မြန်မာနိုင်ငံအိမ်ခြံမြေ လုပ်ငန်းရှင်များအသင်း အနေဖြင့် အကျိုးဆောင်ခများ သတ်မှတ်ထုတ်ပြန်ခဲ့သော်လည်း ယင်းသို့ထုတ်ပြန်မှုမှာ ဥပဒေကြောင်းအရ တရားဝင်ထုတ်ပြန်ထားခြင်းမဟုတ်ဘဲ ၎င်းအသင်းသားများအတွက်သာဖြစ်နိုင်ကြောင်း
အိမ်ခြံမြေ အကျိုးဆောင်အချို့ကသုံးသပ်ပြောဆိုသည်။
""ကျွန်တော်တို့အထင်ကတော့ ဒါက မြန်မာနိုင်ငံအိမ်ခြံမြေ အသင်းသားတွေအတွက်ပဲထုတ်တာလို့ပဲမြင်တယ်လေ။
တစ်ခြားတော့ မဟုတ်ပါဘူး။ဘာလို့ဆို ကျန်တဲ့အကျိုးဆောင်တွေကတော့ သူ့ဟာနဲ့သူအရင်ပုံစံအတိုင်းပဲသွားနေကြတာ
ပဲလေ။နောက်ပြီးပွဲခယူတာက တစ်နေရာနဲ့ တစ်နေရာမှ မတူတာ။ရန်ကုန်မှာ ၂ရာခိုင်နှုန်း ၊ တစ်ချို့က ၃ ရာခိုင်နှုန်းယူတယ်။မန္တလေးမှာကြတော့အရောင်းဆိုရင် ၃ ရာခိုင်နှုန်းယူတယ်။ကျွန်တော်တို့ကတော့ ကိုယ့်ဟာနဲ့ကိုယ်ပါပဲ""ဟု ရန်ကုန်အခြေစိုက် အကျိုးဆောင်တစ်ဦးမှပြောပြသည်။
ယင်းကဲ့သို့ သတ်မှတ်ထုတ်ပြန်မှုများကြောင့် အချို့ဖောက်သည်များအနေဖြင့် ယင်းဈေးနှုန်းအားအတည်မှတ်ယူပေးချေပါက အိမ် ခြံ မြေ လောကသားများနစ်နာကြောင်းလည်း အချို့က ပြောဆိုသည်။
""အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ တစ်ခုကထုတ်တာဆိုတော့ အကျုံးမဝင်ဘူး။တစ်နေ့နေ့ ဆစ်ချိနိချိန်မှာ ဥပဒေတွေဘာတွေ သပ်သပ်ခပ်ခပ် ဖြစ်လာရင်တော့ အာဏာပိုင်အဖွဲ့အစည်းကထုတ်တဲ့ဟာကို လိုက်နာကျင့်သုံးရမှာပေါ့။ကျွန်တော်တို့အသင်းအနေနဲတော့ ဘာမှထုတ်ပြန်ဖို့မရှိပါဘူး။""ဟု.ရန်ကုန်တိုင်း
အိမ်ခြံမြေအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ အကျိုးဆောင်ခနှုန်းထားသတ်မှတ်ချက်တွင် အကျိုးဆောင်ခအား ၂ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ၁၀ နှစ်စာချုပ်ပါကတစ်လစာသာယူရန်သတ်မှတ်ညွှန်ကြားထုတ်ပြန်ထားသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com