ကမ္ဘာတစ်ဝန်း နှစ်စဉ်လူ(၇၇) သန်းလောက် ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့နေထိုင်နေကြသည်။ လူဦးရေ(၁၀) သန်းနှင့်အထက် နေထိုင်သောမြို့ကို မဟာမြို့ကြီးဟု ခေါ်တွင်သည်။
ကုလသမဂ္ဂ၏ ၂၀၁၆ ခုနှစ် ကမ္ဘာ့မြို့ပြများ အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်း ၁၉၉၅ ခုနှစ်တွင် မဟာမြို့ကြီး(၁၄)မြို့သာ ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် (၂၉) မြို့ထိ ရှိလာကြောင်း သိရသည်။
ယခင်က ဖွံ့ဖြိုးပြီးချမ်းသာသော နိုင်ငံများသည် မဟာမြို့ကြီးတွေ ပိုပိုင်ဆိုင်သော ဒေသများ ဖြစ်သော်
လည်း ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများက ထိုသရဖူကို သိမ်းပိုက်လိုက်ပြီ။ ၁၉၉၅-၂၀၁၅ ကာလတွင် အာရှမြို့ပြလူဦးရေသည် နှစ်စဉ် (၂ ဒသမ ၇၈) ရာခိုင်နှုန်း တိုးလာခဲ့သည်။
ကျေးလက်နေများ မြို့ပြကို ပိုပြောင်းရွှေ့လာကြသည်နှင့် တစ်ပြိုင်နက် ကျေးလက်များ မြို့ပြအဖြစ်သို့ အဆင့်မြင့်တက် ကူးပြောင်းနှုန်းလည်း ပိုမြန်ဆန်လာနေပြန်သည်။
တရုတ်နိုင်ငံမှ ချန်ဒူမြို့ကို ဥပမာကြည့်နိုင်သည်။
ချန်ဒူသည် မြို့ပြနေဦးရေ အတိုးဆုံးမြို့ကြီး ဖြစ်နေသလို၊ ချန်ဒူဝန်းကျင်ရှိ ချောင်ကျိုး၊ ဒီယန်းစသော ကျေးလက်ဒေသများသည်လည်း ချန်ဒူ၏ ၀န်းရံမြို့များ အဖြစ်သို့ ရောက်ရှိလာကာ ချန်ဒူ၏ မြို့ပြ၀န်ထုပ်ကို ၀ိုင်းဝန်း ဖြေလျှော့ပေးနေရသည်။ ချန်ဒူနှင့် ၀န်းကျင်ဒေသများတွင် နေထိုင်သည့် မြို့ပြနေဦးရေသည် (၁၁ ဒသမ ၃) သန်းထိ ရောက်ရှိနေပြီ ဖြစ်သည်။
Credit: Messenger News Journal