စီမံကိန်းဒီဇိုင်းပြင်ဆင် ရန်နှင့်အထပ်လျှော့ရန်ညွှန်ကြား ခံရသည့်အထပ်မြင့်အဆောက်အ အုံ၁၂လုံးအား ပြန်လည်သုံးသပ်နေမှုကို ယခုလနောက်ဆုံးပတ်တွင် ပြုလုပ်မည့် တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေး၌ ဆုံးဖြတ်မည်ဟု သတင်းရရှိသည်။
‘‘၀န်ကြီးချုပ်နဲ့လည်းတွေ့ ပြီးပြီ။ လမ်းပန်းဆက်သွယ်ရေးဝန် ကြီးနဲ့လည်းတွေ့ပြီးပြီ။ စီမံကိန်း ဒီဇိုင်းတွေကိုလည်း ပြန်တောင်း သွားတယ်။ အကောင်းဆုံးဖြစ် အောင်တော့ စီစဉ်ပေးပါ့မယ်လို့ ကျွန်တော်တို့ကိုပြောသွားတယ်’’ ဟု ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည့် အထပ်မြင့် ၁၂လုံးစီမံကိန်းတွင်ပါ ၀င်သော လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်နှင့် လုပ်ငန်းရှင် ၁၂ဦး ယခုလပထမပတ်နှင့် ဒုတိယပတ်တို့တွင် အသီးသီးတွေ့ဆုံပြီး ၎င်းတို့၏နစ်နာမှုများကို တင်ပြခဲ့ကြသည်။
လုပ်ငန်းရှင်များက ၎င်းတို့ ၏ စီမံကိန်းအတိုင်းသာ ဆက် လက်လုပ်ဆောင်လိုပြီး အခြား တစ်နေရာ၊ စီမံကိန်းတစ်ခုခုတွင် အစားထိုးလျော်ကြေးပေးအပ် မည်ကို မလိုလားကြောင်း ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည့်လုပ်ငန်းရှင်အချို့ကဆိုသည်။
နစ်နာခဲ့သည့်အဆောက်အ အုံ ၁၂လုံးအတွက် စီမံကိန်းဒီဇိုင်း များပြန်လည်တောင်းခံခြင်း၊ ပါ မစ်ရထားပုံအဆင့်ဆင့်တင်ပြခိုင်း ခြင်း၊ ကားပါကင်တွင် သတ်မှတ် ထားသည့်အရေအတွက်လျော့ ကျနေသည်ကို ရှင်းလင်းခြင်းနှင့် စီမံကိန်းတစ်ခုချင်းစီအလိုက် စုစု ပေါင်းရင်းနှီးမြှုပ်နှံမှုများပြန်လည် တင်ပြခြင်းများပြုလုပ်ခိုင်းသည် ဟု ၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သော လုပ်ငန်းရှင်ကဆိုသည်။
အထပ်မြင့် ၁၂လုံးကို ပြန် လည်စစ်ဆေးရန်ရှိ၍ ဒုတိယအ သုတ်စစ်ဆေးထားသည့် ၁၉လုံး ရလဒ်ကို တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆက်လက်ထုတ်ပြန်ရန် ကြန့်ကြာနေသည်ဟုဆိုသည်။
ရန်ကုန်မြို့မှ လက်ရှိ ဆောက်လုပ်ရန် ပြင်ဆင်နေဆဲ၊ ဆောက်လုပ်နေဆဲအဆောက်အ အုံ ၁၈၅လုံးကို ကော်မတီတစ်ရပ် ဖွဲ့စစ်ဆေးရာ ပထမအသုတ် ၁၂ လုံး အထပ်လျှော့ဒီဇိုင်းပြင်ရန် ညွှန်ကြားခံရ သောကြောင့် ဆောက်လုပ်ရေးလောက၌ ကြီး မားသော ဂယက်ဖြစ်ပေါ်ခဲ့သည်။
Credit: 7DayDaily