သည်တစ်မှာ ကမ္ဘာ့ရွှေဈေးက ပြန်ကျနေပေမဲ့ ပြည်တွင်းရွှေဈေး ကတော့ အတက်နဲ့ပဲရှိနေတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဒေါ်လာဈေးက ဈေးပြန်တက်နေတာ ကြောင့် ရွှေဈေးပြန်ကျနေတာ ဖြစ်တယ်။အမေရိကန်ဒေါ်လာအညွှန်းကိန်းကဆက်မာနိုင်သေးတာကြောင့် တချို့ကလည်း ရွှေဈေးအကျဘက်ပြန်ရောက်နေတာလို့ ပြောပါတယ်။ ပြည်တွင်းရွှေဈေး ကွက်မှာတော့ဒေါ် လာဈေးကြောင့် ပြည်တွင်းရွှေဈေးမြင့်နေသေးပေမဲ့ ရွှေရဲ့ကုန်သွယ်ခွန်ကောက်ခံမယ့် ကိစ္စကြောင့်ဈေးကွက်လှုပ်ခတ်နိုင်တယ်လို့ ဆိုကြတယ်။
ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက ‘ကမ္ဘာ့ဈေးကတော့ ပြန်ဆင်းနေတယ်၊ ဒေါ် လာ၂၀ လောက်၊ပြည်တွင်းရွှေဈေး ပြန်မကျသေးတာက ဒေါ်လာဈေးငါးကျပ် လောက် ပြန်တက်နေလို့ပါ၊ ဈေးကွက်ထဲမှာစောင့် ကြည့်ရမယ့်တစ်ခုက ကုန်သွယ် ခွန်ငါးရာခိုင် နှုန်းဂယက် ဘယ်လိုမျိုး ဈေးကွက်ပြောင်းလာမလဲ စောင့်ကြည့်ရမှာ’ လို့ ပြောပါတယ်။
သည်တစ်ပတ်ထဲမှာ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၃၅၅ ဒေါ်လာဝန်းကျင် အထိ ဈေးတက်ခဲ့ပြီး သည်နေ့မှာ ၁၃၃၅ ဒေါ်လာရှိပါတယ်။ ပြည်တွင်းရွှေဈေးက တစ်ကျပ်သားကိုကျပ် ၈၄၉,ဝ၀ဝကျော်ရှိ ခဲ့ပြီး သည်နေ့မှာ ကျပ် ၈၄၈,၂၀ဝ ရှိပါတယ်။ ဒေါ် လာဈေးကတော့ ၁၁၉၃ ကျပ် ရှိပါတယ်။
Credit: The Kumudra