ဘော်စတန် တက္ကသိုလ် သုတေသီများက ရေရှည်တည်မြဲသော စီးပွားဖွံ့ဖြိုးမှု အကဲဖြတ်ချက် (SEDA) အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။
နိုင်ငံ (၁၆၀) ကို အကဲဖြတ်ထားသည်။ စီးပွားရေး၊ စဉ်ဆက်မဲ့တ် ဖွံ့ဖြိုးရေးနှင့် ရင်းနှီးမြှုပ်နှံရေး ကဏ္ဍသုံးရပ်ကို အဓိကအကဲဖြတ်သည်။ ထိုကဏ္ဍသုံးရပ်အောက်တွင် ကဏ္ဍငယ် (၁၀)ခု ပါဝင်သည်။ ၀င်ငွေတန်းတူညီမျှမှု၊ ကျန်းမာရေး၊ ပညာရေး၊ အခြေခံ အဆောက်အအုံစသဖြင့် ပါဝင်သည်။
အထက်ပါ အချက်များဖြင့် ချိန်ထိုးအကဲဖြတ်ကာ နိုင်ငံတစ်နိုင်ငံသည် စီးပွားလည်း မြင့်၊ ပြည်သူ့လူမှုဘ၀လည်း တင့်တယ်အောင် မည်မျှဆောင်ကြဉ်း ပေးနိုင်သည်ကို အဆင့်သတ်မှတ်သည်။
နိုင်ငံများကို အဆင့် သတ်မှတ်သည့်အခါ တစ်နှစ်တာ ရလဒ်ကို သာမက ပြီးခဲ့သည့် ၂၀၀၆ မှ ၂၀၁၄ အတွင်း တိုးတက်လာမှု ရလဒ်များကိုပါ ချိန်ထိုးကာ အဆင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။
စာရင်းထိပ်ဆုံးတွင် ချမ်းသာသော ဥရောပနိုင်ငံများ ဖြစ်သည့် နော်ဝေ၊ ဆွစ်ဇာလန်၊ ဆွီဒင်၊ လူဇင် ဘတ်စသည့် နိုင်ငံများ ပါဝင်နေသည်မှာလည်း မထူးဆန်းသော ကိစ္စသာ ဖြစ်သည်။
ထိပ်ဆုံး (၁၀) နိုင်ငံလုံးသည် အနောက်ဥရောပ နိုင်ငံများချည်း ဖြစ်ကြောင်းလည်း တွေ့ရသည်။
တိုးတက်မှု အနည်းဆုံးကား စီးပွား အကျပ်ဆိုက်နေသည့် ဂရိနိုင်ငံဖြစ်ကြောင်းလည်း တွေ့ရသည်။
Credit: The Messenger