ယခုလ ဒုတိယပတ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းတစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၃ဝ နီးပါး ပြန်လည်ကျဆင်းလာသော်လည်း ပြည်တွင်းရွှေဈေးနှုန်းအပြောင်းအလဲအနည်းငယ်သာရှိကြောင်း ပြည်တွင်းရွှေလုပ် ငန်းရှင်အသိုင်းအဝိုင်းမှ သိရသည်။
သြဂုတ် ၃ ရက်တွင် ကမ္ဘာ့ရွှေ ဈေးတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၆၅ ဝန်းကျင်နှင့် ပြည်တွင်းရွှေ ဈေးနှုန်းသည် အကယ်ဒမီရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၅ဝဝဝဝ ဝန်းကျင်မှ လက်ရှိကမ္ဘာ့ရွှေဈေးနှုန်းသည် တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃ဝ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်
တွင်းရွှေဈေးနှုန်းသည် အကယ်ဒမီရွှေတစ်ကျပ်သား လျှင် ကျပ် ၈၄၅ဝဝဝ ဝန်းကျင်သို့ အနည်းငယ်သာကျဆင်းခဲ့သည်။
မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးကျော်ဝင်း(ဦးထုံရွှေဆိုင်)က ''ကမ္ဘာ့ရွှေဈေးက အကျများတယ်ဆိုပေမယ့် ပြည်တွင်း ဈေးကတော့ အပြောင်းအလဲနည်းတယ်။ ကမ္ဘာ့ရွှေဈေး ၁၃၆ဝ လောက် ဖြစ် ကတည်းက ပြည်တွင်းရွှေဈေးက ၈၆ဝဝဝဝ လောက်ကို ရောက်ရမှာဆိုပေမယ့် ပြည်တွင်းမှာ အရောင်းအဝယ်အေးလို့ ဈေးကတက်သင့်သလောက်မတက်ခဲ့ဘူး။ အဲဒါကြောင့် အခုကမ္ဘာ့ရွှေဈေးအရမ်းကျပေမယ့် ပြည် တွင်းရွှေဈေးတော့ အရမ်းမကျ ဘူးပေါ့''ဟု သြဂုတ် ၈ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ပြောသည်။
လက်ရှိရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းမှာ အမြင့်ဈေးတွင် တည်ငြိမ်နေပြီး ပြည်တွင်း၌ သီးနှံပေါ်ချိန်မဟုတ်ခြင်း၊ ပွဲလမ်းသဘင်နည်းပါး နေခြင်းတို့ကြောင့် အရောင်းအဝယ် သိသိသာသာအေး စက်နေကြောင်းရွှေ ဆိုင်လုပ်ငန်းရှင်များကဆိုသည်။
တိတ်စိန်ရွှေဆိုင်မှ ဦးဇော်ဇော် အောင်က ''ကမ္ဘာ့ရွှေဈေးကတော့ ပြန်ကျလာတယ်။ ပြည်တွင်းရွှေဈေး ကွက်မှာတော့အရောင်းအဝယ်က တော်တော်လေးအေးပါတယ်။ပုံမှန်လည်းအရောင်းအဝယ်ပါးတဲ့အချိန်ဖြစ်သလို ရေကြီးတာတွေ၊ ဈေးအမြင့်ပိုင်း ရောက်နေတာတွေကြောင့်လည်း ပိုပြီးတော့ အရောင်းအဝယ်အေးနေ တာပါ''ဟု ဆိုသည်။
Credit: Yangon Media Group