တရုတ်အိမ်ရာဝယ်လိုအားသည် ၂၀၃၀ ပြည့်နှစ်အထိ မြင့်တက်နေဆဲဖြစ်မည်ဟု ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်လေ့လာရေးအေဂျင်စီ Fitch က သြဂုတ်လ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝယ်လိုအားနှင့်ကိုက်ညီရန် တရုတ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည်နှစ်အကြား နှစ်စဉ် စင်ကာပူနိုင်ငံအရွယ်အစားဖြစ်သည့် လူနေရန်မြေနေရာ စတုရန်းမီတာ သန်း ၈၀၀ ကို လူနေအဆောက်အအုံများဆောက်လုပ်ပေးရန် လိုအပ်သည်ဟု Fitch က အစီရင်ခံခဲ့သည်။
သို့သော်လည်း ယင်းကာလအတွင်း အိမ်ရာရောင်းလိုအားသည် နှစ်စဉ် စတုရန်းမီတာ သန်း ၇၅၀ သာရှိမည်ဟုလည်း Fitch က ခန့်မှန်းခဲ့သည်။
တရုတ်အိမ်ရာဈေးကွက်သည် အိမ်ရာဝယ်ယူမှုအတွက် အတိုးနှုန်း၊ အရစ်ကျဝယ်ယူမှုအတွက် ပထမအရစ်ပေးသွင်းရသည့်နှုန်း စသည်တို့ကို လျှော့ချသည့် အစိုးရ၏ စီမံချက်များကြောင့် ၂၀၁၅ ခုနှစ် ဒုတိယနှစ်ဝက်မှစတင်ကာ ပြန်လည်နာလန်မထူလာမီ ၁ နှစ်ကျော်အတွင်း အေးစက်ကျဆင်းခဲ့သည်။
သို့တိုင်အောင် ပြန်လည်နာလန်ထူလာမှုသည် မြို့တစ်မြို့နှင့် တစ်မြို့ အခြေအနေမညီမျှပေ။ စီးပွားရေးအင်အားတောင့်တင်းသည့်မြို့များတွင်သာ အိမ်ရာဈေးနှုန်းများ တဟုန်ထိုးမြင့်တက်ခဲ့ပြီး အင်အားနည်းသောမြို့များတွင် ရောင်းမထွက်သေးသည့် အိမ်ခန်းများစွာ ကျန်ရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)