အာရှတစ်ဝန်း အဆင့်မြင့်အိမ်ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း Knight Frank အဖွဲ့၏ ထုတ်ပြန်ချက်သစ်တစ်ရပ်တွင် ဖော်ပြခဲ့သည်။
ထိုလုပ်ငန်းက ကမ္ဘာ့မြို့ကြီး ၃၇ မြို့အား စစ်တမ်းကောက်ယူလေ့လာခဲ့ရာ ရှန်ဟိုင်းက ဒုတိယဈေးနှုန်းမြင့်တက်နှုန်းအများဆုံးမြို့အဖြစ် ဖော်ပြခံခဲ့ရသည်။
တရုတ်၏ အကြီးဆုံးမြို့ဖြစ်သည့် ရှန်ဟိုင်းသည် ၂၀၁၆ ခုနှစ်၏ ဇွန်အထိ ၁နှစ်တာအတွင်း အဆင့်မြင့်အိမ်ဈေးနှုန်းမြင့်တက်မှုနှုန်း ၂၂ ဒသမ ၅ ရာခိုင်နှုန်းရှိခဲ့ပြီး ၃၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် ဈေးနှုန်းမြင့်တက်နှုန်းအများဆုံးမြို့အဖြစ် ဖော်ပြခံရသည့် ဗန်ကူးဗားမြို့၏နောက်တွင် ရပ်တည်ခဲ့သည်။
ယင်းအဆင့်မြင့်အိမ်ဈေးနှုန်းမြင့်တက်နှုန်းအများဆုံးမြို့ထိပ်တန်း(၁၀)မြို့တွင် ရှန်ဟိုင်းအပြင် အခြားအာရှမြို့ ၄ မြို့လည်း ပါဝင်ခဲ့သည်။ တိုကျို၊က ၉ ဒသမ ၂ ရာခိုင်နှုန်းဖြင့် နံပါတ် ၇ နေရာ၌ ဖော်ပြခံခဲ့ရပြီး ကွမ်ကျိုးက ၈ ဒသမ ၈ ရာခိုင်နှုန်းဖြင့် နံပါတ် ၈ နေရာ၊ ဆိုလ်းမြို့က ၇ ရာခိုင်နှုန်းဖြင့် ၉ နေရာနှင့် ပေကျင်းက ၆ ဒသမ ၄ ရာခိုင်နှုန်းဖြင့် နံပါတ်၁၀ နေရာ စသည်ဖြင့် အသီးသီးဖော်ပြခံထားရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)