ပြည်ထောင်စုလွှတ် တော် ဥပဒေရေးရာနှင့်အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်နှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များပူးပေါင်း၍ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းခွင် စွမ်းရည်မြှင့် ဆွေးနွေးပွဲကို စစ်တွေမြို့တွင် ကျင်းပမည်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါစွမ်းရည်မြှင့်ဆွေး နွေးပွဲကို သြဂုတ် ၁၅ ရက်မှ ၁၇ ရက်အထိ စစ်တွေမြို့ ရခိုင်ပြည် နယ် လွှတ်တော်ရုံးဝင်းရှိ ဘက်စုံ သုံးခန်းမတွင် ကျင်းပမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်လွှတ်တော်ရုံးမှ သိရသည်။
‘‘နိုင်ငံတော် တည်ဆောက် ရေးလုပ်ငန်းခွင် စွမ်းရည်မြှင့်ဆွေး နွေးပွဲကို တက်ရောက်ဖို့အတွက် ပြည်နယ်လွှတ်တော်ရုံးက အ ကြောင်းကြားစာတော့ ရောက်နေ ပါတယ်။ ဆွေးနွေးပွဲနဲ့ပတ်သက် လို့ မျှော်လင့်ချက်ကြီးကြီးမားမား တော့ မထားပါဘူး။ ပြည်နယ် ကိုယ်စားလှယ်တွေရဲ့ သဘော ထားကို သိချင်ရုံသက်သက်လို့ သာ ထင်ပါတယ်’’ဟု အမ်းမဲဆန္ဒ နယ်မှ ပြည်နယ်လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်ဌေးကပြောသည်။ ယင်းဆွေးနွေးပွဲတွင် နိုင်ငံ တော်တည်ဆောက်ခြင်းနှင့် အစိုးရ အဖွဲ့ဝင်များ၊ လွှတ်တော်များအ ပါအ၀င် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ၊ မျှော်မှန်းချက်၊ Mission၊ မူဝါဒနှင့်အင်စတီကျူး ရှင်းများ၏ လက်တွေ့ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ၊ လွှတ် တော်ဆိုင်ရာနှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ်၏ အခန်းကဏ္ဍ၊ ပြည်သူ့ အုပ်ချုပ်ရေးနှင့် မြေယာစီမံခန့်ခွဲ ရေး၊ ခရိုင်/မြို့နယ်/ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးနှင့် လွှတ် တော် ကိုယ်စားလှယ်များ စသည့် အကြောင်းအရာများ ပါဝင်မည် ဖြစ်ကြောင်း ဆွေးနွေးပွဲ အစီအ စဉ်တွင် ပါဝင်သည့်အကြောင်းအ ရာများကို ဦးခင်မောင်ဌေးကပြော သည်။
Crdit: 7DayDaily