ဘန်ကောက်ကွန်ဒိုဈေးကွက် အ၀ယ်မရှိသော်လည်း မေးမြန်းစုံစမ်းမှုများ အလွန်မြင့်မားလာလျက်ရှိနေ

ဘန်ကောက်ကွန်ဒိုဈေးကွက် အ၀ယ်မရှိသော်လည်း မေးမြန်းစုံစမ်းမှုများ အလွန်မြင့်မားလာလျက်ရှိနေ - Property News in Myanmar from iMyanmarHouse.com
22 Aug 2016 10:42 am တွင် တင်ခဲ့သည်
1131 ကြိမ် ကြည့်ရှု့ပြီး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ကွန်ဒိုဈေးကွက်၌ အ၀ယ်မရှိသော်လည်း မေးမြန်းစုံစမ်းမှုများ အလွန်မြင့်မားလာလျက် ရှိနေကြောင်း အမေရိကန်ပြည်ထောင်စု၊ ချီကာဂိုအခြေစိုက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေးနှင့် အတိုင်ပင်ခံကုမ္ပဏီ Jones Lang LaSalle (JLL)မှ ထုတ်သည်ဟု ဘန်ကောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

JLL က သုံးသပ်ရာတွင် အဆိုပါအချက်အလက်က ဘန်ကောက်တွင် ကွန်ဒိုမီနီယံဝယ်လိုအား ခိုင်မာလျက်ရှိနေသည်ကို ပြသခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ၀ယ်လက်တို့သည် မ၀ယ်ယူမီ ဆုံးဖြတ်ချက်ချရန်အတွက် ပိုမိုအချိန်ယူလျက်ရှိကြခြင်းဖြစ်ကြောင်း သုံးသပ်သည်။

အခန်းတစ်ခန်းသည် ၎င်းတို့လိုလားသည်များနှင့် လိုက်လျောညီထွေရှိ၊ မရှိ၊ ဈေးကွက်ပေါက်ဈေးမှန်ဟုတ်၊ မဟုတ်တို့ကို ဆုံးဖြတ်ရန်အတွက် ပိုမိုအချိန်ယူကြခြင်းဖြစ်သည်ဟု JLL က ခန့်မှန်းသည်။

သို့ရာတွင် မည်မျှအချိန်ယူသည်ဖြစ်စေ ကွန်ဒိုခန်းဝယ်ရန် စုံစမ်းသူအများစုမှာ နောက်ဆုံးတွင် ၀ယ်ယူဖြစ်ကြလိမ့်မည်ဟု JLL က သုံးသပ်သည်။

ဈေးကွက်အတွင်းတွင် ကွန်ဒိုခန်းရောင်းလိုအားမြင့်နေကာ အ၀ယ်မရှိသည်ကို ၀ယ်လက်တို့က သိရှိကြခြင်းကြောင့် ကွန်ဒိုဈေးနှုန်းများ ပြုတ်ကျလာစေရန် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်ဟုလည်း သုံးသပ်ကြသည်။

ဝယ်လက်တို့က ယင်းသို့မျှော်လင့်စောင့်ဆိုင်းနေစေကာမူ ဘန်ကောက်ရှိ ၀ယ်လိုအားအများဆုံးဒေသများရှိ ကွန်ဒိုခန်းဈေးနှုန်းများမှာ ပိုမို၍ပင် မြင့်တက်လာလျက်ရှိနေသည်။

ဝယ်လက်တို့ အများဆုံးမေးမြန်းစုံစမ်းသည်မှာ စတုရန်းတစ်မီတာလျှင် ဘတ်ငွေ ၂၀၀၀၀၀ အောက်အခန်းမျိုးဖြစ်သည်ဟု ဆိုသည်။

ဝယ်လက်တို့အကြိုက်ဆုံးဒေသများရှိ ကွန်ဒိုဈေးနှုန်းမှာ ဘတ်ငွေ ၂၀၀၀၀၀ ထက် ပိုမိုမြင့်မားနေသည်။
Developer တို့ကမူ ကွန်ဒိုဈေးနှုန်းကို လျှော့ချပေးခြင်းမရှိဘဲ မက်လုံးအချို့သာ ဖြည့်စွက်ပေးလျက်ရှိသည်။
ယင်းမက်လုံးများတွင် ပရိဘောဂများ ပါဝင်ခြင်း၊ လက်လွှဲရယူခ ကင်းလွတ်ခြင်းနှင့် အိမ်ရာစီမံခန့်ခွဲစရိတ်ကို နှစ်အတန်ကြာ ကင်းလွတ်ခွင့်ပေးခြင်းတို့ ပါဝင်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

တစ်ယောက်တည်းရှုပ်နေတဲ့ Elon Musk (သို့) OpenAI ၏ စီအီးအို Sam Altman က ၎င်းတို့ ကုမ္ပဏီကို ဝယ်ယူရန် ကြိုးစားနေသည့် Elon

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

အင်္ဂလန်ရှိ မြို့လေးတစ်မြို့တွင် လမ်းထောင့်၌ အခွံခွာထားသော ငှက်ပျောသီးများ ထည့်ထားသည့် ပန်းကန်ပြားတစ်ချပ် လစဉ် ၁ ရက်နေ့တ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

imyanmarmarket
Expo Singapore

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service