ကမ္ဘာကျော်နိုင်အာဂရာရေတံခွန်တွင် တရုတ် developerက ကနေဒါဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်မည်

ကမ္ဘာကျော်နိုင်အာဂရာရေတံခွန်တွင် တရုတ် developerက ကနေဒါဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
23 Aug 2016 10:21 am တွင် တင်ခဲ့သည်
2070 ကြိမ် ကြည့်ရှု့ပြီး
အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနယ်စပ်ရှိ ကမ္ဘာကျော်နိုင်အာဂရာရေတံခွန်တွင် Evertrust Development Group Canada Inc ကုမ္ပဏီက ကနေဒါဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်မည်ဖြစ်သည်ဟု ကနေဒါနိုင်ငံ၊ အွန်တေရီယိုအခြေစိုက် ရုပ်သံလိုင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

Evertrust Development Group Canada Inc သည် တရုတ်စွန့်ဦးတီထွင်လုပ်ငန်းရှင် တက်ကျူပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုဖြစ်သည်။

ကွန်ဒိုဆောက်လုပ်မည့်နေရာမှာ နိုင်အာဂရာရေတံခွန်အနီးရှိ ၁၈ ကျင်းပါ Thundering Waters ဂေါက်ကလပ်အနီးတွင် တည်ဆောက်မည်ဖြစ်ပြီး ၁၀ ထပ်အမြင့်ဆောက်လုပ်မည့် အဆိုပါကွန်ဒိုအတွက် ကနေဒါဒေါ်လာ သန်း ၁၀၀ (ကန်ဒေါ်လာ ၇၈ သန်းခန့်) ကုန်ကျမည် ဖြစ်သည်။

မြေအကျယ်အ၀န်း စတုရန်းပေ ၁၅၀၀၀၀ ပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး အခန်း ၁၅၀ ပါဝင်မည်ဖြစ်ကာ တစ်ခန်းလျှင် ကနေဒါဒေါ်လာ ၂၈၃၉၀၀ (ကန်ဒေါ်လာ ၂၂၁၇၀၀) မှ ကနေဒါဒေါ်လာ ၁ ဒသမ ၉ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း) အကြား တန်ကြေးရှိမည် ဖြစ်သည်။

အခန်းများ၏ အကျယ်အ၀န်းမှာ စတုရန်းပေ ၅၁၂ ပေမှ စတုရန်းပေ ၃၀၀၀ အကြားဖြစ်သည်။
ကွန်ဒိုမီနီယံဆောက်လုပ်မှုကို လာမည့်နှစ်တွင် စတင်မည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အပြီးသတ်ဆောက်လုပ်နိုင်ရန် ရည်မှန်းထားသည်။

Century 21 Today Realty Ltd မှ အိမ်ခြံမြေအကျိုးဆောင် မာ့ခ် ပရီမီရာနိုက သုံးသပ်ရာတွင် “ကျွန်တော် အိမ်ခြံမြေလောကထဲရောက်တာ ၂၉ နှစ်ရှိပါပြီ။ ဒီ ၂၉ နှစ်အတွင်း နိုင်အာဂရာမှာ အိမ်ခြံမြေဈေးကွက် အခုလောက်လင်းလက်မှုရှိတာမျိုး မတွေ့ခဲ့ဖူးပါဘူး။ ဒီလိုတန်ဖိုးကြီးဇိမ်ခံအဆောက်အအုံတွေဆောက်တာ တိုရွန်တိုနဲ့ တခြားမြို့ကြီးတွေမှာ တွေ့ဖူးပါတယ်။ ဒါပေမယ့် နိုင်အာဂရာမှာတော့ ဒါဟာ ပထမဆုံးပါ”ဟု သုံးသပ်ပြောကြားသည်။

ယင်းကွန်ဒိုခန်းများမှာ နှစ်လအတွင်း ခြောက်ဆယ်ရာခိုင်နှုန်းခန့်အထိပင် ရောင်းချခဲ့ရပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါကွန်ဒိုတွင် ၂၄ နာရီလုံခြုံရေး၊ အဆောက်အအုံတွင်း ရေပူကန်၊ အားကစားလေ့ကျင့်ရေးခန်းမများ၊ ပါတီပွဲနှင့် ညစာစားပွဲခန်းမများ၊ ကဇာတ်ရုံ အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘာကျော်နိုင်အာဂရာရေတံခွန်တွင် တရုတ် developerက ကနေဒါဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာကျော်နိုင်အာဂရာရေတံခွန်တွင် တရုတ် developerက ကနေဒါဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာ ကွန်ဒိုမီနီယံတစ်ခု တည်ဆောက်မည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက ဝူတန်တောင်အပါအဝင် အထင်ကရတောင် အလုံး ၅၀ ကို ကင်းမြီးကောက်ထောင်ကာ တက်နေမှု ပြည်မကြီးလူမှုကွန

တရုတ်ပြည်တွင် ဟိုတယ်တစ်ခု၌ တည်းခိုသော အမျိုးသမီးတစ်ဦးက လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားမည်ကို စိုးရိမ်သောကြောင့် ဟိုတယ်ခန်

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service