မြန်မာနိုင်ငံအတွင်း အိမ်ခြံမြေ ကဏ္ဍအတွင်းလာရောက်လုပ်ကိုင်နေသည့် လိုင်စင်မဲ့ နိုင်ငံခြားသားအကျိုးဆောင်များအား ဆက်လက်လုပ်ကိုင်ခြင်းမပြုရန် သက်ဆိုင်ရာသံရုံးများက အသိပေးထုတ်ပြန်မှုများ ပြုလုပ်ထားခဲ့ကြောင်စုံစမ်းသိရသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ဝန်းကျင်မှစ၍ နိုင်ငံခြားသားအချို့မှာ လိုင်စင်လျှောက်ထားရယူခြင်းမရှိဘဲ ပြည်တွင်းရှိကျွမ်းကျင်ဝန်ထမ်းများခေါ်ယူကာ အိမ် ခြံ မြေ ကဏ္ဍတွင်လာရောက်လုပ်ကိုင်နေကြသည်။ယင်းသို့လာရောက်လုပ်ကိုင်နေမှုများအား ပြည်တွင်းရှိတရားဝင်လုပ်ကိုင်နေကြသော အဖွဲ့အစည်းများမှ စုစည်းဖော်ထုတ် တားဆီးရန်ကြိုးစားခဲ့ကြသည်။ယခုအခါ သက်ဆိုင်ရာသံရုံးများမှ ၎င်းတို့၏ နိုင်ငံသားများအား ထိုသို့မပြုလုပ်ရန် သံရုံး၏ ဝက်ဘ်ဆိုက် မှ တစ်ဆင့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဒါ ဘာဘဲဖြစ်ဖြစ် အရွေ့တစ်ခုဖြစ်တဲ့သဘောပေါ့။ကျွန်တော်တို့အနေနဲ့လည်း အစောကတည်းက အဲဒီလိုတရားမဝင် လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအကျိုးဆောင်တွေကို စာရင်းပြုစုပြီး တင်ပြတိုင်ကြားဖို့လုပ်နေတာပါ။အဲဒီအချိန်မှာဘဲ သက်ဆိုင်ရာသံရုံးတွေက ထုတ်ပြန်တားမြစ်သတိပေးထားတယ်ဆိုတော့ ဒါခရီးတစ်ခုရောက်တဲ့သဘောပေါ့။ဘာဆက်လုပ်မလဲဆိုတာတော့ ကျွန်တော်တို့ ဆက်ဆွေးနွေးနေပါတယ်။တကယ်လို့ ဆက်လုပ်နေတာတွေ့ရင်တော့ ဆောင်ရွက်စရာတွေကို ဆက်လုပ်သွားမှာပါ။လောလောဆယ် စောင့်ကြည့်နေပါတယ်။""ဟု ရန်ကုန်တိုင်းဒေသကြီး အိမ် ခြံ မြေ အသင်း ဥက္ကဌ မှ ပြောဆိုသည်။
ယင်းကဲ့သို့ ပြည်တွင်း ရင်းနှီးမြုပ်နှံမှုကော်မရှင်၌ မှတ်ပုံတင်ခြင်းမရှိဘဲ တရားမဝင်လိုင်စင်မဲ့ပြည်ပအကျိုးဆောင်များ၏ အဓိကဈေးကွက်မှာ ၎င်းတို့၏ နိုင်ငံသားများကိုပင် အဓိကပြန်လည်မျှော်လင့်ခြင်းဖြစ်ကြောင်းသိရသည်။""သူတို့ရဲ့အဓိကဈေးကွက်က နိုင်ငံခြားသားတွေကိုပဲပြန်ထားတာ။အဲဒီအခါ ကျွန်တော်တို့အနေနဲ့ နစ်နာမှုတွေရှိတယ်။ဈေးကွက်အရ နစ်နာတာပေါ့။.""ဟု ပြည်တွင်းရှိ အိမ် ခြံ မြေ အကျိုးဆောင်တစ်ဦးမှ သုံးသပ်ပြောကြားသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com