မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် အိမ် ခြံ မြေ ဈေးနှုန်းများ အရောင်းအဝယ်ပါးမှုနှင့်အတူ အတန်ငယ်ကျဆင်းသွားခဲ့သော်လည်း မြန်မာနိုင်ငံအထက်ပိုင်းတွင် တည်ရှိသည့် မြို့တော် နေပြည်တော်မှာ အိမ် ခြံ မြေ ဈေးနှုန်းများမြင့်တက်လာနေကြောင်း သိရသည်။
ယခင် အိမ် ခြံ မြေ ဈေးမြင့်တက်သည့်ကာလတွင် တစ်ပြည်လုံးနီးပါး တန်းတူမြင့်တက်ခဲ့သော်လည်း ယင်းအချိန်တွင် နေပြည်တော်ဈေးကွက်မှာမူ ဈေးမြင့်တက်ခဲခြင်းမရှိကြောင်း အကျိုးဆောင်များက ပြန်လည်ပြောပြသည်။""ပြောရရင် နေပြည်တော်က ဈေးကျန်ခဲ့တာ မျိုး ဖြစ်နေတာ။ဘာကြောင့်လဲဆို ကျွန်တော်ဆိုရင် ဒါလားရှိုးသား။အဲဒီလားရှိုးတောင်အစောကတည်းကဈေးတက်နေတဲအချိန် နေပြည်တော်က ကျန်ခဲ့တာ""ဟု ဝါရင့် အိမ် ခြံ မြေဘအကျိုးဆောင်တစ်ဦးမှ ပြောပြသည်။
ထို့ပြင် နေပြည်တော် အိမ် ခြံ မြေ ဈေးကွက်မှာ.ဈေးတက်လာမှုသည် ဈေးကွက်သဘောအရပျမ်းမျှ ဆယ်ရာခိုင်နှုန်းဝန်းကျင် ယခင်ထက် ဈေးပိုမြင့်လာခဲ့ကြောင်း အကျိုးဆောင်များကကြောသည်။""နေပြည်တော်က ကားလမ်းတွေဘာတွေက အစပြည့်စုံတယ်။ဈေးကျန်နေတဲ့အပေါ်မှာမျှော်လင့်ချက်ရှိတယ်။နောက်ပြီး သံရုံးတွေကလည်း အဲဒီကိုရွှေ့ရမယ်ဆိုတဲ့အသံတွေကြားနေရတော့ ဈေးကွက်ရွှေ့ပြီး အရောင်းအဝယ်ဖြစ်တဲသဘောပါ""ဟု ရန်ကုန်တိုင်းအိမ်ခြံမြေ အသင်းမှ ဥက္ကဌမှ သုံးသပ် ပြောပြခဲ့သည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com