EU၏မဟာဗျူဟာကျသည့် နေရာတွင်တည်ရှိပြီး
နေထိုင်ရန်ကောင်းသောနိုင်ငံ၁နိုင်ငံအဖြစ် ဖော်ပြခံထားရ
သည့် ဆိုက်ပရပ်စ်နိုင်ငံသည် ၎င်းတို့နိုင်ငံတွင် ဘတ် သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်း)နှင့်အထက် ရင်းနှီးမြှုပ်နှံသူများအတွက် တစ်သက်တာ EU ပတ်စ်ပို့နှင့် နိုင်ငံသားဖြစ်ခွင့် ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းသည် အိမ်ခြံမြေကဏ္ဌအပါအဝင် ကဏ္ဌအမြောက်အမြားတွင်ချမ်းသာသောထိုင်းနိုင်ငံသားများကို ဆွဲဆောင်ရန် ဆိုက်ပရပ်စ်အစိုးရက ပေးနေသည့် ခံစားခွင့်မက်လုံးများစွာအနက် ၁ ခုဖြစ်သည်။
"အိမ်ခြံမြေ၊ စွမ်းအင်၊ ရေနံနှင့် ဓာတ်ငွေ့၊ အခြေခံအဆောက်အအုံ၊ ခရီးသွားလုပ်ငန်း အပါအဝင် အလားအလာရှိတဲ့ကဏ္ဌတွေမှာ ထိုင်းရင်းနှီးမြှုပ်နှံသူတွေဆီက ငွေကြေးကို ကျွန်တော်တို့နိုင်ငံက တိုးမြှင့်လိုပါတယ်" ဟု ဆိုက်ပရပ်စ်မဟာမင်းကြီး ဒီမီထရီယော့စ် သီအိုဖိုင်လက်တိုက ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။
အမြဲတမ်းနေထိုင်ခွင့် PR ကိုလည်း အနိမ့်ဆုံး အမေရိကန်ဒေါ်လာ ၃၃၉,၀၀၀ ရင်းနှီးမြှုပ်နှံသူများကို ပေးမည်ဖြစ်သည်။
ဆိုက်ပရပ်စ်သည် EU အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ်တွင် စတင်ရပ်တည်လာနိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် စတင်ကာ ဥရောပဇုန်တွင် ပါဝင်လာခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)