မြန်မာနိုင်ငံသားများဘဏ်အနေနဲ့ ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ တတိယမြောက်စာရင်းဝင်ကုမ္ဗဏီအ ဖြစ်ခွင့်ပြုချက်ရရှိပြီး ဩဂုတ်လနောက်ဆုံးပတ်မှာရှယ်ယာအရောင်းအဝယ်စတင်မယ်လို့သိရပါတယ်။
မြန်မာနိုင်ငံသားများဘဏ် (MCB) ဟာ ဧပြီလအတွင်း ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ စာရင်းဝင်ကုမ္ဗဏီဖြစ်ဖို့ YSX ကို လျှောက်ထားခဲ့ပါတယ်။ ဇူလိုင်လအမီ listed company အဖြစ်လုပ်ငန်းလိုင်စင်ရရှိဖို့ ကြိုးစားခဲ့ပေမဲ့ အဖွဲ့ဝင်အပြောင်း အလဲတွေကြောင့် လုပ်ငန်းစဉ်နှောင့်နှေးခဲ့ တယ်လို့ သိရပါတယ်။ MCB ဟာရန်ကုန်စတော့ခ်အိတ်ချိန်းစာရင်းဝင် ပထမဆုံး ပြည်တွင်းဘဏ်တစ်ခု ဖြစ်ပါတယ်။
အမ်စီဘီဟာ ရန်ကုန်စတော့ခ်အိတ် ချိန်းမှာ ဩဂုတ်လ ၂၆ ရက်နေ့က စတင်ပြီး ရှယ်ယာတွေကို စတင်ရောင်းဝယ်မှုပြုမှာပါ။ ရန်ကုန်စတော့ခ်အိတ်ချိန်းမှာ အ ရောင်းအဝယ်ပြုမယ့် ရှယ်ယာတစ်ခုအဖွင့် ဈေးနှုန်းတွေကိုတော့ ဩဂုတ်လ ၂၅ ရက် နေ့မှာ ကြေညာပေးမယ်လို့ သိရပါတယ်။ MSEC မှာ securities account ဖွင့်လှစ် ထားတဲ့ MCB shareholder တွေက တော့ first trading date မှာ ရှယ်ယာ ရောင်းဝယ်ခြင်းတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါ တယ်။ Securities account ဖွင့်လှစ်ထား ခြင်း မရှိသေးတဲ့ shareholder တွေက တော့ first trading date ဖြစ်တဲ့ ဩဂုတ် ၂၆ ရက်နောက်ပိုင်းမှသာ အကောင့်ဖွင့်လှစ်နိုင်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားများဘဏ် (MCB) ရဲ့ အစုရှယ်ယာပေါင်းရှစ်သောင်းကျော်ရှိပါ တယ်။ ယခုနှစ် ရှယ်ယာတစ်ခုအတွက်အ မြတ်ဝေစုကို ၇၁၁ ကျပ် သတ်မှတ်ပြီး ဩဂုတ်လ ၁ ရက်နေ့မှ စတင်ကာအမြတ် ဝေစုတွေထုတ်ပေးနေပြီ ဖြစ်ပါတယ်။
Credit: The Kumudra