ရန်ကုန်စတော့အိတ် ချိန်းတွင် သြဂုတ် ၁၀ ရက် နံနက် အဖွင့်ဈေး၌ သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် အနိမ့်ဆုံးဈေးဖြစ်သည့် ရှယ်ယာ တစ်စုလျှင် ကျပ် ၄၅,၀၀၀ သို့ စံချိန်တင် ကျဆင်းခဲ့ကြောင်း သတင်းရရှိသည်။
သီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီသည် ဇူလိုင်လ ကုန်မှစပြီး ရှယ်ယာဈေး ဆက် တိုက် ကျဆင်းပြီးနောက် ယခုဈေးနှုန်းသည် ရန်ကုန် စတော့အိတ်ချိန်း၌ စံချိန်တင် အနိမ့်ဆုံးဈေးဖြစ်လာသည်။
‘‘အဓိကက ရှယ်ယာ ဝယ် ထားတဲ့သူတွေက ထုတ်မရောင်း ချင်ဘူး။ သီလဝါ ကုမ္ပဏီရဲ့ အမြတ်ကို သဘောကျနေကြတယ်။ ဒါကြောင့် ဈေးကျပေမယ့် ရှယ်ယာရောင်းမယ့်သူ မရှိဘူးဖြစ်နေ တယ်’’ဟု သီလဝါ ရှယ်ယာပိုင်ရှင် အမျိုးသမီးက ပြောသည်။
သီလဝါအများပိုင်ကုမ္ပဏီ ၏ ရှယ်ယာတန်ဖိုး ကျဆင်းခြင်း သာမက ရှယ်ယာအရောင်း အဝယ်လည်း ကျဆင်းလာသည်။ သြဂုတ် ၄ ရက်တွင် သီလဝါ အများပိုင်ကုမ္ပဏီ၏ အစုရှယ်ယာ သည် ၁,၀၀၀ အောက်သာ အရောင်းအဝယ်ဖြစ်ခဲ့သည်။
FMI ကုမ္ပဏီ၏ ရှယ်ယာ တန်ဖိုးသည် သြဂုတ်လဆန်းတွင် အစုရှယ်ယာ တစ်စုလျှင် ကျပ် ၂၀,၀၀၀ ဖြင့် ရက်အတန်ကြာ ဈေးတန့်နေခဲ့သည်။
သီလဝါ အများပိုင်ကုမ္ပဏီ တွင် အစုရှယ်ယာလေးသန်းခန့်ရှိပြီး ကုမ္ပဏီစတင်တည်ထောင်ရန် ရှယ်ယာများ ရောင်းချစဉ်က ကျပ်၁၀,၀၀၀ ဖြင့် ရောင်းချခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် မေလ ၂၀ ရက်က ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာစတင်ရောင်းချခဲ့ပြီး ပထမဦးဆုံးနေ့၌ ရှယ်ယာတစ်စု လျှင် ကျပ် ၅၀,၀၀၀ ဈေးပေါက်ခဲ့သည်။ ရန်ကုန်စတော့အိတ်ချိန်း သည် ပြီးခဲ့သည့်မတ်လက စတင် လည်ပတ်ပြီး လက်ရှိတွင် ကုမ္ပဏီနှစ်ခုဖြင့်သာ လည်ပတ်နေသည်။ တတိယမြောက် ကုမ္ပဏီဖြစ်သည့် မြန်မာနိုင်ငံသားများဘဏ်သည် ယခုလကုန်လျှင် ရန်ကုန်စတော့ အိတ်ချိန်းတွင် စတင်ရောင်းချရန် စီစဉ်နေသည်။
Credit: 7Daydaily