ဆိုက်ပရပ်စ်က အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများကို ပတ်စ်ပို့ထုတ်ပေးမည့်အပြင် အမည်ပေါက်လျှောက်ထားမှုအတွက် ကုန်ကျစရိတ် လျှော့ချပေးမည်

ဆိုက်ပရပ်စ်က အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများကို ပတ်စ်ပို့ထုတ်ပေးမည့်အပြင် အမည်ပေါက်လျှောက်ထားမှုအတွက် ကုန်ကျစရိတ် လျှော့ချပေးမည် - Property News in Myanmar from iMyanmarHouse.com
10 Aug 2016 10:15 am တွင် တင်ခဲ့သည်
1050 ကြိမ် ကြည့်ရှု့ပြီး
ဥရောပသမဂ္ဂတွင် ပါဝင်သော ဆိုက်ပရပ်စ်နိုင်ငံက ၎င်းတို့၏ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားများကို ပတ်စ်ပို့ ထုတ်ပေးမည့်အပြင် အမည်ပေါက်လျှောက်ထားမှုအတွက် ကုန်ကျစရိတ် လျှော့ချပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်သည်ဟု ဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆိုက်ပရပ်စ်သည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သောကြောင့် ဆိုက်ပရပ်စ်ပတ်စ်ပို့ရရှိပါက အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ လွတ်လပ်စွာသွားလာနိုင်မည် ဖြစ်သည်။

ဆိုက်ပရပ်စ်သည် သာယာလှပသော အပန်းဖြေကမ်းခြေများနှင့် ရာသီဥတုကောင်းမွန်မှုတို့ဖြင့် နာမည်ကျော်သည့် နိုင်ငံဖြစ်သည်။

သို့ရာတွင် ရင်းနှီးမြှုပ်နှံသူတို့အနေဖြင့် အနည်းဆုံးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမည့်ပမာဏ သတ်မှတ်ထားသည်။

ဆိုက်ပရပ်စ် အိမ်ခြံမြေကဏ္ဍတွင် အနည်းဆုံး ကန်ဒေါ်လာ ၅ ဒသမ ၅ သန်း ရင်းနှီးမြှုပ်နှံသူများသာ ပတ်စ်ပို့ လျှောက်ထားခွင့်ရမည် ဖြစ်သည်။

ထို့အပြင် အိမ်ခြံမြေကဏ္ဍတွင် ကန်ဒေါ်လာ ၁၃ ဒသမ ၇၂ သန်း ရင်းနှီးမြှုပ်နှံသော ငါးဦးနှင့်အထက်အုပ်စု၊ ကုမ္ပဏီ သို့မဟုတ် အစိုးရအဖွဲ့အစည်းများသို့ ကန်ဒေါ်လာ ၃ ဒသမ ၄၃ သန်းတိုင်းအတွက် ပတ်စ်ပို့များ ရရှိမည်ဟု ဆိုသည်။

ယခုခြေလှမ်းမှာ ဆိုက်ပရပ်စ်စီးပွားရေးကို တည်ငြိမ်မှုရစေရန် ကြိုးပမ်းမှုလည်းဖြစ်ပြီး အမည်ပေါက်လျှောက်ထားမှုကုန်ကျစရိတ်များ လျှော့ချပေးမည့်အပြင် အိမ်ခြံမြေအကောက်ခွန်များလည်း အများအပြားလျှော့ချပေးမည် ဖြစ်သည်။

ယခုသတ်မှတ်ချက်အရ ကန်ဒေါ်လာ တစ်သန်းတန် အိမ်ခြံမြေတစ်ခုအတွက် အမည်ပေါက်လျှောက်ထားရာတွင် ကန်ဒေါ်လာ ၄၀၀၆၅ သာ ကုန်ကျတော့မည်ဖြစ်သည်။
ယခင်က ကန်ဒေါ်လာ တစ်သန်းတန် အိမ်ခြံမြေအတွက် အမည်ပေါက်လျှောက်ထားလျှင် ကန်ဒေါ်လာ ၈၀၁၃၂ ခန့် ကုန်ကျခဲ့သည်။

ဆိုက်ပရပ်စ်တွင် စီးပွားရေးကဏ္ဍတိုးတက်လာစေရန် မူဝါဒအပြောင်းအလဲများ ပြုလုပ်လျက်ရှိသော်လည်း ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းမကြုံမီ အခြေအနေမျိုး ပြန်လည်ရောက်ရှိလာခြင်း မရှိချေ။

၂၀၁၆ ခုနှစ် နှစ်စပိုင်းတွင် ဆိုက်ပရပ်စ် အိမ်ဈေးနှုန်းများသည် နှစ်စဉ် ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ကွန်ဒိုမီနီယံဈေးနှုန်းများမှာ ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဆိုက်ပရပ်စ်တွင် လက်ရှိအားဖြင့် ပျှမ်းမျှနေအိမ်ပေါက်ဈေးမှာ ကန်ဒေါ်လာ ၁၁၀၀၀၀ ခန့် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည် မက်ဆာချူးဆက်ပြည်နယ်တွင် ပင်လယ်အတွင်း ပြိုကျမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော တန်ဖိုးကြီး စံအိမ်ကြီး၏ ပိုင်ရှင်မှာ စံအိမ်ကို ဖြိုဖျက်ရန် ငြင်းဆန်နေခဲ့၊ နောက်ဆုံးတွင်မူ ဖြိုချလိုက်ရ...

နီပေါနိုင်ငံတွင် ဘုရားပွဲလာသူတိုင်း တရားဝင် ဆေးခြောက်အသုံးပြုခွင့်ရသော ထူးဆန်းသည့် ဟိန္ဒူဘုရားပွဲ ကျင်းပခဲ့ရာ ကြက်ပျံမကျ စည်ကားခဲ့...

မလေးရှားတွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၁၃ နှစ်ကံစမ်းရာ ရင်းဂစ် ၁၇ ဒသမ ၈ သန်း ထီဆုကြီး ကံထူး...

ထပ်ဆင့်အော်စကာဆုရှင် Renee Zellweger က ချစ်သူနှင့် နီးနီးနားနားနေထိုင်ရန်အတွက် ရောင်းထုတ် သွားသော လော့စ်အိန်ဂျလိစံအိမ် ကန်ဒေါ်လာ ၈ သန်းဖြင့် ဈေးကွက်သို့ ပြန်လည်ရောက်ရှိလာ...

(မာန်နတ်ကို ကျောခိုင်းခြင်း) ရှာရွတ်ခန်းက မာန်နတ်စံအိမ်ကြီးမှာ မနေတော့ဘဲ ဘာကြောင့် တိုက်ခန်းငှား နေရတာလဲ...

တရုတ်ပြည်ရှိ ခွေးမျက်နှာတောင်၏ မြင်ကွင်းဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ကျော်ကြားသွားခဲ့ပြီးနောက် လာရောက်လည်ပတ်သူ ကြိတ်ကြိတ်တိုးစည်ကားလာ...

ဆုတောင်းသမျှပြည့်ဝသော တန်ခိုးရှိသည့် Optimus Prime စက်ရုပ်တော်ကြီးအား ဓာတ်ဆီ၊ကော်ဖီများကပ်လှူကာ ထိုင်းလူမျိုးများ ယုံကြည်ကိုးကွယ်နေ...

တေလာဆွစ်က ၈ လတည်းနဲ့ ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးတေးသံရှင် ဘီလျံနာသူဌေး ဘယ်လိုဖြစ်သွားတာလဲ...

အမေရိကန်ပြည် နယူးဂျာစီပြည်နယ်ရှိ စံအိမ်တစ်လုံး ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖြင့် အရောင်းဈေးကွက် ဝင်လာ၊ ထူးခြားချက်မှာ ပထမကမ္ဘာစစ်ကြီး မတိုင်မီက ထုတ်လုပ်ခဲ့သော ရှားပါး ရှေးဟောင်းကား ၅ စင်း ပါဝင်နေခြင်းဖြစ်...

အင်္ဂလန်တွင် ကိုယ်ပိုင်ကျွန်းတစ်ခုလုံးကို တစ်ညလျှင် ပေါင် ၄၀ မျှဖြင့် ငှားရမ်းတည်းခိုနိုင်မည့် ရှားရှားပါးပါးအခွင့်အလမ်းတစ်ခု ပေါ်ပေါက်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး

လန်ဒန်မြို့ လူကုံထံရပ်ကွက်မှာရှိတဲ့ ဒေါ်လာ ၉၁ သန်းတန် မြေကွက်လွတ် ၁၁ ခု ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ

စင်္ကာပူတွင် ကလေးငယ်တစ်ဦးက အန်ပေါင်းရသောပိုက်ဆံဖြင့် ပင်ပန်းနွမ်းနယ်နေသော ဆောက်လုပ်ရေး လုပ်သားများအား အအေးဝယ်တိုက်ခဲ့သည်

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် လေလွင့်ကလေးငယ် ၇၀၀ ကျော်ကို မွေးစားကာ စောင့်ရှောက်ကူညီပေးနေသော အသက် ၈၀ အရွယ် အညတရ သူရဲကောင်း အဘိုးအိုတစ်ဦး

စင်္ကာပူတွင် အလုပ်မှ ခွင့်ရရန်အတွက် အဖိုးဖြစ်သူ သေဆုံးကြောင်း လက်မှတ်အတု ပြုလုပ်ခဲ့သည့် အမျိုးသား ဒဏ်ငွေ ဒေါ်လာ ၄၀၀၀ ချမ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ

ဆောင်းဟေကိုနှင့် သူ၏သမီးတို့ နေထိုင်သော ဆိုးလ်မြို့တော် Samsung-dong အရပ်ရှိ စံအိမ်သို့ အဆိုတော်/ရုပ်ရှင်မင်းသမီး Kang M

အနန္တောအနန္တ ၅ ပါးဂိုဏ်းဝင် ဆရာသခင် (သို့) မလေးရှားတွင် ကျောင်းဆရာတစ်ဦးက အပြေးပြိုင်ပွဲ၌ မသန်စွမ်းကျောင်းသားလေးကို စိတ်ခ

imyanmarmarket
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service