ကီလိုဝပ် ၃ဝ ထက် ပိုသုံးစွဲပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရန် ညွှန်ကြားမှုအပေါ်လုပ်ငန်းရှင်များဝေဖန်

ကီလိုဝပ် ၃ဝ ထက် ပိုသုံးစွဲပါက ကိုယ်ပိုင်ထရန်စဖော်မာ တပ်ဆင်ရန် ညွှန်ကြားမှုအပေါ်လုပ်ငန်းရှင်များဝေဖန် - Property News in Myanmar from iMyanmarHouse.com
18 Aug 2016 10:21 am တွင် တင်ခဲ့သည်
1211 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက သြဂုတ် ၁၂ ရက်နောက်ပိုင်းမှစ၍
ရန်ကုန်မြို့အတွင်း ဆောက်လုပ်သည့် အဆောက်အအုံများ လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃ဝ ထက်
ပိုသုံးစွဲမည်ဆိုပါက ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရန် ညွှန်ကြားချက်သည် လုပ်ငန်းရှင်များအတွက်
အခက်အခဲတွေ့နိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

''အထပ်မြင့်တွေဆောက်မယ်ဆို နောက်ပိုင်းမှာ ကိုယ်ပိုင်ထရန်စဖော်မာတွေ မဖြစ်မနေထည့်ရမယ့်
အနေအထားရှိလာတယ်။ အဲဒီအခါကျရင် ဆောက်လုပ်ရေးကုန်ကျစရိတ်တွေက များလာမယ်။
မြန်မာနိုင်ငံမှာက လျှပ်စစ်စွမ်းအင်ကို အပြည့်အဝလည်းမပေးနိုင်ဘူး။ မပေးနိုင်တော့ ဒီလိုတွေ
ညွှန်ကြားလိုက်တာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ဖိအားပေးတဲ့သဘောဖြစ်နေတယ်'' ဟု
ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးရန်အောင်က ပြောသည်။

ယခင်က ရန်ကုန်မြို့ရှိ တိုက်ခန်း၊ကွန်ဒိုအဆောက်အအုံများမှာ အများပြည်သူသုံး ထရန်စဖော်မာများက
လျှပ်စစ်ဓာတ်အားကို ရယူသုံးစွဲခွင့်ရှိသော်လည်း ယခုအခါ လျှပ်စစ်ဓာတ်အားသုံးစွဲမှု
ကီလိုဝပ်၃ဝ ထက်ကျော်ပါက ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်သုံးစွဲရန် မူဝါဒချမှတ်လိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ရန်ကုန်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာလိုက်သည့်နေ့မှ
စ၍ ရန်ကုန်မြို့ရှိဆောက်လုပ်ဆဲ အဆောက်အအုံများနှင့် ဆောက်လုပ်ပြီးစီးနေသော
အဆောက်အအုံများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီထံမှ အဆောက်အအုံ
ဆောက်လုပ်ပြီးစီးကြောင်းလက်မှတ် (BCC) ရရှိသည်နှင့် ယင်းအဆောက်အအုံများ၌
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃ဝထက် ပိုသုံးစွဲမည်ဆိုလျှင် ကိုယ်ပိုင်ထရန်စဖော်မာတပ်ဆင်ရန်
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်းထံ လျှောက်ထားရမည်ဖြစ်သည်။

လက်ရှိတွင် ရှစ်ထပ်အမြင့်ရှိပြီး ၁၆ ခန်းပါသည့် အဆောက်အအုံများသည် ပျှမ်းမျှအားဖြင့်
လျှပ်စစ်ဓာတ်အား ကီလိုဝပ် ၃ဝ ခန့်သုံးစွဲသည့်အတွက် ယင်းထုတ်ပြန်ချက်အရ ရှစ်ထပ်နှင့်
အထက်၊ ၁၆ ခန်းထက်ပိုမည့် အဆောက်အအုံတိုင်း ကိုယ်ပိုင်ထရန်စဖော်မာ မဖြစ်မနေ
တပ်ဆင်ရတော့မည့် အနေအထားရှိနေကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ပြောသည်။

''ထရန်စဖော်မာတစ်လုံးက အနည်းဆုံး သိန်း ၃ဝ အထက်မှာရှိတယ်။ ကီလိုဝပ် ၃ဝပဲ ပေးမယ်ဆိုရင်
ရှစ်ထပ် ၁၆ ခန်းရှိတဲ့အခန်းတွေဆို ကိုယ်ပိုင်ထရန်စဖော်မာသုံးကိုသုံးရမယ့်သဘောရှိနေတယ်။
ပြီးတော့အခုနောက်ပိုင်းမှာ ရှစ်ထပ်တိုက်ဆို ဓာတ်လှေကား ထည့်ခိုင်းတော့ မီးပျက်ရင်
ဓာတ်လှေကားသုံးဖို့အတွက် ကိုယ်ပိုင်ဂျင်နရေတာတွေလည်း ထည့်ခိုင်းတယ်။ အဲဒါကြောင့်
ကိုယ်ပိုင်ထရန်စဖော်မာရော၊ ကိုယ်ပိုင်ဂျင်နရေတာတွေပါ ထည့်ရရင် အဲဒီအတွက်
ကုန်ကျစရိတ်က သိန်း ၂ဝဝ၊ ၃ဝဝ လောက်ဖြစ်သွားမယ်''ဟု ၄င်းက ပြောသည်။

ယခင်အစိုးရလက်ထက်က အဆောက်အအုံများတွင် လျှပ်စစ်သုံးစွဲမှုနှင့် ပတ်သက်ပြီး
သက်ဆိုင်ရာစည်ပင်ဌာနများက စိစစ်ရာတွင် အားနည်းမှုများရှိခဲ့သည့်အတွက်ယခု
ကိုယ်ပိုင်ထရန်စဖော်မာ သုံးစွဲမှုတွင်လည်း လိုက်နာမှုကို သေချာစွာ စိစစ်ရန်လိုအပ်ကြောင်း
၎င်းက ပြောသည်။

''အရင်တုန်းက စည်ပင်က BCC စစ်တဲ့အခါကျရင် အရည်အသွေးမီလျှပ်စစ်ပစ္စည်းတွေ
သုံးစွဲတာတွေကိုပါ ထည့်စစ်တယ်။အဲဒါကြောင့် အခု ကိုယ်ပိုင်ထရန်စဖော်မာသုံးဖို့
သတ်မှတ်လိုက်ရင် သတ်မှတ်သလိုတိတိကျကျစိစစ်ဖို့လိုတယ်'' ဟု ၄င်းက ပြောသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လှေကား ကို "မ" ဂဏန်းထားရခြင်း အကြောင်းအရင်း

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

အင်္ဂလန်တွင် ၁၈ ကာရက်ရွှေဖြင့် ပြုလုပ်ထားသော ဘိုထိုင် ရွှေအိမ်သာကြီး ခိုးယူခံလိုက်ရ၊ ပိဿာချိန် ၆၀ နီးပါးရှိပြီး ရွှေတန်က

အမေရိကန်ပြည်တွင် အမျိုးသမီးကြီးတစ်ဦး ဆွေစဉ်မျိုးဆက် နှစ်ပေါင်း ၂၀၀ ကျော် ပိုင်ဆိုင်ခဲ့သော မြေကွက် လိမ်လည် ရောင်းချခံခဲ့ရ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

တရုတ်ပြည်တွင် လူငယ်တို့အကြား Disneyland ၏ တစ်နှစ်တာ ဝင်ခွင့်လက်မှတ် ဝယ်ယူထားကာ ကစားကွင်းထဲတွင် ကျောင်းစာလေ့လာမှု ခေတ်စား

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်

Expo Singapore
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service