန်ကုန်မြို့က အထပ်မြင့်အဆောက် အအုံစစ်ဆေးတာတွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မေလ ၂၃ ရက်နေ့ကစပြီးရန်ကုန်မြို့တွင်းက အထပ်မြင့်အဆောက်အအုံအားလုံး ယာယီရပ်နားဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အဆောက်အအုံဆောက်လုပ်ခွင့် ရပ်နားတာတည်ဆောက်ခွင့်ကျပြီး အထပ်မြင့်တွေ ပြန်လည်လျှော့ချတာကြောင့် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံ ဆုံးရှုံးခဲ့တယ်လို့ ပြောပါတယ်။
အစိုးရသစ်ရဲ့ အထပ်မြင့်စစ်ဆေးရေးက ပြီးခဲ့တဲ့အစိုးရဟောင်းလက်ထက်က ပါမစ်ကြီးကျပြီး တည်ဆောက်ခွင့်ပြုထားတဲ့ အထပ်မြင့် ၆၄ လုံးကို ပထမအကြိမ် စစ်ဆေး ခဲ့ပြီး အထပ်မြင့် ၁၂ လုံးကို အထပ် လျှော့တာတည်ဆောက်ခွင့်ပြန်တင်ခိုင်းခဲ့ပေမဲ့ ကျန်တဲ့၅၂လုံးကိုတော့ဆက်လက်တည်ဆောက်ခွင့်ပြုပေးလိုက်ပါတယ်။
Credit: The Kumudra