"ခေါ်ဈေး၏ထက်ဝက်ဈေးဖြင့် Playboy အိမ် ရောင်းထွက်သော်လည်း စံချိန်တင်ဈေးဖြစ်ဆဲ

"ခေါ်ဈေး၏ထက်ဝက်ဈေးဖြင့် Playboy အိမ် ရောင်းထွက်သော်လည်း စံချိန်တင်ဈေးဖြစ်ဆဲ - Property News in Myanmar from iMyanmarHouse.com
22 Aug 2016 10:48 am တွင် တင်ခဲ့သည်
593 ကြိမ် ကြည့်ရှု့ပြီး
ရောင်းချရန်ဈေးကွက်စတင်ခဲ့သည့်အချိန်မှစ ၁ နှစ်နီးပါးအကြာတွင် Playboy အိမ်ကြီးသည်အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့်ရောင်းထွက်သွားပြီဖြစ်သည်။ အရွယ်ရောက်ပြီးသူများအတွက် ရည်ရွယ်သည့် အမေရိကန်မဂ္ဂဇင်း Playboy အတွက် လွန်ခဲ့သည့် ၄၅ နှစ်အတွင်းဓာတ်ပုံရိုက်ကူးမှုများစွာ၊ ကမ္ဘာ့နာမည်ကျော်ပါတီများစွာ ကျင်းပလာခဲ့သည့် ကမ္ဘာ့နာမည်ကြီးအိမ်ကြီးရခိုင်ပင်ဖြစ်သည်။

ယင်းသည် ဟျုခ်ျဟက်ဖ်နာ၏ မူလခေါ်ဈေးထက်ဝက်သာဖြစ်သော်လည်း အမေရိကန်နိုင်ငံလော့စ်အိန်ဂျလိစ်မြို့တွင် သမိုင်းတစ်လျှောက် အမြင့်ဆုံးရောင်းဈေးဖြစ်သည်။
ဟျုခ်ျဟက်ဖ်နာ၏ အိမ်နီးနားချင်း၊ Playboy အိမ်တွင် ၂၀၀၉ ခုနှစ်ကတည်းက နေထိုင်လာသူ၊အမေရိကန်အဆာပြေအိတ်ဆောင်ကိတ်မုန့်လုပ်ငန်း Hostess ၏ ပူးတွဲတည်ထောင်သူ အသက် ၃၃ နှစ်ရှိ ဒါရင်းမက်ထရိုပိုလော့စ်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

အသက် ၉၀ နှစ်ရှိ ဟက်ဖ်နာသည် ကျန်ရှိသည့်ဘဝအချိန်များကို ထိုPlayboyအိမ်ကြီးတွင်သာဆက်လက်ကုန်ဆုံးမည်ဖြစ်သည်။ ယင်းအိမ်ကိုဝယ်ယူသူသည် Playboy မဂ္ဂဇင်းထုတ်ဝေသူဟက်ဖ်နာအား အိမ်တွင် ဆက်လက်နေထိုင်ခွင့်ပြုရမည်ဟု အရောင်းဈေးကွက်စတင်ကတည်းက ကြေညာထားပြီးဖြစ်သည်။

မက်ထရိုပိုလော့စ်က ၅ ဧကကျယ်သည့် Playboy ခြံကို ၂ ဒသမ ၃ ဧကကျယ်က်သော သူ့လက်ရှိခြံနှင့် ပူးပေါင်းရန်ရည်ရွယ်ထားသည်။ ယင်းခြံ၂ခြံသည် ၁၉၂၀ ပြည့်လွန်နှစ်များက ၁ခြံတည်းအဖြစ်သာရှိခဲ့သည်။ ကာလများရွေ့လျားပြီးနောက် ထိုစဉ်က ပိုင်ရှင်က ခွဲရောင်းခဲ့ရာ ၁ ခြံကို
ဟက်ဖ်နာက ၁၉၇၁ ခုနှစ်တွင် စတင် ဝယ်ယူနေထိုင်ခဲ့ခြင်းဖြစ်သည်။

Playboy အိမ်ကြီးသည် အထက်ပါအကြောင်းအရာများကြောင့်သာမက ဒီဇိုင်းပိုင်းကြောင့်လည်းဂုဏ်သတင်းကျော်ကြားသည်။

ထိုအိမ်အတွက် အရောင်းအဝယ်ကို ပြီးခဲ့သည့်ဇွန်လက သဘောတူညီ ဈေးတည့်ခဲ့ခြင်းဖြစ်ပြီးယခုအခါအရောင်းအဝယ်ပြီးစီးသွားပြီဖြစ်ကြောင်း မက်ထရိုပိုလော့စ်က ဈေးနှုန်းနှင့်တကွမကြာသေးမီက ကြေညာခဲ့ခြင်းဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
"ခေါ်ဈေး၏ထက်ဝက်ဈေးဖြင့် Playboy အိမ် ရောင်းထွက်သော်လည်း စံချိန်တင်ဈေးဖြစ်ဆဲ - Property News in Myanmar from iMyanmarHouse.com
"ခေါ်ဈေး၏ထက်ဝက်ဈေးဖြင့် Playboy အိမ် ရောင်းထွက်သော်လည်း စံချိန်တင်ဈေးဖြစ်ဆဲ - Property News in Myanmar from iMyanmarHouse.com
"ခေါ်ဈေး၏ထက်ဝက်ဈေးဖြင့် Playboy အိမ် ရောင်းထွက်သော်လည်း စံချိန်တင်ဈေးဖြစ်ဆဲ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

အိန္ဒိယတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးက စာမေးပွဲဖြေဆိုချိန် အလွန်နီးကပ်နေသောကြောင့် ကျောင်းသို့ စက်တပ်လေထီးဖြင့်သွားခဲ့ရာ

“ဂျပန်မှာ လုံခြုံစိတ်ချရမှုက အံ့မခန်းပါပဲ” မလေးရှားအမျိုးသမီးတစ်ဦးက ဂျပန်ရှိ စားသောက်ဆိုင်တစ်ခုတွင် iPad ကျန်ခဲ့ရာ နောက်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

CarsDB
Expo Singapore

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service